မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Monday, November 7

♪ “KENBO Hero K3” ♫


ယခုဖုန်းဟာကိုင်ဆောင်ရတာလည်း သက်သောင့်သက်သာရှိပြီး၊ ဒီဇိုင်းက လည်းလန်းပါတယ်။ အကြမ်းလည်း ခံပါတယ်။ နောက်ဆုံးပေါ်မိုဘိုင်း နည်းပညာ Function တွေကိုလည်း ထိတွေ့ခွင့်ရနိုင်တဲ့ KENBO Smartphone က ထုတ်လုပ် ထားတဲ့ Hero K3 ဖုန်းလေးဖြစ်ပါတယ်။ ကြွေထည်တစ်ခုအလား ထင်မှတ်မှားလောက်တဲ့ ဆန်းသစ်လှပသော ကိုယ်ထည်ဒီဇိုင်း နဲ့မို့ လူငယ်လူရွယ်တွေ ကြိုက်နှစ်သက်မယ့် ဖုန်းတစ်လုံးဖြစ် ပါတယ်။

မျက်နှာပြင်အရွယ်အစားမှာ 5 inches ရှိပြီး IPS နည်းပညာ ကို အသုံးပြုပေးထားတဲ့ အတွက် ရုပ်ရှင်များ၊ ဂိမ်းများကိုကြည့်ရှု့အသုံးပြုတဲ့ အခါမှာ 1280* 720 pixels အထိ အရောင်အသွေး စုံလင်ပြီး ရုပ်ထွက် ကောင်းမွန်တဲ့ HD ရုပ်ထွက်ကို ဖော်ပြပေးနိုင်စွမ်းရှိပါတယ်။ ခရီးသွားရင် ပဲဖြစ်ဖြစ်၊ ညအခါမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာပဲ ရောက်ရောက် ဘယ်အချိန်မှာ ပဲဖြစ်ဖြစ် သင့်ရဲ့တစ်နေ့တာ မှတ်တမ်းများကို လှပတဲ့ဓာတ်ပုံများအဖြစ် ရိုက်ကူးသိမ်းဆည်းနိုင်ဖို့ အတွက် Hero K3 မှာ အရည်အသွေးကောင်းမွန်တဲ့ ကင်မရာများကို တပ်ဆင်ပေးထားပါတယ်။

ကင်မရာအဖြစ် အနောက်ဘက် တွင် 13 MP နှင့် အရှေ့ဘက်တွင် 5MP တို့ပါဝင်ပြီး Auto Focus စနစ်ပါဝင်လို့ မြန်ဆန် စွာလှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကို ဓာတ်ပုံရိုက်ကူးရာမှာလည်း ၀ါးသွားခြင်းမရှိဘဲ ကြည်လင်စွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဖုန်းအသုံးပြုတဲ့အခါ ပိုမိုမြန်ဆန်ဖို့ အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ Processor အဖြစ် Quad Core 1.2 GHz ကိုတပ်ဆင်ပေးထားပါတယ်။ ဖုန်းအသုံးပြုနေစဉ် အတွင်း လတ်တလောအသုံးပြုနေတဲ့ များပြား Application များကို တစ်ပြိုင်တည်း အသုံးပြုနိုင်ဖို့အတွက် ယာယီသိမ်းဆည်းပေး မယ့် RAM ကို 2GB အထိ ထည့်သွင်းပေးထားပါတယ်။

Movies နဲ့ ဂိမ်းများကို ပိုမို သိမ်းဆည်း လိုသူများ အဆင်ပြေစေဖို့ ROM ကို 16GB အထိ တပ်ဆင် ပေးထားပါတယ်။ ဖုန်းဘက်ထရီမှာ 2200 mAh ဖြစ်ပါတယ်။ အားတစ်ခါ သွင်းရုံနဲ့ တစ်နေကုန် သုံးစွဲနိုင်ပါမယ်။

<Specification>
Network - 2G/3G/4G
Memory - 16 GB
CPU - Quad Core 1.2 GHz
Camera - 13MP
Screen - 5 inches
OS - Android OS, v4.4
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...