မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, November 10

♪ “MPT အချင်းချင်း တစ်နေ့လုံး ကြိုက်သလောက် ဖုန်းပြောနိုင်မည့် ပလန်အား ၃၉၉ ကျပ်ဖြင့်ရယူနိုင်” ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ MPT မိုဘိုင်းဆင်းကတ် အသုံးပြုသူ အချင်းချင်း တစ်နေ့တာအတွင်း ကြိုက်သ လောက် ဖုန်းပြောနိုင်မည့် တစ်ရက်စာ ပလန်အား ၃၉၉ ကျပ်ဖြင့် ရယူနိုင်ပြီဖြစ်ကြောင်းသိရသည်။

MPT သုံးစွဲသူများသည် အဆိုပါတစ်နေ့တာလုံးစိတ်ကြိုက်ဖုန်းခေါ်ဆိုနိုင်မည့် ပရိုမိုးရှင်းအစီအစဉ်ကို ၂ဝ၁၆ ခုနှစ်နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ပျော်ရွှင်စွာရယူအသုံးပြုနိုင်တော့မည်ဖြစ်သည်။ 

အဆိုပါအစီအစဉ်သစ်ကို MPT-GSM/WCDMA ဖုန်းအသုံးပြုသူများအားလုံး ရယူသုံးစွဲနိုင်မည်ဖြစ်သည်။ USSD ကုတ်နံပါတ်ဖြစ်သည့် *399# ကို ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) 1332 သို့ VP1 ဟု စာတိုရိုက်နှိပ်ပေးပို့ခြင်းဖြင့် Daily Unlimited Voice Package များကို ရယူအသုံးပြုနိုင်မည်ဖြစ်သည်

ဖုန်းနံပါတ်တစ်ခုအတွက် Voice Pack တစ်ကြိမ်ဝယ်ယူရုံဖြင့် တစ်နေ့တာလုံး(ဝယ်ယူသည့်နေ့၏ညသန်းခေါင်ယံ အချိန်အထိ) MPTဖုန်းအချင်းချင်းအကန့်အသတ်မရှိ ဖုန်းပြောနိုင်မည်ဟု သိရသည်။

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...