မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, October 13

iOS 10 ၏ စကာလုံးခန့်မှန်း ဖော်ပြမှုစနစ်ကို Enable/Disable ပြုလုပ်ခြင်း

ဖုန်းကနေ text မက်ဆေ့ခ်ျစနစ် အသုံးပြုတဲ့အခါမှာ မြန်ဆန်မှု ရှိစေရန်အတွက် ကိုယ်ရိုက်ကူးတဲ့ စကားလုံးတွေကို ဖုန်းကနေ ခန့်မှန်းဖော်ပြ ပေးမှာဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ ကိုယ်ရိုက်ချင်တဲ့  စကားလုံး မဟုတ်ဘဲ တခြားစကားလုံးတွေကို မက်ဆေ့ခ်ျမှာ အလိုအလျောက် ဖော်ပြလိုက်တဲ့အတွက် ပြန်ဖျက်ရတာ ဒါမှမဟုတ် ပြန်လည်ပြင်ဆင် ရိုက်ရတာက စိတ်အနှောင့်ယှက် ဖြစ်စေပါတယ်။
iOS 10 ကီးဘုတ်စနစ်မှာ ဒီစနစ်ကို ပြောင်းလဲလိုက်တဲ့အတွက် သုံးစွဲသူအချို့က မကြိုက်ကြပါဘူး။ အခုစာဖတ် သူတွေအနေနဲ့ ဒီစနစ်ကို သဘောမကျဘူး ဆိုရင်တော့ အလွယ်တကူ Enable/Disable ပြုလုပ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက် ပါတယ်။
အရင်ဆုံး ဖုန်းထဲက Settings app ကို ဖွင့်လိုက်ပါ။
Settings စနစ်ထဲ ရောက်သွားရင်တော့ General ဆိုတဲ့စာသား ကိုနှိပ်ပါ။

  

General စနစ်ကို ရောက်သွားမှာဖြစ်ပြီး အဲဒီထဲကမှ Keyboard ဆိုတဲ့ စာသားကိုရှာကာ ထပ်နှိပ်ပေးရပါမယ်။



Keyboard စနစ်ပေါ်လာမှာဖြစ်ပြီး Predictive ဆိုတဲ့စာလုံး ကိုရှာ၍ နှိပ်ပါ။



Predictive ဆိုတဲ့စကားလုံး ဘေးနားက ခလုတ်လေးက စိမ်း နေရင်တော့ ဒီစနစ် Enable ဖြစ်နေတာဖြစ်ပြီး ပိတ်ချင်ရင်တော့ ခလုတ်အစိမ်းလေးကို နှိပ်ကာ Disable လုပ်ပိတ်နိုင်မှာ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ ကီးဘုတ်ရဲ့ Shortcut စနစ်ထဲကနေ အလွယ်တကူ ပိတ်တာကို ဆက်လက်ဖော်ပြ ပေးမှာဖြစ်ပါတယ်။ ဒီစနစ်ကို Shortcut စနစ်ကနေ အဖွင့်အပိတ် ပြုလုပ်ဖို့အတွက် ဖုန်းရဲ့ Keyboard ထဲမှာပါတဲ့ ကမ္ဘာလုံးပုံ (Glob) icon ကိုရှာပါ။ ပြီးရင်တော့ ကမ္ဘာလုံးပုံ icon ကို စက္ကန့်အနည်းငယ် ဖိထားပေးပါ။



အဲလိုဖိထား လိုက်မယ်ဆိုရင်တော့ အောက်ဖော်ပြပါ ပုံထဲက အတိုင်း Box တစ်ခုပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီ Box ရဲ့ အပေါ်ဆုံးမှာ စကားလုံးခန့်မှန်း ဖော်ပြတဲ့ Predictive စနစ်ကို အလွယ်တကူ ပိတ်နိုင်ဖွင့်နိုင်ဖို့အတွက် ခလုတ်လေးကို တွေ့ရမှာဖြစ်ပါတယ်။

စကားလုံးတွေကို ခန့်မှန်းဖော်ပြတဲ့ စနစ်က ဆိုရှယ် chat နဲ့ messaging (မက်ဆေ့ခ်ျ) app တွေဖြစ်တဲ့ whatsApp, Facebook, Line, Instagram, Mail app စတာတွေ အားလုံးကိုပါ ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် Mail app ရဲ့ mail address အသုံးပြုမှု အပိုင်းမှာတော့ အလိုအလျောက် ပေါ်တဲ့အခါ ပေါ်မှာဖြစ်ပြီး ပေါ်ပြီးရင်တော့ အလိုအလျောက် ပြန်ပြီးပျောက်သွားမှာ ဖြစ်ပါတယ်။
နောက်ပြီး iOS 10 မှာ ခန့်မှန်းဖော်ပြတဲ့ Emoji စနစ်က ယခင်ကထက် ပိုမိုကောင်းမွန်လာပါပြီ။ ကိုယ်ရိုက်ချင်တဲ့ စကားလုံးရဲ့ Emoji တွေကို စကားရိုက်တာနဲ့ အလိုအလျောက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်အနေနဲ့ ခန့်မှန်းဖော်ပြမှု Predictive text စနစ်ကို ပိတ်လိုက်မယ် ဆိုရင်တော့ Emoji စနစ်လည်း အလိုလိုပိတ်သွားမှာ ဖြစ်ပါတယ်။

 
 






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...