မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, September 5

♪ “မျက်နှာပြင်ကျယ်ကျယ်နဲ့စမတ်ဖုန်းနှစ်သက်သူတွေအတွက် Xiaomi Mi Max” ♫


Xiaomi စမတ်ဖုန်းနှစ်သက်သူတွေအတွက် ပြည်တွင်းဈေးကွက်မှာMi Max စမတ်ဖုန်းကို ၀ယ်ယူနိုင်နေပြီပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွင်းမှာ အွန်လိုင်း ရောင်းချမှုအများဆုံးအမှတ်တံဆိပ်အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ Xiaomiဟာ အီလက်ထရောနစ်ပစ္စည်းတွေ စမတ်ဖုန်းတွေရောင်းချခြင်းနှင့်အတူ ယခုနှစ် ပိုင်းအတွင်းမှာသုံးစွဲသူပရိသတ်အခိုင်အမာရရှိနေပြီဖြစ်ပါတယ်။ Mi Max ရဲ့ တည်ဆောက်ထားမှုပုံစံကိုကြည့်လိုက်တဲ့အခါမှာတော့ Mi Note Pro ထက် ပိုမိုကြီးမားတဲ့ ၆.၄၄ လက်မမျက်နှာပြင်အရွယ်အစားကိုပိုင်ဆိုင်ထားပါတယ်။

Mi Max ကတော့ Xiaomiရဲ့ ထုတ်လုပ်ခဲ့သမျှစမတ်ဖုန်းများထဲတွင် မျက်နှာပြင် အရွယ်အစားအကြီးမား ဆုံးဖြစ်ပါတယ်။ Mi Max ရဲ့ အရောင်ပုံစံကတော့ iPhone 6s Plus နှင့်ဆင်တူပြီးနောက်ဘက်ခြမ်း ကိုရွှေရောင်နဲ့ အရှေ့ဘက် မျက်နှာပြင်အဖြူရောင်နှင့် ပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။ အရှေ့ဘက် Display Panel ကိုCorning Gorilla Glass 4 နှင့် ကာကွယ်ပေးထားပြီး မျက်နှာပြင် အတွက် ခြစ်မိပွန်းပဲ့မှာတွေကိုပူစရာမလိုတော့ပါဘူး။ အနောက်ဘက် တွင်တော့ Redmi Note 3 တွင်ပါဝင်ခဲ့သလို Finger Print Sensor ကိုတပ်ဆင်ထားသည်ကိုတွေ့ရမှာပဲဖြစ်ပါ တယ်။ ရှေ့ဘက်အပေါ် ဘောင်တွင်တော့ 3.5mm audio jack နှင့် remote အသုံးပြုနိုင်ရန် IR sensor နှင့် noise cancellation micတို့ပါဝင်တယ်။ ရှေ့ဘက်မျက်နှာပြင် ညာဘက် ခြမ်းတွင် အသံအတိုး/အကျယ် ပြုလုပ်နိုင်သောခလုတ်နှင့် Power အဖွင့်/ အပိတ်ပြုလုပ်နိုင်သောခလုတ် တို့ကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။

