မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Sunday, September 4

♪ SONY ရဲ့ Xperia Series ထိပ်တန်းစမတ်ဖုန်းကြေငြာ ♫


ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာပြုလုပ်နေသည့် IFA ကမ္ဘာ့အီလက်ထရောနစ်ကုန်စည်ပြပွဲကြီးမှာ Sony မှ၎င်းတို့ရဲ့ထိပ်တန်းစမတ်ဖုန်း Xperia XZ ကိုကြေငြာမိတ်ဆက်ပေးခဲ့သည်။ဂျပန်နိုင်ငံအခြေစိုက်အီလက်ထရောနစ်ကုမ္ပဏီကြီး Sony ရဲ့အကောင်းဆုံးလုပ်ဆောင်ချက်ဖြစ်တဲ့ ကင်မရာအပိုင်းကို Xperia XZ မှာပိုမိုထင်ပေါ်လာစေဖို့အထူးအားစိုက်ထားတာကိုလည်းတွေ့ရမည်ဖြစ်သည်။ Sony Xperia XZ သည် 5.2" အရွယ်စမတ်ဖုန်းဖြစ်ပြီး မျက်နှာပြင်အရည်အသွေးမှာ 1080×1920(424 ppi) Full-HD အရည်အသွေးရှိသည်။LCD Display အမျိုးအစားဖြစ်ပြီး၎င်းပေါ်တွင်အကြမ်းခံမာကျောမှုရှိစေရန် Gorilla Glass 4 ဖုံးအုပ်ထားသည်။ 


Display အရည်အသွေးကိုပိုမိုကောင်းမွန်စေရန်နှင့်အလင်းအားထိန်းညှိရန်အတွက် Sony Triluminos နှင့် X-Reality နည်းပညာများထပ်မံပေါင်းစပ်ထားသောကြောင့်အရောင်အသွေးနှင့်တိကျသောအရောင်ခွဲခြားနိုင်မှုကို အမြင့်ဆုံးအနေအထားရောက်အောင်လုပ်ဆောင်ထားသည်ကိုတွေ့ရှိရသည်။ Chipset ကို Qualcomm Snapdragon 820 အသုံးပြုထားပြီး RAM 3 GB ဖြင့်မောင်းနှင်ထားသည်။ 


Memory ကို 32GB နှင့် 64 GB ဟု၍ ၂မျိုးခွဲခြားထုတ်လုပ်ထားပြီး MicroSD Card Slot တွင် 256GBထိ ထပ်တိုးအသုံးပြုနိုင်သည်။ကင်မရာအပိုင်းတွင်ကျောဘက်ပင်မ Camera ကို IMX 300 အမျိုးအစား 23MP တပ်ဆင်ထားပြီး Exmor RS mobile image sensor, Triple Image Sensing technology, Predictive Autofocus စသည့်နည်းပညာများပေါင်းစပ်ထားသည်။ မျက်နှာပြင်ကင်မရာကို 13 MP တပ်ဆင်ထားသည်။ ဘေးဘက်တွင် Fingerprint Scanner တပ်ဆင်ထားသည်။USB C type အားသွင်းစနစ်ကိုအသုံးပြုထားပြီး 2900mAh Battery တပ်ဆင်ထားသည်။ 


 ရေစိမ်ခံစံနှုန်း IP65/IP68 ရရှိထားသောစမတ်ဖုန်းဖြစ်ပြီး Android Marshmallow ဖြင့်စတင်လည်ပတ်ထားမည်ဖြစ်သည်။အရောင်များအနေဖြင့် Forest Blue , Mineral Black , Platinum စသည့်အရောင်များဖြင့် အောက်တိုဘာလတွင်စတင်ရောင်းချမည်ဖြစ်သည်။ Sony Xperia XZ စမတ်ဖုန်း Deisgn အနေဖြင့် Classic ရိုးရှင်းသောပုံသဏ္ဍန်ကိုအခြေခံထားပြီး Edge Rounded အဝိုင်းပုံစံကွေးထားသောမှန်နှင့်body ကြောင့်ပိုမိုဆွဲဆောင်မှုရှိသည်။ဈေးနူန်းများကိုတော့ကြေငြာသွားခြင်း မရှိသေးပဲ 32 GB (Single SIM) 64GB (Dual Sim ) ဟု၍ ၂ မျိုးခွဲခြားထားသည်။


Credit to ==> Phone News Up To Date



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...