မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, June 30

♪ Android Pattern , Pin Lock များကိုဖြုတ်နိုင်မဲ့ Tool တစ်မျိုး ♫


Android ဖုန်းများရဲ့ Pattern Lock တို့ Pin Lock တို့ကိုဖြုတ်နိုင်တဲ့ Tool တွေ တော်တော်များများ ရှိပါတယ်။ သုံးရတာလွယ်ကူတဲ့ Tool လေးတစ်ခုကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
လိုအပ်မှု့ရှိပါက ရယူနိုင်ပါတယ်။


download-buttom

credit – Thuwunnait Group


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Samsung နဲ့ Zapya ♫


Samsung ဖုန်းများဟန်းတဲ့ကိစ္စနဲ့ပတ်သတ်ပြီး user တွေအနေနဲ့စိတ်အနှောက်အယှက် တွေဖြစ်နေ ရတာများပါတယ်။ Samsung မှာ user အချို့သတိမထားမိတဲ့ ပြသနာတစ်ခုရှိပါတယ်။ အဲဒါကတော့ Samsung device များမှာ Zapya apk နဲ့ အဆင်မပြေတဲ့ ပြသနာပါ။

အချို့သုံးလို့အဆင်ပြေတဲ့ အလုံးတွေရှိကောင်းရှိပါလိမ့်မယ်။ တော်တော်များများတော့ Samsung device တွေမှာ Zapya သုံးလိုက်ရင် ဟန်းသွားတက်ပါတယ်။ နောက်ပိုင်းမှာ Zapya သုံးတာကြာလာတာ နဲ့အမျှ လေးလံလာပြီး ဖုန်းသုံးရတာအဆင်မပြေတော့တဲ့ထိ ဖြစ်တက်ကြပါတယ်။ အဲလိုဖြစ်လာရင်တော့ ဖုန်းကို Factory Reset ချပြီးပြန်သုံးမှသာ အဆင်ပြေတာများပါတယ်။

ဒါကြောင့် Samsung device တွေမှာအတက်နိုင်ဆုံး Zapya အသုံးမပြုပဲ အခြား Transfer apk တွေ သာပြောင်းလဲအသုံးပြု နိုင်အောင်အကြံပြုပေးလိုက်ပါတယ်။


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Phone နဲ့ PC ကို Internet လွယ်ကူစွာ တွဲသုံးချင်သူများအတွက် ♫


Phone နဲ့ PC ကို internet တွဲသုံးချင်သူတွေအတွက် အဆင်ပြေတဲ့နည်းလမ်းလေးကို တင်ပေးလိုက်ပါတယ်။ အလွယ်တကူ USB Debugging on ပြီး USB Tethering နဲ့ အသုံးပြုနိုင်ပေမဲ့ ဒီနည်းလမ်းဟာဖုန်းမှာ VPN ကျော်ထားမယ်ဆိုရင် PC နဲ့တွဲသုံးတဲ့အချိန် PC မှာ internet ကအလုပ်လုပ်မှာမဟုတ်ပါဘူး။ ခုနည်းလမ်းလေးက လုံးဝအဆင်ပြေပါတယ်။ ဖုန်းမှာ Japan VPN သုံးထားရင် PC မှာပါ Japan VPN အနေနဲ့သုံးနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တာလေးတွေ ရယူလိုက်ရအောင် –

ဖုန်းအတွက် apk ရယူရန်
PC အတွက် exe ဖိုင်ရယူရန်

download ရယူလို့ရလာတဲ့ apk ကို ဖုန်းမှာ install ပြုလုပ်ပါ။ PC အတွက် exe ကိုတော့ PC မှာ install ပြုလုပ်ပေးလိုက်ပါ။ ပြီးရင်ဖုန်းကို USB Debugging on ပြီးကြိုးထိုးလိုက်ပါ။ apk ထဲဝင်ပြီး Activate USB Tether ကို on ပေးလိုက်ပါ။ apk မှာ Ready ဖြစ်ပြီဆိုရင် PC မှာ install လုပ်ထားတဲ့ exe လေးကိုဖွင့်ပြီး အပေါ်ဆုံးက စာကြောင်းလေးကိုနှိပ်လိုက်တာနဲ့ connecte ဖြစ်သွားပါပြီ။ ဒါဆိုရင်တော့ အဆင်ပြေပြေအသုံးပြုနိုင်ပါပြီ။