ရှေ့ဘယ်ဘက်ခြမ်းတွင်တော့ ဆင်းကတ်ထည့်သွင်းစရာလေးကို တွေ့ရမည် ဖြစ်ပြီးဆင်းကတ် ၂ ကတ်အသုံးပြုနိုင်ပါတယ်။ ဆင်းကတ် ၁ သည် Micro Simဖြစ်ပြီးဆင်းကတ် ၂ ကိုSD Card သော်လည်းကောင်းNano Simသော် လည်းကောင်းတပ်ဆင်အသုံးပြုနိုင်ပါ သည်။ ရှေ့ဘက်ဘောင်ရဲ့ အောက်ဘက် တွင်တော့ Micro USB ပေါက်ကိုတွေ့ရမည်ဖြစ်ပါတယ်။ မျက်နှာပြင်၏ ရှေ့ဘက်တွင် Selfieရိုက်ကူးနိုင်ရန်အတွက် 5MP ကင်မရာနှင့် နောက်ဘက် ခြမ်း တွင်တော့ Finger Sensor နှင့် 16MP ကင်မရာတို့ကိုတပ်ဆင်ထားသည် ကိုတွေ့ရမှာပဲဖြစ်ပါတယ်။Mi Max မှာMi 5 ကဲ့သို့ပင် Full HD Display နှင့် ၆.၄၄ လက်မရှိIPS Display တို့ကိုတပ်ဆင် ထားသည်ကိုတွေ့ရမည်ဖြစ်ပြီး အနောက်ဘက်ခြမ်းကိုတော့ 2.5D ကွေးညွတ်ထားသောမှန်ပြားနှင့် Aluminium unibodyတို့ကိုတပ်ဆင်ထားသည် ကိုတွေ့ရမည်ဖြစ်ပါတယ်။ Mi Max မှာတော့ Mi Note Pro မှာပါဝင်ခဲ့တဲ့ QHD (2K) Display ကိုတပ်ဆင် ထားခြင်းမရှိပါဘူး။ နောက်ထပ်အချက်တစ်ခုကတော့ display ကောင်းဖို့ထက် ဘက်ထရီကြာရှည်ခံစေဖို့ကိုရည်ရွယ်တယ်လို့လည်းယူဆရပါ တယ်။ Mi Note Pro ကိုMi 5 နှင့်တူတူယှဉ်ပြီး ရုပ်ရှင်ကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ပြုလုပ် ကြည့်သည့်အခါတွင် သတိပြုမိသည့်အချက်ကတော့ပိုမိုကြီးမားတဲ့ Display ဟာ မြင်ကွင်းကျယ်ခံစားမှုရသကိုပိုရတာပါ။ Body Dimensions အရဆိုလျှင် 173.1 ×88.3× 7.5mm (6.81×3.48×0.30in) ရှိတဲ့အတွက် ဖုန်းတစ်ခုလုံး ရဲ့ အထူဆုံးနေရာမှာတောင် တစ်လက်မရဲ့ ၁၀ပုံ/ ၃ပုံသာ အထူရှိပါတယ်။ အလေးချိန် 203 g (7.16 0z) သာရှိသည့် အတွက် ပေါ့ပေါ့ပါးပါးလွယ်ကူ စေမှာပါ။

ကင်မရာအပိုင်းကိုပြောရမယ်ဆိုရင် Mi Max မှာတော့ Redmi Note 3 Pro မှာပါဝင်တဲ့ 16MP Camera ကိုအသုံးပြု ထားပြီးပုံထွက်ကောင်းမွန်စွာ ရိုက်ကူး နိုင်မှာပဲဖြစ်ပါတယ်။ အလင်းရောင်ကောင်းတဲ့ အချိန်တွေမှာ ကြည်လင် တောက်ပတဲ့ ပုံထွက်နေသကဲ့သို့ အလင်းရောင်အားနည်းနေတဲ့ ညနေခင်း လိုအချိန်မျိုးမှာတောင်မှ ကောင်းမွန်တဲ့ပုံရိပ်တွေ ဖမ်းယူနိုင်မှာဖြစ်ပါ တယ်။ 16MP ကင်မရာမှာတော့ အရည်အသွေးမြင့် high definition sensor ကို တပ်ဆင်ထားပြီး၊ DSLR Camera တွေမှာပါဝင်တဲ့ PDAF (Phase Detection AutoFocus) လည်း ပါဝင်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကတော့ Fingerprint Scanner ကိုအသုံးပြု၍လည်း ရိုက်ကူးနိုင် စေမှာပါ။ Battery Life (ဘက်ထရီသက်တမ်း) ကတော့ Mi Max ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်တွေထဲမှ တစ်ခုဖြစ်တဲ့ 4850 mAh Lithium-Ion Battery ပါဝင်လာမှုကတော့ အတော်လေးထူးခြားကောင်းမွန် ပါတယ်။ Screen မျက်နှာပြင်ကြီးမားလို့ ဘက်ထရီကြာရှည်မခံမှာစိတ်ပူစရာ မလိုပါဘူး။ နောက်ပြီးတော့ Qualcommရဲ့ Quick Charging 3.0 နည်းပညာ လည်း ပါဝင်လာတဲ့အတွက် အချိန် ၃၆ မိနစ်အတွင်း ၈၀% ခန့်ပြန်လည် အားသွင်းယူနိုင်မှာပဲဖြစ်ပါတယ်။

