မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, October 13

၎.၇ လက်မ FullHD display နှင့် Snapdragon 617 ပါဝင်သည့် Sharp Aquos Xx3 mini စမတ်ဖုန်း


 
Sharp သည် Aquos Xx3 mini စမတ်ဖုန်းကို ဂျပန်နိုင်ငံတွင် မိတ်ဆက်ကြေညာခဲ့သည်။
အဆိုပါ စမတ်ဖုန်းတွင် ၄.၇ လက်မ FullHD IGZO display ကို အသုံးပြုထားပြီး pixel သိပ်သည်းဆက 469ppi ဖြစ်သည်။ Snapdragon 617 chipset ကို အသုံးပြုထားပြီး octa-core CPU နှင့် 3GB RAM ဖြင့် အသုံးပြုနိုင်သည်။ သိုလှောင်မှုပမာဏက 16GB ဖြစ်ပြီး microSD slot ပါဝင်သောကြောင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်သည်။ ပင်မကင်မရာက 21MP ဖြစ်ပြီး f/1.9 aperture lens ဖြင့် ရိုက်ကူးနိုင်သည်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။

VoLTE, 4G LTE တို့ဖြင့် အသုံးပြုနိုင်သလို dual-band Wi-Fi a/b/g/n/ac, Bluetooth 4.2 နှင့် NFC တို့ကို ထောက်ပံ့ပေးထားသည်။ အရွယ်အစားက ၁၃၅ x ၆၇ x ၈.၆ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၃၅ ဂရမ်ဖြစ်ကာ ဘက်ထရီက 2,400mAh ဖြစ်သည်။

Android 7.0 Nougat ဖြင့် အသုံးပြုနိုင်မည့် Xx3 mini ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ရောင်းချမည်ဖြစ်သည်။

-နောင်နောင်
Ref: GSMArena
Credit Internetjournal

သီဟထိုက်(ဆွေသဟာ)





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...