မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Friday, November 11

♪ Windows 10 အတွက် virtual trackpad ကို Microsoft ထည့်သွင်း ♫


Microsoft သည် Windows 10 အတွက် Creators Update နှင့်အတူ feature သစ်များစွာကို အောက်တိုဘာ လက ပွဲထုတ်မိတ်ဆက်ခဲ့သည်။ သို့သော်လည်း မတ်လတွင် ဖြန့်ချိမည့် update တွင်ပါဝင်မည့် feature တစ်ခုချင်းစီ၏ အသေးစိတ်အချက်အလက်ကိုမူ Microsoft မှ ပြောကြားခဲ့ခြင်း မရှိပေ။

သို့ရာတွင် အောက်တိုဘာ ၉ ရက်က ဖြန့်ချိခဲ့သော Windows 10 (build 14965) test version တွင် Microsoft က ၎င်း၏ operating system အတွက် virutal trackpad တစ်ခု ထည့်သွင်းပေးခဲ့သည်။ ၎င်း feature သည် tablet တစ်ခုနှင့် external မော်နီတာများကို mouse မလိုဘဲ ထိန်းချုပ်စေနိုင်မည်ဖြစ်ကြောင်း Microsoft က ပြောကြားခဲ့သည်။

၎င်းကို taskbar တွင် ထည့်သွင်းထားပြီး select လုပ်ထားသည့်အခါ mouse နှင့် right-click သို့မဟုတ် left-click option များထိန်းချုပ်ရာတွင် အသုံးပြုနိုင်မည့် virtual trackpad တစ်ခုကို ဖော်ပြပေးမည်ဖြစ်သည်။ Touchpad icon ကို notification area တွင် enable လုပ်နိုင်မည်ဖြစ်ပြီး Windows 10 settings panel တွင် trackpad gesture များကို ပြောင်းလဲနိုင်မည်ဖြစ်သည်။

အဆိုပါ လုပ်ဆောင်ချက်သစ်သည် Windows 10 tablet များကို ကီးဘုတ်နှင့် trackpad များမပါဘဲ အသုံးပြုသူများအပြင် tablet များကို အခြား display များဖြင့် ပုံမှန်ချိတ်ဆက်သုံးစွဲသူများအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။



Credit to ==> Internet Journal
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...