မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, October 12

♪ “Xiaomi Redmi Note 4” ♫


Xiaomi ဟာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စမတ်ဖုန်းအသစ်နှစ်လုံးကို မိတ်ဆက် ခဲ့ပါတယ်။ ထိုဖုန်းများဟာ ပဉ္စမ မျိုးဆက်ဖြစ်ပြီး၊ ယခုဖုန်းကတော့ စတုတ္ထ မြောက်မျိုးဆက်ပါ။ Xiaomi ရဲ့ Note Series များဟာ လူကြိုက်များပြီး ယခု ဖုန်းက လည်း နောက်ဆုံးပေါ်အမျိုးအစားဖြစ်ပါတယ်။ ယခုဖုန်းတွင် အရည် အသွေးကောင်းမွန်သော သတ္တုဖြင့်တည်ဆောက်ထားပြီး ဒီဇိုင်းပုံစံမှာ ပါးပါး လျလျရှိပါတယ်။ ထောင့်ချိုးများ တွင် အ၀န်းအ၀ိုက်ပုံစံရှိပြီး အဓိကကင်မရာကို ဖုန်းရဲ့အနောက်ဘက်တွင် အ၀ိုင်းပုံစံထည့်သွင်းပေး ထားပါတယ်။

ကင်မရာ ၏အောက်ဘက်တွင် Fingerprint Sensor ကို အ၀ိုင်းပုံစံတပ်ဆင်ပေးထားပါ တယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လက ထုတ်လုပ်ပေးထားသော Note 4 ရဲ့ အရွယ် အစားပမာဏကတော့ 151x76x 8.4 mm ရှိပြီး၊ အလေးချိန်မှာ 175g ဖြစ်ပါ တယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားပါ။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အရွယ်အစားကတော့ Micro နဲ့ Nano SIM ပါ။ ဖုန်းမျက်နှာပြင်တွင် IPS LCD Capacitive Touchscreen ကို သုံးစွဲ ပေးထား ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ဖြစ်ပြီး မြင်ကွင်းစွမ်းရည်အပိုင်းတွင် 1080x1920 pixels ပမာဏကိုထည့်သွင်း ပေးထားပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 401ppi ပါ။ Multitouch စနစ်တွင် MIUI 8.0 ကို သုံးစွဲနိုင်ပါမယ်။

အဓိကကင်မရာသည် 13MP, f/2.0 စွမ်းရည်ရှိပြီး Dual LED(Dual Tone) Flash စနစ်နဲ့ တွဲဖက်အသုံးပြုနိုင်ပါမယ်။ ရှေ့ကင်မရာငယ်ကတော့ 5MP, f/2.0 စွမ်းရည်ရှိပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မှု အပိုင်း တွင် 1080p စွမ်းရည်ဖြင့် ရိုက်ကူးပါက တစ်စက္ကန့်ကို 30 frames နှုန်းရရှိမှာဖြစ်ပြီး၊ 720p စွမ်းရည်ဖြင့် ရိုက်ကူးပါက တစ်စက္ကန့်ကို 120frames နှုန်းရရှိပါမယ်။ အသံပိုင်းစနစ်တွင် 24-bit/192kHz audio စနစ်နှင့် Active Noise Cancellation with Dedicated mic စနစ်တို့ကို ထည့်သွင်းပေးထားပါတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် နှစ်မျိုးနှစ်စားရှိပါမယ်။

Standard Edition တွင် RAM 2GB နှင့် ROM 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပြီး၊ High Edition တွင် RAM 3GB နှင့် ROM 64GB ပါရှိအောင် ဆောင် ရွက်ပေးထားပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းလိုပါကလည်း Card Slot စနစ်ကိုအသုံးပြု၍ မှတ်ဥာဏ်ပမာဏ ကို ချဲ့ထွင်အသုံးပြုနိုင်ပါမယ်။

Chipset တွင် Mediatek MT6797 Helio X20 အမျိုး အစားကို အသုံးပြုပေးထားပြီး CPU ဟာ Deca Core 2.1GHz စွမ်းရည်ရှိပါ တယ်။ GPU မှာ Mali-T880 MP4 အမျိုးအစားပါ။ အသုံးပြုနိုင်မယ့် Android Version ကတော့ Marshmallow ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုး အစား မှာ Li-Po 4100mAh ဖြစ်ပြီး အားသွင်းမြန်ဆန်သောစနစ်လည်း ပါရှိ ပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Deca Core 2.1GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v4.2
Storage - 16 GB
OS - Android OS, v6.0
Contact - 09-73171214

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...