မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, September 12

♪ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ Samsung ရဲ့ Android စနစ်သုံး ခေါက်ဖုန်း Galaxy Folder 2 ♫


ခေါက်ဖုန်းတွေကိုမှ သဘောကျသူတွေအတွက် Samsung ရဲ့ Android ခေါက်ဖုန်းအသစ် တရားဝင်ထွက်ရှိလာပါပြီ။ ခေါက်ဖုန်းဆိုတဲ့အတိုင်း နာမည်ကို Galaxy Folder 2 လို့ နာမည်ပေးထားပြီး၊ Android 6.0 Marshmallow စနစ်နဲ့ ဖြစ်ပါတယ်။

Galaxy Folder 2 ဟာ ယမန်နှစ်ကထွက်ရှိသွားတဲ့ Galaxy Folder ဖုန်းရဲ့ နောက်မော်ဒယ် အသစ်ဖြစ်ပြီး၊ လောလောဆည် Samsung ဝက်ဘ်ဆိုဒ်မှာပဲ တင်ထားတာတွေ့ရပြီး၊ ဈေးနှုန်း နဲ့ ရောင်းချမယ့်ရက်တွေလည်း မဖော်ပြထားပါဘူး။

Galaxy Folder 2 ဒီဇိုင်းက အရင်မော်ဒယ်နဲ့ အတူတူပဲဖြစ်ပေမယ့်၊ ကီးပတ်မှာတော့ အနည်းငယ်ပြောင်းလဲမှုလုပ်ထာားကာ၊ ကာလာအနေနဲ့လည်း ငွေသတ္တုအရောင်အသစ် ပါဝင်လာပါတယ်။ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ထားကာ၊ ကျောကင်မရာက LED ဖလက်ရှ်မီးပါ 8-megapixel ဆန်ဆာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကတော့၊ ၃.၈ လက်မအကျယ် (480×800 pixels) WVGA မျက်နှာပြင်၊ 1.4 GHz quad-core Snapdragon 425 ချစ်ပ်နဲ့ RAM 2GB တို့ ပါရှိပြီး၊ ဖုန်းတွင်း storage ကတော့ 16GB ပါဝင်မှာဖြစ်ပါတယ်။ microSD ကတ်ကိုလည်း 128GB အထိ ထပ်စိုက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကင်မရာမှာ ခေါက်ဖုန်းဆိုပေမယ့် စမတ်ဖုန်းနီးပါးကောင်းမွန်တဲ့ f/1.9 8-MP ကျောကင်မရာ၊ 5MP ရှေ့ကင်မရာတို့ ပါဝင်ပြီး၊ ဘက်ထရီက 1950mAh ဘက်ထရီနဲ့ဖြစ်ပါတယ်။ မျက်နှာပြင်သေးတာကြောင့် ဘက်ထရီသုံးစွဲမှုနည်းပြီး၊ ၃၁၈ နာရီအထိ ဖွင့်ထားနိုင်ပါတယ်။ 4G LTE ၊ GPS ၊ Wi-Fi ၊ Bluetooth v4.2 တို့ ပါဝင်ပြီး၊ တရုတ်ပြင်ပဈေးကွက်ကို ဖြန့်ချိမလားဆိုတာတော့ မသိရသေးပါဘူး။

Galaxy Folder ထွက်တုန်းက မြန်မာငွေနှစ်သိန်းဝန်းကျင်ရှိတာကြောင့်၊ ယခုဖုန်းအသစ်ကလည်း အဆိုပါဈေးဝန်းကျင်ပဲ ရှိလောက်ပါတယ်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...