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

TTKeyboard for Android

Developer THANT THET KHIN ZAW ၏ TTKeyboard for Android ဖြစ်ပါတယ် iOS ဖုန်းများမှာနာမည်ကြီး လူသုံးများတဲ့ ကီးဘုတ်ဖြစ်ပြီးယခုအခါ Android အတွက်ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ် အောက်မှာဒေါင်းလုပ်ကြပါ 
TTKeyboard, one of the most famous Myanmar keyboard on iOS, is now available for your Android Devices.
Currently supports:
• ZawGyi (with Smart ZawGyi)
• MyanSan
Other features:
• Emojis support up to Unicode 8.0
• Dark and Light Themes







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Facebook Messenger ကနေ SMS ဖတ်ရှု၊ ပေးပို့နည်း ♫

1

Facebook က Messenger ကို ပင်မ Facebook App ကနေ ခွဲထုတ်ခဲ့ပါတယ်။ သူ့ရဲ့ Messenger ကို သီးခြား အသုံးပြုစေချင်တဲ့ သဘောပါ။ Messenger ရဲ့ စွမ်းဆောင်ချက်တွေကိုလည်း ဒီထက် ပိုမို ကောင်းအောင် ပြုလုပ်ပေးဖို့ ရည်ရွယ်ပါတယ်။ အမေရိကန်မှာ Messenger ကနေ ငွေလွှဲနိုင်ပါပြီ။ Messenger အတွက် Bot တွေကို Developer များ ဖန်တီးနိုင်မယ့် ပလက်ဖောင်းကိုလည်း မိတ်ဆက်ခဲ့ပြီးပါပြီ။

စီးပွားရေးလုပ်ငန်းတွေက ဖောက်သည်တွေ မေးမြန်းတာကို လူကိုယ်တိုင် ဖြေစရာမလိုတော့ဘဲ စက်ရုပ်တွေကို ဖြေခိုင်းနေပါပြီ။ CNN ရဲ့ Messenger Bot ကို ဖတ်ချင်တဲ့ သတင်း ရှာခိုင်းလို့ရပါပြီ။ အခုလည်း Facebook က Messenger ကနေ SMS ပေးပို့၊ ဖတ်ရှုနိုင်အောင် ပြုလုပ်ပေးလိုက်ပါပြီ။ သင့်ဖုန်းမှ SMS App ကို ထိစရာမလိုတော့ပါဘူး။

၁။ Messenger ကို ဖွင့်လို့ Read SMS in Messenger ကို မြင်ရရင် သင့်ဖုန်းမှာ ဒီစွမ်းဆောင်ချက်ကို သုံးနိုင်ပါပြီ။ Facebook က စွမ်းဆောင်ချက်များကို ကမ္ဘာတစ်ဝန်းလုံးသို့ တစ်ဖြည်းဖြည်းချင်း ထည့်သွင်းလေ့ရှိတဲ့အတွက် သင့်ဖုန်းမှာ ဒီလို စာသားကို မမြင်ရရင် စောင့်ဆိုင်းရဦးမှာပါ။ စာသားကို မြင်ရရင် Ok ကို နှိပ်ပါ။

