မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, November 10

♪ Samsung ရဲ့ နောက်ထပ်ဖုန်းတစ်လုံးဖြစ်သော Galaxy J5 မီးလောင်ကျွမ်းခဲ့ခြင်း ♫


တနင်္ဂနွေနေ့တုန်းက ပြင်သစ်မှာ Samsung Galaxy J5 စမတ်ဖုန်း ပေါက်ကွဲခဲ့တယ်လို့ Associated Press ရဲ့ အဆိုအရ သိရပါတယ်။ စမတ်ဖုန်းပိုင်ရှင်ဖြစ်သူ Lamya Bouyirdane က မိသားစုစုံညီပွဲလုပ်နေတုန်းမှာ ဖုန်းပူလာတာကို သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။ မီးခိုးတွေ စထွက်လာတာနဲ့ အဝေးကို လွှင့်ပစ်ခဲ့ပြီး မီးလောင်ကျွမ်းတဲ့အခါမှာလည်း သူမရဲ့မိတ်ဆွေတစ်ယောက်က ငြိမ်းသတ်ပေးလို့ မီးငြိမ်းသွားပါတယ်။

ဒီ Samsung ရဲ့ Galaxy J5 ဟာ 2015 လား 2016 လားဆိုတာ မသေချာသေးပေမယ့် IDC သုတေသနကုမ္ပဏီမှ William Stofega ရဲ့ သုံးသပ်ချက်အရ ဒီပစ္စည်းရောင်းချခဲ့တာဟာ လအတန်ကြာမြင့်နေပြီလို့ ဆိုပါတယ်။ ဒါကြောင့် ဒါဟာ အရင် edition လို့ ဖော်ပြနေပါတယ်။ ပြီးတော့ J5 မီးလောင်ကျွမ်းတယ်လို့တွေ့ရှိတာဟာ ဒါပထမဆုံးပဲလို့လည်း ပြောကြားထားပါသေးတယ်။
Samsung ကတော့ ဒီအဖြစ်အပျက်ကို စုံစမ်းနေဆဲဖြစ်လို့ ပြောကြားနိုင်ခြင်းမရှိသေးပါဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

Samsung ရဲ့ Galaxy Note 7 ဟာ မီးလောင်ကျွမ်းတယ်လို့ အောက်တိုဘာလမှာ စစ်တမ်းအတော်များများ က ပြောကြားတဲ့အတွက် ထုတ်လုပ်ခြင်း ရပ်ဆိုင်းလိုက်ရပါတယ်။ မကြာသေးခင်ကလည်း iPhone 7 အပူလွန်ကဲတယ်လို့ စစ်တမ်းများက ဆိုထားတဲ့အတွက် Apple ကလည်း စုံစမ်းခဲ့ပါတယ်။

စမတ်ဖုန်း၊ တက်ဘလက်နဲ့ laptop တွေမှာတွေ့ရတဲ့ Lithium-ion ဘတ်ထရီတွေဟာ အသုံးပြုနေစဉ်နဲ့ အခြေအနေတချို့မှာ အပူချိန်တိုးလာတာမျိုး ရှိပါတယ်။ J5 နဲ့ Note 7 ဟာ တူညီတဲ့အဖြစ်အပျက်မျိုး ဖြစ်နေသလားဆိုတာ မသိရသေးပါဘူး။

ဒါပေမယ့် J5 ဟာ April ကလည်း ဈေးကွက်ကို ရောက်ရှိခဲ့တာဖြစ်ပြီး သာမန်ဖြစ်နေကျ ချို့ယွင်းချက်သာဖြစ်ခဲ့မယ်ဆိုရင်တော့ သိပ်မကြာခင်မှာ ဒီ ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။


Aung Phyo Oo (Myanmr Mobile App)





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...