မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, October 20

♪ Honor 6x ဖုန်းအတွက် Pre Order တွေကို စတင်မှာယူခွင့်ပေးလိုက်တဲ့ Huawei ♫


Huawei ဟာ Honor 8 ဖုန်းကို အမေရိကန်ပြည်ထောင်စုမှာ စတင်ရောင်းချခဲ့ပြီးနောက် တရုတ်နိုင်ငံမှာ လာမယ့် အောက်တိုဘာလ ၂၅ရက်နေ့က စတင်ပြီး Pre Order အနေနဲ့ စတင်မှာယူနိုင်အောင် ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တခြားအာရှ၊ ဥရောပနဲ့ မြောက်အမေရိကဒေသတွေ ကို ဖြန့်ချိမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ပါဝင်နိုင်ခြေရှိတဲ့ အချက်အလက်တွေကတော့ ယခင် 5X မျိုးဆက်လိုပဲ Snapdragon 616 octo-core Kirin 655 processor ပါဝင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ အနိမ့်ဆုံးအနေနဲ့ 3GB RAM နဲ့ 32 GB Storage ကို ဒေါ်လာ ၁၅၀ ရှိမှာဖြစ်ပြီး 4 GB RAM အတွက်ကတော့ ဒေါ်လာ ၁၉၀ရှိမှာပါ။ ဈေးအများဆုံးအမျိုးအစားအနေနဲ့ကတော့ 64 GB ဗားရှင်းဖြစ်ပြီး ဒေါ်လာ ၂၄၀ ရှိမှာပါ။

honor-6x-1-jp

6X ဟာ နောက်ကျောကင်မရာ နှစ်လုံး (12MP နှင့် ဒုတိယကို 2MP Depth) ပါဝင်မယ့် ပုံစံဖြစ်ပြီး ရှေ့မျက်နှာကင်မရာကတော့ 8 MP ရှိမှာပါ။ ယခင်ဖုန်းလိုပဲ dual-SIM ကိုထောက်ပံ့နိုင်မှာ ဖြစ်ပြီး microSD ကဒ်စိုက်လို့ရမှာ ဖြစ်ပါတယ်။ OS ကိုတော့ Android 6.0 Marshmallow ကိုအသုံးပြုထားပြီး Huawei ရဲ့ EMUI 4.1 ကို ထည့်သွင်းထားတာပါ။

6X ဖုန်းဟာ Honor ဖုန်းတွေထဲမှာ အဆင့်မြှင့်ဖုန်းဖြစ်တဲ့ ဒေါ်လာ ၄၀၀တန် Honor 8 လောက်တော့ ကောင်းမွန်မှုမရှိပေမယ့် ဈေးနှုန်းအလယ်အလတ်တန်းနဲ့ အနိမ့်တန်းတွေထဲမှာတော့ ပါဝင်တဲ့လုပ်ဆောင်ချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အတော်သင့်လျော်တယ်လို့ ဆိုနိုင်ပါတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...