1
၂။ ညာဘက်ထောင့်စွန်းမှ လူပုံ ( Settings ) ကို နှိပ်ပါ။ SMS ထဲသွားပါ။
2
၃။ Default SMS App မှ ခလုတ်ကို ညာဘက်ဆွဲပြီး On လုပ်ပေးပါ။ Multi Media Message များကိုလည်း Facebook Messenger ကနေ လက်ခံချင်ရင် Auto-retrieve MMS မှာ On လုပ်ပေးပါ။
3
ဒီလိုလုပ်ပြီးရင်တော့ သင့်ဖုန်းဆီ SMS, MMS များ ၀င်လာရင် Facebook Messenger ကနေ ဖတ်နိုင်ပါပြီ။ Facebook Messenger ကနေလည်း SMS, MMS များ ပို့နိုင်ပါပြီ။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ တောင်ကိုရီးယားမှာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ Apple ♫


အမေရိကန်နည်းပညာကုမ္ပဏီ Apple ဟာ တောင်ကိုရီးယားနိုင်ငံမှာ တောင်ကိုရီးယား မျှတစွာကုန်သွယ်မှု ကော်မရှင် (FTC) ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုက်တာရဲ့ အင်္ဂါနေ့တုန်းက သတင်းတစ်ရပ်အရ သိရပါတယ်။ ဘာအကြောင်းပြချက်နဲ့ စုံစမ်းစစ်ဆေးခဲ့တယ်ဆိုတာကို FTC ကပြောကြားခဲ့ခြင်းမရှိပါဘူး။

စုံစမ်းစစ်ဆေးခဲ့ကြောင်းကိုတော့ FTC ဥက္ကဌ ဂျွန်ဂျေချန်းက အတည်ပြုခဲ့ပေမယ့် ဘာကြောင့်စုံစမ်းစစ်ဆေးခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မှတ်ချက်ပေးဖို့အတွက် ငြင်းဆန်ခဲ့တာပါ။

အဓိကပြိုင်ဘက် Samsung နဲ့ ပတ်သက်ခြင်းရှိမရှိကိုတော့ သတင်းတွေက သေချာစွာ ဖော်ပြခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ပြုလုပ်မယ့် ကြိုးမဲ့ဆက်သွယ်ရေး စနစ်တစ်ခုအပေါ် ဥပဒေနဲ့ ငြိစွန်းခဲ့တာ ဖြစ်နိုင်တယ်လို့ ရိုက်တာကဆိုပါတယ်။

Apple ကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေကြားဖို့ ငြင်းဆန်ခဲ့တယ်လို့ လည်း သိရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ ပေါက်ကြားလာခဲ့တဲ့ Samsung Galaxy S7 edge ၂၀၁၆ ရီယို အိုလံပစ်ဗားရှင်း စမတ်ဖုန်း ♫


Samsung ရဲ့ Galaxy S7 edge Olympic Edition ဖုန်းအတွက် ပုံရိပ်တွေထွက်ရှိလာခဲ့ပါတယ်။ ဒီဇိုင်းအနေနဲ့ ဒီပစ္စည်းဟာ Olympic Logo ကို ကျောဘက်မှာခတ်နှိပ်ထားခဲ့ပြီး ကင်မရာ၊ LED မီးသီးနဲ့ Fingerprint ဆင်ဆာ၊ ဖုန်းစပီကာ တစ်ဝိုက်မှာ အရောင်လေးတွေ ထပ်မံဖြည့်သွင်းထားခဲ့တာပါ။

သတင်းတွေကအနေနဲ့ Samsung က Galaxy S7 edge ကို Olympic Edition အနေနဲ့ ထုတ်လုပ်မယ်ဆိုတာကို လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ယခုတော့ ပုံရိပ်တွေကိုပါ ဖော်ပြလိုက်တာဖြစ်ပါတယ်။

