မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, October 18

MPT ၏ 4G ဝန်ဆောင်မှု စတင် အသုံးပြုနိုင်


 
MPT ၏ 4G ဝန်ဆောင်မှုစတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဝန်ဆောင်မှုကို သတ်မှတ်နေရာများတွင် ယနေ့မှ စတင်ကာ အသုံးပြုနိုင်ပြီဖြစ်ပြီး ၂၀၁၇ ခုနှစ် အစောပိုင်းတွင် အော်ပရေတာများအတွက် အသင့်တော်ဆုံးဖြစ်သည့် Spectrum လှိုင်းနှုန်းစဉ်ကို အစိုးရမှ ခွင့်ပြုချက်ချပေးချိန်တွင် 4G ၀န်ဆောင်မှုအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဆိုသည်။ လက်ရှိအချိန်တွင် ရန်ကုန်နှင့် နေပြည်တော်တို့တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ဂျန်းရှင်းမော်တင်၊ ဂျန်းရှင်းစကွဲ၊ တော်ဝင်စင်တာ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 & 2, ဆူးလေ MPT Branded Shop, မြန်မာပလာဇာ (မကြာမီ) တို့တွင် စတင် အသုံးပြုနိုင်ပြီဖြစ်ပြီး နေပြည်တော်တွင် ဂျန်းရှင်းစင်တာနှင့် Capital Hyper Market တို့တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယင်းနေရာများတွင် ရှိသည့် 4G ဝန်ဆောင်မှုကိုရရှိရန် ဆွေသဟာ အစီအစဉ်ကို ရယူရမည်ဖြစ်ပြီး 4G အသုံးပြုနိုင်မည့် လက်ကိုင်ဖုန်းနှင့် ဆင်းမ်ကတ်လည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ 2.1 HHz Spectrum လှိုင်းစဉ်ဖြင့် 4G အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ “အစိုးရက ၂၀၁၇ မှာ 1.8 GHz ရှိတဲ့ Spectrum
လှိုင်းနှုန်းစဉ်ကို ထုတ်ပြန်လိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက်အဲဒီလှိုင်းနှုန်းစဉ်ကို အသုံးပြုပြီးတော့ 4G ကွန်ရက်ကို တည်ဆောက်သွားဖို့ အရင်ကတည်းက ကျွန်တော်တို့ စောင့်ကြိုနေခဲ့တာပါ။ 4G ဝန်ဆောင်မှုကို အကြိုမိတ်ဆက်တဲ့အနေနဲ့ ကျွန်တော်တို့ သုံးစွဲသူတွေအတွက် သတ်မှတ်ထားတဲ့ နေရာတွေမှာလက်ရှိ Spectrum နဲ့ပဲ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုတွေကို စတင်သုံးစွဲလို့ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ နောက်တစ်ဆင့် ကို တက်လှမ်းနိုင်ဖို့ နည်းပညာအားဖြင့် အဆင့်သင့်ဖြစ်နေပါပြီ” ဟု MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူMr Koichi Kawse က ပြောသည်။

“1.8 GHz အသုံးပြုလို့ရတဲ့ အချိန်မှာ 4G ကို ပိုပြီး မြန်မြန်ဆန်ဆန် အသုံးပြုနိုင်အောင် လုပ်သွားမယ်၊ ဗီဒီယိုဖိုင်တွေ ဘာတွေကြည့်တဲ့အခါ ထစ်နေတာမျိုးတွေ ရှိတော့မှာ မဟုတ်ပါဘူး” ဟု MPT-KSGM ၏ Marketing Strategy Department မှ Deputy General Manager ဖြစ်သူ ဦးထွန်းအေးမောင်က ပြောသည်။


Credit Internetjournal
သီဟထိုက်
www.thihahtike.com





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...