မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, October 13

♪ ဒီပါဝလီဈေးရောင်းပွဲတော်အတွက် ထွက်ရှိလာတဲ့ Snapdragon 652 SoC သုံး Xiaomi Mi Max Prime မော်ဒယ်သစ် ♫


Xiaomi ဟာ အောက်တိုဘာလ ၁၇ ရက်နေ့ကစတင်ပြီး၊ ဒီပါဝလီဈေးရောင်းပွဲတော်ကို သုံးရက်ကြာ ဆင်နွှဲသွားမှာဖြစ်ပါတယ်။ အဆိုပါဈေးရောင်းပွဲတော်ကာလမှာ ကုမ္ပဏီအနေနဲ့ ပရိုမိုးရှင်းအစီအစဉ်တွေ အပြင် ကုန်ပစ္စည်းအသစ်တွေကိုပါ ထည့်သွင်းရောင်းချသွားမှာပါ။

ဒီပွဲတော်အတွက် ပထမဆုံးထွက်ရှိလာတဲ့ ကုန်ပစ္စည်းအသစ်ကတော့ လူကြိုက်များတဲ့ Mi Max စမတ်ဖုန်း မော်ဒယ်အသစ်ဖြစ်ပြီး၊ Mi Max Prime လို့ နာမည်ပေးထားကာ Mi.com မှာ အောက်တိုဘာလ ၁၇ ရက်နေ့က စတင်ရောင်းချသွားမှာဖြစ်တယ်လို့ ကုမ္ပဏီက ကြေငြာထားပါတယ်။ ဈေးနှုန်းကတော့ ရူပီးငွေ ၁၉၉၉၉ ( မြန်မာငွေ ၃၇၀၀၀၀ ကျပ်ဝန်းကျင်) ပါ။

Xiaomi Mi Max Prime နဲ့ မူလ Mi Max တို့ ကွာတဲ့အချက်ကတော့ ပရိုဆက်ဆာ၊ RAM နဲ့ ဖုန်းတွင်း storage တွေပဲ ဖြစ်ပြီး၊ ကျန်တာအားလုံးကတော့ အတူတူပါပဲ။ Mi Max တုန်းက Snapdragon 650 ပရိုဆက်ဆာနဲ့ ဖြစ်ပေမယ့်၊ Mi Max Prime မှာ octa-core 652 ပရိုဆက်ဆာဖြစ်သွားပါတယ်။

ရိုးရိုး Mi Max မှာ RAM က 3GB အများဆုံးဖြစ်ပေမယ့်၊ Mi Max Prime မှာတော့ RAM က 4GB အထိ ဖြစ်သွားပြီး၊ ဖုန်းတွင်း storage ကတော့ 128GB အထိ ပါဝင်မှာပါ။

Mi Max Prime ရဲ့ ဘက်ထရီက 4850mAh ဘက်ထရီဖြစ်ကာ၊ ကုမ္ပဏီရဲ့အဆိုအရ ၁၄ နာရီဆက်တိုက် ဗီဒီယိုကြည့်နိုင်တယ်လို့ သိရပါတယ်။ ကျန်တဲ့အချက်အလက်တွေအကုန်လုံးကတော့ အရင် Mi Max အတိုင်းပါပဲ။


Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...