ဖုန်းအနေနဲ့ သာမန် Galaxy S7 ဖုန်းလိုပဲ ထူးထူးခြားခြားမရှိပေမယ့်  အရောင်တွေကို ထူးထူးခြားခြား စုံလင်အောင် ထည့်သွင်းထားတာကို တွေ့ရပါတယ်။ အရှေ့ဘက်ဖုန်းနားထောင်တဲ့ စပီကာနဲ့ Fingerprint ဆင်ဆာ နားမှာ ရွှေအိုရောင်အရောင်နဲ့၊ ကျောဘက် ကင်မရာ၊ LED မီးသီးတစ်ဝိုက်မှာတော့ အပြာရောင်အရောင်ကိုထည့်သွင်းထားပါတယ်။

အဲ့ဒီအပြင် သေချာကြည့်မယ်ဆိုရင် သင့်အနေနဲ့ ဘေးနားကခလုတ်တွေမှာလည်း အရောင်တွေ ထပ်မံ ဖြည့်သွင်းထားပါသေးတယ်။ ဖွင့်ပိတ်ခလုတ်မှာ အနီရောင်ရင့်ရင့်နဲ့ အသံတိုးလျှော့ခလုတ်တို့မှာ အစိမ်းရောင် တောက်တောက်ကို ဖြည့်သွင်းထားလို့ အိုလံပစ်ကွင်း ငါးကွင်းရဲ့ ကိုယ်စားပြုအရောင်တွေကို ထည့်သွင်းထားတယ်လို့ ဆိုနိုင်ပါတယ်။

တခြားတစ်ဖက်မှာလည်း Galaxy S7 edge ရဲ့ Olympic Edition မှာ နဂိုမူရင်းအတိုင်း လုပ်ဆောင်ချက်တွေ အပြောင်းအလဲမရှိနိုင်ပေမယ့် SamMobile ကထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ပစ္စည်းမှာ Rio 2016 Olympic အတွက်သီးသန်း App တချို့လည်းပါဝင်လာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

Samsung Galaxy S7 edge Olympic Edition ကို တရားဝင် ထုတ်ဖော်မယ် ဆိုတာတော့ မသေချာသေးပေမယ့် သတင်းတွေအရတော့ Samsung ရဲ့ နောက်ထပ်အဓိက စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Galaxy Note 7 ကြေညာမယ့် သြဂုတ်လလောက်ကျရင် ပြသနိုင်ခြေရှိတယ်လို့ ဆိုကြပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Samsung ရဲ့ Galaxy Folder 2 Android ခေါက်ဖုန်းကို ထပ်မံထုတ်လုပ် ♫


ခေါက်ဖုန်းဒီဇိုင်းတွေကို ဒီနေ့ခေတ် နည်းပညာနဲ့ သုံးချင်တဲ့ သူတွေရှိနေသေးရင်တော့ Samsung က သင့်ဆန္ဒကို ဖြည့်ဆည်းပေးတော့မှာပါ။ Samsung ဟာ Android စနစ်သုံး ခေါက်ဖုန်းအမျိုးအစားတစ်မျိုး ဖြစ်တဲ့ Galaxy Folder 2 ဖုန်းကို စတင်ဖြန့်ချိတော့မှာဖြစ်တယ်လို့ သိရပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့နှစ်က Android စနစ်သုံး Galaxy Golder ခေါက်ဖုန်းကို ထုတ်လုပ်ပြီးနောက်ဆက်တွဲ အနေနဲ့ ဒီဖုန်းကိုဆက်လက် ထုတ်လုပ်ခဲ့တာပါ။

အဲ့ဒီအပြင် Samsung အနေနဲ့ ဒီဖုန်းအတွက် အချက်အလက်တချို့ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်ဒီဖုန်းဟာ ကျောဘက်ကင်မရာ 5MP ကိုထည့်သွင်းထားတာကြောင့် မနှစ်က ထွက်ခဲ့တဲ့ Galaxy Folder ရဲ့ 2MP ရှိတဲ့ ကင်မရာကို အဆင့်မြှင့်တင်ထားခဲ့တာကိုတွေ့ရမှာပါ။


