မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, October 11

♪ " Meizu MX6 " Price : 339,000/- ♫


Meizu MX6 မှာ တခြားဖုန်းတွေနဲ့ အနည်းငယ်ကွဲပြားတဲ့ တည်ဆောက်ပုံတွေကိုတွေ့ရပြီး ၎င်းတရုတ်ကုမ္ပဏီက ဒီဇိုင်းလှပတဲ့ဖုန်းတွေကို ဦးစားပေးထုတ်လုပ်ပေးလေ့ရှိတာကြောင့် ဒီဖုန်းဟာ အလွန်ကြည့်ကောင်းတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်ပါတယ်။ Meizu MX6 ဟာ အသစ်စက်စက် ထုတ်လုပ်ပေးထားတဲ့ flagship ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး SIM card 2 card ကိုလည်း တစ်ပြိုင်နက်တည်း ထည့်သုံးစွဲနိုင်ပါတယ်။

ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ပေးထားပြီး အထူက 7.25 mm ပဲရှိတဲ့အတွက် အလွန်ပါးလွှာမှုရှိပါတယ်။ မျက်နှာပြင်က ကြည်လင်ပြတ်သားတဲ့ full HD မြင်ကွင်းတွေကို ပြသပေးနိုင်ပြီး ဗီဒီယိုပဲကြည့်ကြည့် ဂိမ်းကစားတာပဲဖြစ်ဖြစ် အားလုံးကို စိတ်တိုင်းကျလုပ်ဆောင်နိုင်ပါတယ်။ Non-removable Li-Ion 3060 mAh ဘက်ထရီကလည်း လုံလောက်တဲ့ဘက်ထရီစွမ်းအားကို ပေးစွမ်းနိုင်ပါတယ်။

* Design & Build *
အလွန်ရိုးရှင်းပြီး လှပတဲ့ဒီဇိုင်းပုံစံရှိတဲ့ ဒီအဆင့်မြင့် စမတ်ဖုန်းကို Silver, Champagn Gold နဲ့ Rose Gold ဆိုတဲ့ လိုက်ဖက်ညီတဲ့ အရောင် ၃ မျိုးကို ထုတ်လုပ်ပေးထားပါတယ်။ တခြားဖုန်းအများစုလို ကင်မရာကို ဘေးဘက်မှာတပ်ဆင်ထားတာမဟုတ်ဘဲ နောက်ကျောအလယ်ဘက်မှာ တည်ရှိတာကြောင့် ဓာတ်ပုံရိုက်တဲ့အခါမှာ ကင်မရာပေါက်ကို လက်နဲ့မတော်တဆကွယ်မိတဲ့ ပြဿနာတွေ မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင် back button နဲ့ recent apps button တွေလည်း မပါရှိတာကြောင့် ဖုန်းမျက်နှာပြင်က အလွန်ရှင်းလင်းမှုရှိပါတယ်။

Home button က fingerprint scanner တစ်ခုလို လုပ်ဆောင်ပေးနိုင်ပြီး ၎င်း button ကို တစ်ချက်လောက် တို့ထိလိုက်တာနဲ့ back button အဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ တခြားဖုန်းတွေကို ခလုတ်ကို ဖိနှိပ်နေစရာမလိုတော့ပါဘူး။ ဖုန်းကအလွန်ပါးလွှာမှုရှိပြီး 155g အလေးချိန်နဲ့ 153.6× 75.2×7.25mm ရှိတဲ့အရွယ်အစားကြောင့် ကိုင်တွယ်အသုံးပြုလို့ အလွန်အဆင်ပြေတဲ့ ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။


* Display *
5.5-inch အကျယ်ရှိတဲ့ မျက်နှာပြင်ကို Capacitive touchscreen နဲ့ ပြုလုပ်ပေးထားပြီး 1080×1920 pixels ပမာဏရှိတဲ့ မြင်ကွင်းတွေကိုပေးစွမ်းနိုင်ပါတယ်။ ၁ လက်မအတိုင်းအတာနဲ့ဆိုရင်တော့ ~403 ppi pixels ပမာဏသိပ်သည်းဆကို ရရှိနိုင်မှာပါ။ ဒါ့အပြင် မျက်နှာပြင်ပေါ်ကို လက်ချောင်း ၅ချောင်းအထိ တစ်ပြိုင်နက်တည်း ထိန်းချုပ်မှုတွေပြုလုပ်နိုင်ပါတယ်။

* Operating System and Camera *
၎င်းမှာ Android OS, v6.0(Marshmallow) ရဲ့ အမြင့်ဆုံး Flyme 5.2 inter-face ကို run ပေးထားပါတယ်။ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကိုရိုက်ဖို့ 12MP resolution ရှိတဲ့ အနောက်ကင်မရာနဲ့ Selfie ဓာတ်ပုံတွေ ရိုက်နိုင်မယ့် 5MP ရှိတဲ့ အရှေ့ကင်မရာပါရှိပြီး အနောက်ကင်မရာက 30fps မှာ 2160p အရည်အသွေးရှိ ဗီဒီယိုတွေကိုလည်း ရိုက်ကူးပေးနိုင်မှာပါ။

* Performance *
ထည့်သွင်းပေးထားတဲ့ 2.3GHz MediaTek Helio X20 MT6797 processor ကြောင့် ၎င်းဖုန်းဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ Graphics card အနေနဲ့လည်း Mali-T880 MP4 ကို ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် HD ဂိမ်းကြီးတွေ့ကို အဆင်ပြေပြေကိုကစားနိုင်ပေမယ့် Internal memory အပြင် SD card ကို ထပ်မံစိုက်ထည့်လို့မရတာကြောင့် data သိမ်းဆည်းတဲ့အပိုင်းမှာတော့ မျှော်လင့်ထားသလောက် အားရမှုမရှိပါဘူး။ ဒီအားနည်းချက်တစ်ခုတည်းရှိပြီး ကျန်တဲ့အပိုင်းတွေ အကုန်လုံးကို ကြည့်မယ်ဆိုရင်တော့ အလွန်ကောင်းမွန်မှုရှိပါတယ်။

Specification
Display : 5.5 inch, capacitive touchscreen
Memory : 32 GB, 4 GB RAM
Camera : 12MP, f/2.0, Phase detection autofocus, dual-LED flash
OS : Android OS,v6.0 (Marshmallow)
Phone : 01-224502 (CTM)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...