မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, October 14

♪ နည်းပညာလောက ရဲ့ သမိုင်းစာမျက်နှာအစကို ပြန်လှန်ကြည့်ခြင်း ♫


Information Tecnology ဆိုတဲ့ IT ခေတ်ကြီးထဲမှာ ကျွန်တော်တို့ လူသားတွေရဲ့ နေ့စဉ်ဘဝတွေကို စမတ်ဖုန်းတွေ ၊ ကွန်ပျူတာတွေ မရှိဘဲ ကုန်လွန်ဖြတ်သန်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ရပ်လိုဖြစ်နေပါပြီ။ တိုးတက်လာတဲ့ အခုခေတ် နည်းပညာလောကကြီးကိုမရောက်ခင် အဆင့်ဆင့်ဖြတ်သန်းလာခဲ့ရတဲ့ နည်းပညာလောကသမိုင်းတစ်လျှောက်မှာ ဒီနေ့ခေတ်အမြင်နဲ့ကြည့်မယ်ဆို ရယ်စရာလို့တွေးထင်ရလောက် တဲ့စတင်ခဲ့မှုတွေ ၊ လွဲချော်ခဲ့မှုတွေ မျိုးစုံရှိခဲ့ပြီး အဲဒါတွေကနေ သင်ခန်းစာယူကာ ကြိုးစားခဲ့ကြလို့ အောင်မြင်မှုတွေရရှိခဲ့ကြတာဖြစ်ပါတယ်။ 

နည်းပညာတွေဘယ်လိုဘယ်ပုံ တိုးတက်လာတယ် ဆိုတာ မလေ့လာခင်မှာ နည်းပညာတွေ ဘယ်ကနေစခဲ့သလဲ ဆိုတာကိုအရင်သိထားသင့်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ နည်းပညာလောကကြီးတစ်ခုလုံးရဲ့ သမိုင်းစာမျက်နှာအစကို ပြန်လှန်ကြည့်လိုက်ရအောင် . . . ။

Techonology ဆိုတဲ့ စကားလုံး

 t
Techonology ဆိုတဲ့စကားလုံးဟာ ဂရိစကားလုံးနှစ်လုံးရဲ့ ပေါင်းစပ်မှုကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဂရိလို ဖန်တီးမှုစွမ်းရည်လို့ အဓိပ္ပါယ်ရတဲ့ “Techne” နဲ့ စကား၊စကားလုံး လို့အဓိပ္ပါယ်ရတဲ့ “logos” တို့ကိုပေါင်းစပ်ပြီး “Techonology” ရယ်လို့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ပထမဦးသော နည်းပညာ ဖန်တီးမှု

xb93Abacus လို့ အမည်ရတဲ့ ကမ္ဘာ့ပထမဦးဆုံး ဂဏန်းတွက်စက်ကို ဘီစီ (၂၄၀၀) တုန်းက ဘေဘီလိုနီးယား မှာ တီထွင်ခဲ့တာဖြစ်ပါတယ်။ ၄င်းက သမိုင်းမှာ ပထမဦးသော နည်းပညာ ဖန်တီးမှုတစ်ခုဖြစ်ခဲ့ပါတယ်။

Bluetooth သမိုင်း

origin-of-blue
Wireless နည်းပညာတစ်ခုဖြစ်တဲ့ Bluetooth (အပြာရောင်သွား) ဆိုတဲ့နာမည်ဟာ Harald Blaatand လို့ခေါ်တဲ့ (၁၀) ဆက်မြောက် စကင်ဒီနေဗီးယား(ဒိန်းမတ်) ဘုရင်ကို ကိုယ်စားပြုပြီး တာဖြစ်ပါတယ်။ Blueberry သီးအလွန်ကြိုက် တဲ့ဘုရင်ဆိုပြီး လူသိများထင်ရှားတဲ့ ဒီဘုရင်ဟာ Blueberry သီးတွေကို အချိန်တိုင်းလိုလိုစားနေတဲ့အတွက် သူ့ရဲ့သွားတွေဟာ အပြာရောင်သန်းနေပါတယ်။ အဲဒါကြောင့်သူ့ကို နာမည်ပြောင်အနေနဲ့ “Bluetooth” လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ သူ့ကို ကိုယ်စားပြုတဲ့အနေနဲ့ Bluetooth ရဲ့ Logo မှာ  Harald Blaatand ဆိုတဲ့နာမည်ရဲ့အရှေ့စလုံးတွေဖြစ်တဲ့ H နဲ့ B ကိုပေါင်းစပ်ပြီး စကင်ဒီနေဗီးယမ်း တို့ရဲ့ နော်ဒစ် စာလုံးနဲ့ ဒီဇိုင်းဆင်ထားတာဖြစ်ပါတယ်။

ဂိုထောင် တစ်လုံးမှသည် . . .

garage1
(၁၉၃၉) ခုနှစ် ၊ California ရဲ့မြို့တော်ဖြစ်တဲ့ Palo Alto မြို့တွင်းက ဂိုထောင်တစ်ခုမှာ နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ HP (Hewlett Packard) ကိုစတင်ခဲ့ပါတယ်။ HP နည်းတူ Google , Apple နဲ့ Microsoft တို့လည်း ဂိုထောင် တစ်လုံးကနေစခဲ့တာဖြစ်ပါတယ် ။

ပထမဦးဆုံး Hard Drive

a-brief-history-of-backup-and-storage-6-728(၁၉၅၆) ခုနှစ်မှာ IBM ကုမ္ပဏီက IBM Model 350 Disk File လို့ခေါ်တဲ့ ကမ္ဘာ့ပထမဦးဆုံး Hard drive ကို ဖန်တီးခဲ့ပါတယ်။ ပထမဦးဆုံးမျိုးဆက်ဖြစ်တဲ့ ၄င်းရဲ့ အရွယ်အစားဟာ အဝတ်ဘီဒိုတစ်လုံးစာရှိပြီး data storage 5MB သာသိမ်းဆည်းနိုင်ပါတယ်။

ပထမဦးဆုံး Computer Mouse

91174_900

ကမ္ဘာ့ပထမဦးဆုံး Computer Mouse ကို (၁၉၆၄) ခုနှစ်မှာ Doug Engelbart ဆိုသူကတီထွင်ခဲ့တာဖြစ်ပြီး သစ်သားကိုယ်ထည်ထဲမှာ သတ္ထုဘီး နှစ်ခုထည့်သွင်းပြီး ဖန်တီးတည်ဆောက်ထားတာဖြစ်ပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...