အတွင်းပိုင်း Storage တွေအနေနဲ့ 16 GB ထိပါဝင်လာခဲ့ပြီး Android နောက်ဆုံးထွက်ဗားရှင်း Marshmallow 6.0.1 ကိုအသုံးပြုထားခဲ့ပါတယ်။ Snapdragon 425 Soc နဲ့ quad-core 1.2 GHz CPU, 1.8GB RAM, Adreno 308 Graphics နဲ့ မျက်နှာပြင်အကျယ် ၃.၈လက်မ 800 x 480 p Display တို့လို အချက်အလက်တွေ ပါဝင်လာခဲ့ပါတယ်။


ဒါကြောင့် Android စမတ်ဖုန်းကို သေးငယ်တဲ့ ခေါက်ဖုန်းအဖြစ်အသုံးပြုလိုသူတွေအတွက် သင့်တော်တဲ့ ချစ်စရာ ဖုန်းအမျိုးအစားလေး တစ်မျိုးဖြစ်ပါတယ်။ ဖုန်းနဲ့လိုက်အောင် လုပ်ဆောင်ချက်တွေ သင့်တော်တဲ့ ဖုန်းတစ်မျိုးလည်း ဖြစ်ပါတယ်။ အရောင်အသွေးနဲ့ ဈေးနှုန်းကတော့ ထုတ်ပြန်ခြင်းမရှိသေးပေမယ့် ယခင် Galaxy Folder ခေါက်ဖုန်းတုန်းကတော့ ကျပ်သုံးသိန်းခန့် ဈေးရှိတာဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ မြန်မာငွေရှစ်သောင်းခန့်နဲ့ ထွက်ရှိလာတဲ့ Intex Aqua Classic စမတ်ဖုန်း ♫


မြန်မာနိုင်ငံမှာလည်း ၀င်ရောက်နေပြီဖြစ်တဲ့ အိန္ဒိယစမတ်ဖုန်းကုမ္ပဏီ Intex ရဲ့ တန်ဖိုးနည်းဖုန်း မော်ဒယ် အသစ် ထွက်ရှိလာပါပြီ။

Intex Aqua Classic လို့ အမည်ပေးထားတဲ့ ယခုစမတ်ဖုန်းဟာ ဈေးနှုန်းအားဖြင့် ရူပီး ၄၄၄၄ (မြန်မာငွေ ၇၇,၀၀၀ ခန့်) သာရှိပြီး ရှန်ပိန်ရောင်၊ မီးခိုးရောင်နဲ့ အဖြူရောင်ဆိုပြီး အရောင်သုံးမျိုးရရှိမှာပါ။
တန်ဖိုးနည်းဖုန်းဆိုပေမယ့်၊ သုံးထားတဲ့ပစ္စည်းတွေက မဆိုးဘူးလို့ ပြောရမှာဖြစ်ပြီး၊ SIM နှစ်ကတ်ထိုး ဖုန်းဖြစ်ပါတယ်။

ငါးလက်မအရွယ် FWVGA မျက်နှာပြင်ပါရှိပြီး၊ resolution က 480×854 pixel ဖြစ်ပါတယ်။ ရုပ်ထွက်အကောင်းကြီး မဟုတ်ပေမယ့်၊ ကြည်လင်ပြတ်သားမှုတော့ရှိပါတယ်။ Corning Gorilla Glass မှန်သားပြင်နဲ့ အုပ်ထားတာကြောင့်၊ အစွန်းအထင်းခြစ်ရာတွေထင်မှာ စိတ်မပူရပါဘူး။

1.2GHz quad-core Spreadtrum ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM က 1GB ပါရှိပါတယ်။ ဖုန်းတွင်းသိမ်းဆည်းနိုင်မှုအနေနဲ့ 8GB ပါရှိပြီး၊ mciroSD ကတ်လည်း 32 GB အထိ ထပ်စိုက်နိုင်တာကြောင့်၊ ဖုန်းထဲမှာ သီချင်းနဲ့ဗီဒီယိုတွေ စိတ်ကြိုက်သိမ်းထားနိုင်မှာပါ။

