မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, October 13

♪ " Xiaomi Mi 5s VS Xiaomi Mi 5s Plus " ♫


Xiaomi Mi 5s နဲ့ Xiaomi 5s Plus ဟာ ၂ဝ၁၆ မှာထုတ်လုပ်ပေးထားတဲ့ ကုမ္ပဏီရဲ့ flagship စမတ်ဖုန်းတွေပဲ ဖြစ်ပါတယ်။ ၄င်းဖုန်း ၂ ခုလုံးကို Apple ရဲ့ marketing စတိုင်အတိုင်း တစ်ပြိုင်နက်တည်း ထုတ်လုပ်ပေးထားတယ်။ Mi 5s Plus ဟာ Mi 5s ကို အဆင့်မြှင့်တင်ပေးထားတာဖြစ်ပြီး အရမ်းကြီးတော့ ကွာခြားမှုမရှိပါဘူး။ ကင်မရာပိုင်းမှာ Mi 5s Plus က အနောက်ကင်မရာတစ်လုံး အပိုပါရှိပြီး မျက်နှာပြင်ကလည်း ဝ.၅ လောက် ပိုကျယ်ပါတယ်။

Mi 5s Plus ရဲ့ ကင်မရာတစ်လုံးက ရောင်စုံဓာတ်ပုံတွေကို ရိုက်နိုင်ပြီး နောက်တစ်လုံးကတော့ အဖြူအမည်းဓာတ်ပုံတွေကို ရိုက်ဖို့ပါ။ ကင်မရာ ၂ ခုလုံးက 13MP ကိုပေးစွမ်းနိုင်ပြီး Mi 5s ရဲ့ အနောက်ကင်မရာက 12MP ဖြစ်ပါတယ်။ ဖုန်း ၂ ခုလုံးမှာ 4MP ရှိတဲ့ အရှေ့ကင်မရာငယ် ပါရှိပါတယ်။ ဒါ့အပြင် ဖုန်းလုံခြုံရေးအတွက် ultrasonic fingerprint sensor ကို ဖုန်း ၂ ခုလုံးမှာ ပံ့ပိုးထားပါတယ်။ Mi 5s မှာ internal memory 64GB, RAM 3GB နဲ့ 128GB, RAM 4GB ရှိတဲ့ version ၂ မျိုးကိုထုတ်လုပ်ပြီး Mi 5s Plus မှာတော့ internal memory 64GB, RAM 4GB နဲ့ 128GB, RAM 6GB ဆိုပြီး ခွဲခြားထုတ်လုပ်ပေးထားပါတယ်။

* Design *
1. Xiaomi Mi 5s
Mi 5s ရဲ့ ကိုယ်ထည်ကို သတ္တုနဲ့ ပြုလုပ်ပေးထားပြီး ဘေးထောင့်လေးတွေက ကွေးညွတ်ထားပါတယ်။ ထိပ်ဘက်နဲ့ အောက်ဘက်တစ်လျှောက် Antena lines တွေကို တွေ့နိုင်ပါတယ်။ လှပတဲ့ဒီဇိုင်းနဲ့ Silver, Gold, Rose Gold နဲ့ Gray အရောင် ၄ မျိုး ရွေးချယ်နိုင်ပါတယ်။
2. Xiaomi Mi 5s Plus
Mi 5s Plus ကိုလည်း သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်ပေးထားပြီး fingerprint sensor ကို Mi 5s လို home button မှာ ထည့်သွင်းမထားဘဲ အနောက်ဘက်မှာ ပံ့ပိုးပေးထားပါတယ်။ ရရှိနိုင်တဲ့အရောင်တွေကတော့ အတူတူပဲဖြစ်ပြီး Mi 5s Plus က အရွယ်ပိုကြီးပါတယ်။
* Processor *
1. Xiaomi Mi 5s
Xiaomi Mi 5s မှာ 2.35GHz Qualcomm Snapdragon 821 processor ကို သုံးထားပြီး Adreno 530 ဆိုတဲ့ Graphic ကို ထည့်သွင်းပေးထားပါတယ်။ အတွင်းမှာ run ပေးထားတဲ့ OS ကတော့ Android OS, v6.0 (Marshmallow) ပဲ ဖြစ်ပါတယ်။
2. Xiaomi Mi 5s Plus
Mi 5s Plus မှာလည်း 2.35GHz Qualcomm Snapdragon 821 processor ကိုသုံးထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာတော့ Mi 5s နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဖုန်း ၂ ခုလုံးမှာ 2.35GHz Qualcomm Snapdragon 821 processor USB Type-C ကို ထောက်ပံ့ပေးထားပါတယ်။
* Display *
1. Xiaomi Mi 5s
5.15-inch ရှိတဲ့ မျက်နှာပြင်ကို IPS LCD capacitive touchscreen နဲ့ ပြုလုပ်ပေးထားပြီး 1080 x 1920 pixels ရှိတဲ့မြင်ကွင်းတွေကို ပြသပေး နိုင်ပါတယ်။ ၁ လက်မ အတိုင်းအတာမှာ ~428 ppi pixels သိပ်သည်းဆပမာဏကို ရရှိနိုင်ပြီး 600-nit အလင်းစွမ်းအား ရှိပါတယ်။
2. Xiaomi Mi 5s Plus
Display အမျိုးအစားနဲ့ ထုတ်လုပ်ပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက Mi 5s နဲ့ တူပေမယ့် အကျယ်က 0.5-inch လောက် ပိုမိုကျယ်ပါတယ်။ ၁ လက်မမှာ မြင်ကွင်းစွမ်းအား သိပ်သည်းဆပမာဏ ~396 ppi pixels ရှိပြီး အလင်းစွမ်းအားကတော့ 550-nit ကို ပေးစွမ်းနိုင်မှာပါ။
* Verdict *
1. Xiaomi Mi 5s
Xiaomi Mi 5s မှာ non-removable 3200mAh ဘက်ထရီစွမ်းအားပါရှိပြီး Quick Charge 3.0 ကြောင့် မိနစ် ၃ဝ အတွင်း ဘက်ထရီစွမ်းအား ၈ဝ ရာခိုင်နှုန်းခန့် သွင်းနိုင်မှာပါ။ Mi 5s ဟာ ၄င်းနဲ့ တစ်ပြိုင်နက်တည်း ထုတ်လုပ်ထားတဲ့ Mi 5s Plus မှာပါရှိတဲ့ features တွေနဲ့ specs တွေ သိပ်မကွာသလို ဈေးနှုန်းလည်း အရမ်းမကွာလှပါဘူး။
2. Xiaomi Mi 5s Plus
Xiaomi Mi 5s Plus က Mi 5s ထက် မျက်နှာပြင်ပိုမိုကြီးပေမယ့် ပိုမိုပါးလွှာမှုရှိပြီး အနောက်ကင်မရာကလည်း ၂ လုံးတောင် ပါရှိပါတယ်။ ဒါ့အပြင် RAM ပါရှိမှု ပိုမိုမြင့်မားပြီး ဘက်ထရီစွမ်းအားပိုင်းမှာလည်း 300mAh လောက် ပိုမိုကောင်းမွန်ပါတယ်။ ဒီအချက်တွေကလွဲပြီး ကျန်တဲ့အပိုင်းတွေမှာတော့ အားလုံးနီးပါး တူညီပါတယ်။

NetGuide Journal (Every Wednesday) https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...