Mi 5ထွက်ပြီးလပိုင်းအနည်းငယ်မျှသာခြားပြီးနောက် Mi Max ဟာ ထွက်ပေါ် လာခဲ့ပါတယ်။ ဒါဟာဆိုရင်တော့ လက်ရှိရှိပြီးသားMi Note ထက် ပိုပြီးတော့ Screen ကြီးကြီးနှင့်ဖုန်းကိုအသုံးပြုလိုသူများအတွက် အဆင်ပြေနိုင်စေမှာပါ။ Mi Max မှာအသုံးပြုထားတဲ့ Chip Set ဖြစ်တဲ့ Snapdragon 650 ဆိုတာက တော့ လက်ရှိလူကြိုက်များရေပန်းစားနေတဲ့ Redmi Note 3 မှာအသုံးပြု ထားတဲ့ Chipset ပါ။ ဒီလိုProcessor ကိုGraphic processor ဖြစ်တဲ့ Adreno 510, LPDDR3 RAM 3GB နှင့်ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကောင်းမွန်တဲ့ Graphic နှင့် Multitasking မှာပါ အဆင်ပြေချောမွေ့စွာဖြင့် လုပ်ဆောင်နိုင် တာကိုတွေ့ရပါတယ်။ သိုလှောင်မှုပိုင်းနဲ့ ပတ်သက်ရင်တော့ Mi Max မှာတော့ 32GB ဖြစ်ပါတယ်။

ကွန်ရက်ချိတ်ဆက်မှုအနေဖြင့် 4Gကွန်ရက်အသုံးပြုနိုင်မှု ပါဝင်ပြီးDual, LTE, Dual Standby ဖြစ်တဲ့အတွက် Sim Slot မှ 4G Data အသုံးပြုမှုကိုလွတ်လပ်စွာရွေးချယ်နိုင်ပါတယ်။ Sim 1 တွင် 4G အသုံးပြု နေစဉ်အတွင်းSim 2 အားGSM ကွန်ရက်သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကြိုးမဲ့ကွန်ရက် WiFiချိတ်ဆက်မှုအနေဖြင့် Wi-Fi a/b/g/n/ac စတဲ့ Standard Wifiများကိုလွယ်ကူ လျင်မြန်စွာအသုံးပြု နိုင်မှာဖြစ်ပြီးWi-Fi Direct ချိတ်ဆက် မှုလည်း ပြုလုပ်နိုင် မှာဖြစ်တယ်လို့သိရပါသည်။ Mi Max မှာ ပါဝင်လာတဲ့ Speaker ဟာဆိုရင်ဖြင့် အတော်လေးကိုထူးခြားကောင်းမွန်ပါတယ်။ Mi 5 နှင့် နှိုင်းယှဉ်လျှင်တောင်မှ အနည်းငယ် အသာစီးရနိုင်တယ်လို့ဆိုပါတယ်။ Mi Max မှာတော့ Video Format တွေဖြစ်တဲ့ MKV, MP4, MP4V, AVI, XVID နှင့် အခြား Format တော်တော်များများကိုSupport လုပ်ပေးထားတာကို တွေ့ရ မှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...