မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, October 10

♪ Snapdragon 821 SoC သုံး ZenFone 3 ၊ ZenBook 3 နဲ့ ZenWatch 3 တို့ကို ASUS မိတ်ဆက် ♫

ASUS ဟာ နောက်ဆုံးပေါ် Snapdragon 821 ပရိုဆက်ဆာသုံးထားတဲ့ ZenFone 3 မော်ဒယ်အသစ်တွေကို ဗုဒ္ဓဟူးနေ့က နယူးယော့ခ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Zenvolution ပွဲမှာ မိတ်ဆက်သွားခဲ့ပါတယ်။ ZenFone 3 အပြင် ၊ ZenBook 3 ၊ Transformer 3 နဲ့ ZenWatch 3 မော်ဒယ်အသစ်တွေကိုပါ အဆိုပါပွဲမှာ တပါတည်းမိတ်ဆက်သွားခဲ့တာကို တွေ့ရပါတယ်။

အသစ်ထွက်ရှိလာတဲ့ ZenFone 3 မော်ဒယ်တွေကတော့ ZenFone 3 Deluxe Special Edition ၊ ZenFone 3 Deluxe 5.7 ၊ Deluxe 5.5 နဲ့ ZenFone Laser တို့ဖြစ်ပါတယ်။ Deluxe မော်ဒယ်တွေက Snadragon 821 SoC တွေနဲ့ဖြစ်ကာ၊ 64 GB နဲ့ 256 GB storage ၊ RAM 6GB ၊ Super AMOLED မျက်နှာပြင်၊ 23MP Pixel Master 3.0 ကင်မရာတွေနဲ့ ဖြစ်ပါတယ်။ Deluxe 5.5 မော်ဒယ်ကတော့ Snapdragon 625 နဲ့ပါ။ ZenFone Laser ကတော့ Snapdragon 430 နဲ့ဖြစ်ကာ၊ RAM 2GB ၊ 32GB storage နဲ့ 1080p IPS မျက်နှာပြင်တို့ ပါရှိပါတယ်။

အသစ်ထွက်ရှိလာတဲ့ ZenBook 3 က အလေးချိန်အားဖြင့် ၂ ပေါင်ပဲရှိပြီး၊ ၁၂.၅ လက်မအကျယ် FHD မျက်နှာပြင်၊ 7th-gen Intel Core i7 ၊ i5 Kaby Lake ပရိုဆက်ဆာတွေနဲ့ ဖြစ်ကာ၊ RAM 16GB ၊ 512 GB SSD တို့နဲ့ ဖြစ်ပါတယ်။ ဂရပ်ဖစ်ကတော့ Intel HD Graphic 620 ကိုပဲ သုံးထားတာတွေ့ရပါတယ်။

asus-zenbook-3

ASUS ရဲ့ နောက်ထပ်မိတ်ဆက်လိုက်တဲ့ပစ္စည်းတွေကတော့ 2-in-1 ခေါက်ချိုးသုံးနိုင်တဲ့ Transformer 3 Pro ၊ Transformer 3 Mini နဲ့ ZenPad 3S တက်ဘလက်တွေဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ Transformer 3 Pro တက်ဘလက်ဟာ တက်ဘလက်ဆိုပေမယ့် ZenBook 3 လက်ပ်တော့အတိုင်း Intel Core i7-6500U ပရိုဆက်ဆာ၊ ၁၂.၆ လက်မအကျယ် FHD မျက်နှာပြင်၊ RAM 16GB နဲ့ 512 GB SSD တို့နဲ့ ဖြစ်ပါတယ်။

asus-transformer-3-pro
asus-tranformer-3-mini

စမတ်နာရီမော်ဒယ်အသစ် ZenWatch 3 မှာ မျက်နှာပြင်အဝိုင်း၊ ၁.၃၉ လက်မ AMOLDE မျက်နှာပြင်၊ 2.5D Corning Gorilla Glass 3 မှန်ကွေး၊ 400×400 resolution ၊ Snapdragon 2100 ပရိုဆက်ဆာ၊ Bluetooth ၊ Wi-Fi နဲ့ 340 mAh ဘက်ထရီတို့ ပါဝင်ပါတယ်။ အရောင်ကို Rose Gold ၊ Gunmetal Gray နဲ့ Silve ဆိုပြီး သုံးမျိုးရရှိမှာပါ။ နာရီလက်ပတ်အနေနဲ့လည်း လယ်သာနဲ့ ရာဘာဆိုပြီး နှစ်မျိုးရွေးချယ်နိုင် ပါတယ်။

asus-zenwatch-3

Zenvolution ပွဲမှာ မိတ်ဆက်သွားတဲ့ ထုတ်ကုန်အသစ်အားလုံးရဲ့ ဈေးနှုန်းတွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

  • ASUS ZenFone 3 Deluxe 5.7” Special Edition- $799 USD, available end of October
    • ASUS ZenFone 3 Deluxe 5.7” – $499 USD, ready for pre-order
    • ASUS ZenFone 3 Deluxe 5.5” – $399 USD, ready pre-order
    • ASUS ZenFone 3 Laser – $199 USD, available for pre-order
    • ASUS ZenPad 3S 10 – $299, available in November
    • ASUS Transformer 3 Pro (T303UA-XH74) – $1499 USD, available at Costco
    • ASUS Transformer 3 Mini (T102HA-D4- GR) – $399 USD, will arrive late October
    • ASUS ZenBook 3 (UX390UA-XH74- BL)- $1599, now available
    • ASUS ZenBook 3 (UX390UA-DH51-GR) – $1099, now available
    • ASUS ZenWatch 3 has an MSRP of $229 USD, out early November


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...