ဒီတခါမှာတော့ Acer Aspire F5-573G ကိုမှ ပိုမို မြင့်မားသော CPU ဖြင့် Acer Aspire F5-573G i7 ကိုမိတ်ဆက်ပေးပါရစေ။ CPU i3 လောက်သုံးရတာတောင်မှ အားမရသော user များအတွက် i7 လေးကပိုမိုကောင်းမွန်အောင် ဆောက်ရွက်ပေးဖို့ အတွက်ရောက်ရှိလာပါပြီ။ Intel ရဲ့  Core i7 CPU ကိုအသုံးပြုထားတဲ့ F5 ဟာ 6100U Processor ကိုတပ်ဆင်ထားပါတယ်။CPU ရဲ့ လုပ်ဆောင်မှုကလည်း (3MB L3 Cache နှင့် 2.3GHz) ဖြင့်လုပ်ဆောင်ပါတယ်။

ပြောင်းလဲသွားတဲ့ Graphic ပိုင်းမှာတော့ NVIDIA Geforce 940 MX Series ကိုအသုံးပြုထားပြီး 2GB DDR5 VRAM တို့ ကိုအသုံးပြုထားတော့ Graphic အမြင့်ပိုင်း Game ကစားချင်ရင်ပဲဖြစ်ဖြစ်၊2D,3D Design ဆွဲချင်ရင်ပဲဖြစ်ဖြစ် အကောင်းဆုံးသော Performance တွေကိုစွမ်းဆောင်ရည်မြင့်မြင့် လုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်။လျင်မြန်သွက်လက်မှုအပိုင်းမှာတော့ 4GB DDR4 Memory နှင့် Hardisk က 500GB ဆိုတော့ Data များကိုစိတ်ကြိုက်သိုလှောင်သိမ်းဆည်းနိုင်မှာပဲဖြစ်ပါတယ်။မြင်မြင်ချင်းမှာပင် သဘောကျလောက်ဖွယ်ရှိတဲ့အချက်တခုကအရွယ်အစားကြီးမားပြီး Screen size အားဖြင့် 15.6” ရှိပါတယ်။

HD video များကိုကောင်းစွာကြည့်ရှုနိုင်ပြီး Acer Comfyview LCD ဖြင့်ဆင်ယင်ထားပါသေးတယ်။ Webcam အနေနှင့်လည်းထူးခြားစွာပါရှိတာကနဂို Acer Crystal Eye HD တွေထက်ပိုပြီး HDR ဆိုတဲ့ High Dynamic Range ကိုလည်း Support လုပ်ပေးပါသေးတယ်။အဲဒီတော့ Online ပေါ်တွင် Chat တဲ့အခါ အပြန်အလှန် စိတ်ချမ်းမြေ့စွာ မြင်တွေ့ နိုင်ပါတယ်။

Drive ဘက်မှာလည်း Original Blu-Ray Disc များကိုပါဖတ်နိုင်တဲ့ Super Multi DL Drive ကိုအသုံးပြုထားပါတယ်။နောက်ထပ်ထူးခြားချက်အနေနဲ့ Acer ရဲ့  True Harmony High-Performance ဆိုတဲ့ Sound System ကြောင့်တည်ငြိမ်တဲ့တေးသံတွေကိုနားထောင်ရာမှာသာယာငြိမ့်ညောင်းမှု ကိုပေးစွမ်းပြီး၊ မြူးကြွသောတေးသံတွေကိုနားဆင်ရာမှာလည်း လုံးဝအသက်ဝင်တဲ့တင်ဆင်မှုကိုခံစားနိုင် မှာဖြစ်ပါတယ်။WLAN 802.11 ac နှင့် Blutooth 4.1 တို့ ကလည်း Notebook ၏ Wireless network အဖြစ် လျင်မြန်သောအမြန်နှုန်းဖြင့် လုပ်ဆောင်ပေးပါလိမ့်မည်။

File Transferingအတွက်အလွန်လျင်မြန်သော နှုန်းဖြင့်လုပ်ဆောင်ပေးပါမည်။ ထို့ အပြင် HDMI,GbLAN, Card Reader စတဲ့ Port များကအစပါတဲ့အတွက် အလွန်စုံလင်သော Notebook တလုံးအဖြစ်မြင်တွေ့ရ ပါမည်။ Battery အားဖြင့် 4cells Li-ion Battery ဆိုတော့အချိန်ခဏလေးနဲ့  အားကုန်မှာကိုတော့ စိုးရိမ်စရာမလိုတော့ပါဘူး။ထိုသို့ သောအားသာချက်များနှင့်ပြည့်စုံသော Notebook တလုံးကိုပိုင်ဆိုင် ချင်တယ်ဆိုရင်တော့ ရွှေလမင်းနဂါးကုမ္ပဏီသို့ ဆက်သွယ်မှာယူနိုင်ပါတယ်။

PH no.01-230 1797,01-230 1798, 01-221683
Price-USD 600