မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, November 11

♪ ဘောင်ပျောက်စမတ်ဖုန်းတစ်မျိုးကို Huawei ထုတ်လုပ်ဖွယ်ရှိ ♫


Huawei သည် Honor အမှတ်တံဆိပ်ဖြင့် ဘောင်ပျောက်စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်ရန် စီစဉ်လျက်ရှိကြောင်း Weibo ၏ post တစ်ခုတွင် ဖော်ပြထားသည်။

ဘောင်ပျောက်စမတ်ဖုန်းများသည် အလွန်အမင်းရေပန်းစားလာလျက်ရှိပြီး အောက်တိုဘာလကုန်တွင် Xiaomi က Mi Mix ဘောင်ပျောက်စမတ်ဖုန်းကို ထုတ်ဖော်မိတ်ဆက်ခဲ့သလို Meizu ၏ ဘောင်ပျောက် စမတ်ဖုန်းဓာတ်ပုံမှာလည်း ပေါက်ကြားထွက်ပေါ်လာသည်။

Meizu ဖုန်းတွင် မျက်နှာပြင်မှာ ရှေ့ဘက်တစ်ခုလုံးတွင် နေရာယူထားပြီး Mi Mix ၏ ကိုယ်ထည်အချိုး ၉၁.၃ ရာခိုင်နှုန်းထက် ပိုမိုသည်။ Huawei ၏ ဖုန်းတွင် “quad-edge display” ဟု အမည်ရသော အနားကွေး ၄ ခုပါဝင်လာဖွယ်ရှိပြီး Meizu ဖုန်းနှင့် ဒီဇိုင်းပိုင်း ဆင်တူဖွယ်ရှိသည်။

Huawei သည် Mate 9 နှင့် Mate 9 Pro သစ် တို့ကို တရုတ်နိုင်ငံ၌ နိုဝင်ဘာလ ၁၄ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။ Mate 9 Pro သည် မြူးနစ်တွင် မိတ်ဆက်ခဲ့သော Mate 9 Porsche Design နှင့်မတူညီကြောင်း သိရသည်။ RAM 6 GB နှင့် storage 64 GB ပါဝင်သည့် Mate 9 Pro ကို ၆၇၉ ဒေါ်လာ ဖြင့်ရောင်းချမည် ဖြစ်သည်။

RAM 6 GB နှင့် storage 128 GB အတွက် ၇၆၇ ဒေါ်လာဖြင့်ရောင်းချမည် ဖြစ်သည်။ Mate 9 Pro ကို တရုတ်နိုင်ငံ၌သာ ရောင်းချမည် ဖြစ်သည်။



Credit to ==> Internet Journal
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...