မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Sunday, September 4

♪ Update အသစ်မှာ Pokemon တွေ အပြင်ထွက်လမ်းလျှောက်တော့မယ် ♫


Pokemon Go ရဲ့  ထပ်မံထွက်ရှိမယ့် Update အသစ်ကတော့ အရမ်းကို စိတ်လှုပ်ရှားဖွယ်ကောင်းနေပါပြီ ။ ဖမ်းမိထားတဲ့ Pokemon လေးတွေကို movie ထဲကလို အပြင်ထုတ်ပြီးလမ်းလျှောက်ခိုင်းလို့ရတော့မယ် လို့ဆိုပါတယ် ။ တရားဝင်ကြေညာခြင်းမရှိသေးပေမယ့် နောက်တစ်ပတ်ထဲမှာ ထွက်နိုင်မယ်လို့ စောင့်ကြည့်သူတွေက ခန့်မှန်းထားကြပါတယ် ။
.
Buddy System လို့ နာမည်ပေးထားတဲ့ ဒီ Feature အသစ်က တကယ်ကို စိတ်ကျေနပ်စရာကောင်းပါတယ် ။ movie ထဲမှာ Trainer Ash က ဘယ်ကို သွားသွား Pikachu လေးကို ပခုံးပေါ်တင်ပြီးသွားသလိုပါပဲ ။ ဖမ်းမိထားတဲ့ အကောင်တွေထဲက သင်နဲ့ အတူလိုက်ပါ စေလို့တဲ့ Pokemon တစ်ကောင်ကို ရွေးချယ်လိုက်တာနဲ့ အဲ့ Pokemon ဟာ သင် လမ်းလျှောက်ရာနောက်ကို  (Flying Pokemon တွေဆို) လေပေါ်ကပျံပြီ်း (ဒါမှမဟုတ်) ပုခုံးပေါ်နားပြီးလိုက်ပါနေမှာဖြစ်ပြီး  Ground Pokemon တွေဆို ရင်တော့ လမ်းလျှောက်ပြီးလိုက်နေမှာဖြစ်ပါတယ် ။ တစ်ကောင်တည်း ရွေးနိုင်မှာလား ၊ တစ်ကောင်ထပ်ပိုပြီး ထုတ် လို့ရမလားဆိုတာကတော့ မပြောနိုင်သေးပါဘူး ။
.
Player တွေအတွက် ပိုပြီး စိတ်ကျေနပ်စေမယ့် အချက်တစ်ချက်ရှိပါသေးတယ် ။ အဲ့ဒါကတော့ အဲ့လို Pokemon တွေကို အပြင်ထုတ်ပြီးတော့ လမ်းလျှောက်တဲ့အတွက် Candy တွေ ရနိုင်မယ့်အချက် ဖြစ်ပါတယ် ။ တစ်ရက် ကို အများဆုံး (၃) လုံးအထိ ရနိုင်မယ် လို့ ခန့်မှန်း ထားကြပါတယ် ။ ဒါသာအမှန်ဆိုရင်တော့ Pokemon တွေကို Evolve မြန်မြန်လုပ်နိုင်ဖို့ Pokemon Candy တွေ ရရှိဖို့ အခွင့်အရေး တစ်ခုပိုရသွားပြီလို့ ပြောရမှာပါပဲ ။
.
တကယ်တော့ Pokemon Go player တွေဟာ အသစ်ထွက် မယ့် update မှာ Pokemon အချင်းချင်း အလဲအလှယ်လုပ်နိုင်မယ့် Trade System ပါဝင်လာဖို့ မျှော်လင့်နေကြ တာပါ ။ ဒါပေမယ့် ဘယ်သူမှ မျှော်လင့် မထားသေးတဲ့ Buddy System feature သာ တကယ် ပါဝင်လာခဲ့မယ်ဆိုရင်တော့ Pokemon Go player တွေ အံ့သြဝမ်းသာရမှာဖြစ်ပြီ Pokemon Go ကို မဆော့တော့ဘဲ စွန့်လွှတ်လိုက်တဲ့ သူတွေတောင် ပြန်ဆော့ လာ နိုင်ချရှိတယ်လို့ ယူဆရပါတယ် ။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...