မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, October 18

♪ ရုရှားကို အဓိကဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်သွားရန် CIA ပြင်ဆင်နေ ♫


အိုဘားမားဦးဆောင်တဲ့ အစိုးရအနေနဲ့ ရုရှားနိုင်ငံကို အဓိကဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ် ဆင်နွဲပြုလုပ်သွားဖို့အတွက် ပြင်ဆင်နေတယ်လို့ NBC ရဲ့ သတင်းအရ သိရပါတယ်။ NBC ရဲ့ သောကြာနေ့သတင်းတစ်ရပ်အရ CIA အနေနဲ့ သမ္မတ ဗလာဒီမာပူတင်အပါအဝင် ရုရှားနိုင်ငံရဲ့ အကြီးအကဲဖြစ်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မယ့် အော်ပရေးရှင်းတစ်ရပ် ပြုလုပ်ဖို့အတွက် စီစဉ်နေတယ်လို့ ဖော်ပြခဲ့တာပါ။

သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ အေဂျင်စီအနေနဲ့ ပူတင်အပါအဝင် တခြားအကြီးအကဲတွေရဲ့ အချက်အလက်တွေကို ရယူလိုနေတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက အမျိုးသားထောက်လှမ်းရေးရဲ့ ဒါရိုက်တာဖြစ်သူ James R. Clapper ကလည်း ဒီအစီအစဉ်အကြောင်းကို ဖော်ပြချက်တစ်ရပ်မှာ အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။ NBC ကို ထောက်လှမ်းရေးအရာရှိဟောင်းနှစ်ဦးက “အိမ်ဖြူတော်က CIA ကို ဆိုက်ဘာတိုက်ခိုက်မှုတွေအပါအဝင် ရုရှားကိုတိုက်ခိုက်တဲ့ အစီအစဉ်ပြုလုပ်ဖို့အတွက် ကာလရှည်မေးခဲ့ဖူးပါတယ်” လို့ ဖြေကြားခဲ့တာပါ။


Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...