မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, November 7

နှေးကွေးတဲ့ အင်တာနက်လိုင်းနဲ့လည်း အဆင်ပြေပြေ အသုံးပြုနိုင်မယ့် Dou video calling app


Google Dou က ဧရာမနည်းပညာကုမ္မဏီကြီး ဂူဂဲလ်ရဲ့ နောက်ဆုံး video calling app ဖြစ်ပါတယ်။ ဒီ app ကို video call ပြုလုပ်ရာမှာ အဆင်မပြေဗျာများနေမှုတွေ ကင်းဝေးစေဖို့ အထူးဒီဇိုင်းဆွဲပြုလုပ်ထားပါတယ်။ စမတ်ဖုန်းတစ်လုံးနဲ့ ဖုန်းနံပါတ်တစ်ခုသာ လိုအပ်ပါလိမ့်မယ်။
အင်တာနက်လိုင်းနှေးကွေးခြင်း ဒါမှမဟုတ် ကွန်ယက်တွေ crowded ဖြစ်နေရင်တောင် ချိတ်ဆက်မှု ဆက်လက်ဆောင်ရွက်ပေးနိုင်အောင် ဒီ app ကို တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ App ရဲ့ Knock Knock feature က video call ကို လက်မခံမီ တစ်ဘက်က ခေါ်ဆိုနေတဲ့ လူကို ဗီဒီယိုနဲ့ မြင်တွေ့စေမှာ ဖြစ်ပါတယ်။ မိမိ contact list ထဲ ရှိသူတွေသာ အဲဒီလို မြင်တွေ့နိုင်မှာဖြစ်ပြီး မိမိကြိုက်တဲ့အချိန် ပြန်ပိတ်နိုင်ပါတယ်။
ခေါ်ဆိုမှုပြုလုပ်တိုင်းမှာ ကြားဖြတ်နားထောင်၊ ကြည့်လို့ မရအောင် စီစဉ်ပြုလုပ်ထားကြောင်း Google မှ ကတိပေးထားပါတယ်။ ရိုးစင်း၊ အနှောင့်အယှက်ကင်းပြီး လုံခြုံစိတ်ချရတဲ့ video calling ပဲဖြစ်ပါတယ်။


ref - http://www.trend.com.mm/








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...