မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, October 18

♪ အပါးလွှာဆုံးလက်တော့ပ်ဖြစ်သည့် Acer Swift 7 ကို အမေရိကန်တွင် စတင်ရောင်းချ ♫


ယခုနှစ် IFA ကွန်ဖရင့်စ်တွင် ပွဲထုတ်ပြသခဲ့သော အထူ ၁ စင်တီမီတာခန့်သာရှိသည့် Acer Swift 7 လက်တော့ပ်ကို ယခုအခါ အမေရိကန်တွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ ကုမ္ပဏီ၏ တရားဝင် US စတိုးတွင် Swift 7 ကို ၁,၀၉၉ ဒေါ်လာဖြင့် ရောင်းချလျက်ရှိသည်။

Swift 7 ၏ အထူသည် ၉.၉ မီလီမီတာသာရှိပြီး အထူ ၁၀.၄ မီလီမီတာရှိသော HP Spectre 13.3 နှင့် ၁၀.၁၆ မီလီမီတာရှိသော Dell Adamo တို့ထက် ပိုမိုပါးလွှာသည်။ အလေးချိန်က ၂.၄၈ ပေါင်ဖြစ်ပြီး အလူမီနီယံကိုယ်ထည်ဖြင့် ဖန်တီးသည်။ ၎င်းတွင် ၁၃.၃ လက်မ 1080p display ကို အသုံးပြုထားပြီး IPS နည်းပညာကြောင့် မြင်ကွင်းကျယ်ရှုထောင့်များနှင့် ကြည်လင်ပြတ်သားသည့် အရောင်များဖြင့် အသုံးပြုနိုင် သည်။ အကြမ်းခံနိုင်ရန်အတွက် Gorilla Glass ကို အသုံးပြုထားပြီး Acer ၏ BluelightShield နည်းပညာက လည်း သုံးစွဲသူ၏ မျက်စိထိခိုက်မှုကို လျှော့ချပေးမည်ဖြစ်သည်။

Swift 7 ကို Intel Core i5-7Y54 processor, 256GB SSD, 8GB RAM, 802.11ac Wi-Fi နှင့်အတူ USB C port များနှင့် dual Dolby Audio စပီကာများဖြင့် အသုံးပြုနိုင်သည်။


Credit to ==> Internet Journal
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...