မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, September 5

♪ " LG V 20 တွင် Android 7.0 Nougat အား သုံးစွဲလိမ့်မည်ဟု Google မှ အတည်ပြု " ♫


LG သည် V20 စမတ်ဖုန်း၌ စစချင်းပင် Android 7.0 Nougat ပါဝင်မည်ဟု ဆိုခဲ့ပြီးဖြစ်သည်။ ယခုအခါ ထိုသတင်းကို Google မှ အတည်ပြုပေးခဲ့ကြောင်း ထပ်မံသိရှိရသည်။ Android 7.0 Nougat အတွက် အသစ်ထုတ်လွှင့်ခဲ့သော တရားဝင် page ၌ Google သည် Android 7.0 ဖြင့် ပထမဆုံး စတင်ထွက်ရှိမည့်ဖုန်းမှာ LG V20 ဖြစ်ကြောင်း ဆိုထားခဲ့သည်။

သို့သော် ပြထားသောပုံအရ V20 ကို သေချာစွာမမြင်ရသဖြင့် ပေါက်ကြားခဲ့သောပုံများနှင့် တူမတူ မသေချာခဲ့ပေ။ သို့သော် ထိုသတင်းအရ HTC မှပြုလုပ်မည်ဟု သတင်းထွက်နေသော Nexus ဖုန်းအသစ်နှစ်လုံးမှာ စက်တင်ဘာ ၆ ရက်ထက်စော၍ ထွက်လာရန်မရှိမှန်း သိခဲ့ကြရသည်။ အကြောင်းမှာ ထိုနေ့တွင် LG သည် V20 အား ဆန်ဖရန်စစ္စကိုပွဲ၌ တရားဝင်ပြသသွားမည်ဖြစ်သည်။ V20 သည် Samsung ၏ လက်ရှိထွက်ထားသော Galaxy Note 7 ဖြင့် ထိပ်တိုက်ရင်ဆိုင်ရမည့်ပုံရှိပြီး LG အနေဖြင့် Android version အသစ်ပါဝင်သည့် အားသာချက်အား ရယူခဲ့သည်။ 

သို့သော် Samsung မှလည်း Note 7 အတွက် Nougat update အား ၂ လ ၃ လအတွင်း ရနိုင်မည်ဟု ဆိုထားသည်။ LG V20 သည် စက်တင်ဘာ ၂၃ ရက်တွင် ဈေးကွက်ထဲ စတင်ရောက်ရှိမည်ဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှစကာ ကြိုတင်မှာယူမှုများကို ပြုနိုင်မည်ဖြစ်သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...