ကင်မရာမှာတော့ 5-megapxiel ကျောကင်မရာပါဝင်ပြီး၊ LED ဖလက်ရှ်မီးပါဝင်ပါတယ်။ ရှေ့ကင်မရာ ကတော့ 0.3 megapixel ပဲရှိတာကြောင့် ရှေ့ကင်မရာနဲ့ရိုက်ရင် သိပ်အဆင်ပြေမှာမဟုတ်ပါဘူး။ ဘက်ထရီအနေနဲ့ 2100mAh ဘက်ထရီပါဝင်ပြီး၊ ဆက်တိုက်ဖုန်းပြောချိန် ၆ နာရီခံကာ၊ ဒီတိုင်းထားမယ်ဆိုရင် နာရီပေါင်း ၂၁၀ အထိခံတယ်လို့ သိရပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာ GPRS/EDGE ၊ 3G ၊ GPS ၊ Bluetooth နဲ့ Wi-Fi တို့ ပါဝင်ပါတယ်။ Android ဗားရှင်းကတော့ 5.1 Lollipop ပါ။

Intex Aqua Classic ဖုန်းကို ၀ယ်ယူတဲ့အခါ၊ 360 security ၊ OLX ၊ Freecharge ၊ Opera mini စတဲ့ ဆော့ဖ်ဝဲတွေ တပါတည်းပါဝင်လာမှာပါ။ လက်ရှိမြန်မာနိုင်ငံဈေးကွက်ကို မ၀င်ရောက်သေးဘဲ၊ အိန္ဒိယမှာတော့ မကြာခင်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

ဖုန်းထဲမှာ သီချင်းများနာထောင်တဲ့အချိန် သံများကို စိတ်ကြိုက်ပြုပြင်မယ် - NRG Player music player v2.0.4APK




ဖုန်းကိုင်းထားပြီး သီချင်းနာထောင်ရတာဝါသနာပါသော ဘော်ဒါတွေ အတွက် NRG Player music playerversion လေးကိုတင်းပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့နားကြပ်နဲ့ နားထောင်းမယ်ဆိုရင်တော့ တီးလုံးသံများသီချင်းသံများကိုပိုပြီး ကောင်းစေပြီး အရသာရှိစေမယ် Application လေးတစ်ခုအဖြစ်   ဆောင်ရွက်နိုင်စွမ်းရှိတယ် Playerတစ်ခုဖြစ်ပါတယ်။သီချင်းတစ်ပုဒ်ကိုတကယ့်ကိုအရသာရှိရှိနဲ့နားထောင်နိုင်မှာပါ။ sound System ကိုအသေးစိတ် ချိန်ညှိပေးနိုင်တဲ့ Feature တွေအများကြီးပါဝင်ပါတယ်ဗျာ။ ကိုယ်တိုင်သာ ကလိကြည့်ကြပါ။ တွဲဖက်နားထောင်လို့ရမယ့် Player List ကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်ဗျာ။

 Settings -> Look and feel -> “Colors and Background” or “Skins” to change the player.
Open Settings -> Controls -> Rewind speed
Settings -> Controls -> Volume buttons 






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ ဖုန်းမိုက်ခရိုဖုန်းအပေါက်ထဲကို လေနဲ့မှုတ်လိုက်တာနဲ့ unlock လုပ်ပေးမယ့် Android app ♫


ဖုန်းပါဝါခလုတ်ပျက်သွားလို့ unlock လုပ်လို့မရတော့ဘဲ၊ စိတ်ညစ်နေရသူတွေအတွက် အမိုက်စား Android app လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

Air Unlock လို့ ခေါ်တဲ့ ဒီ Android app လေးဟာ ဖုန်းရဲ့ မိုက်ခရိုဖုန်းအပေါက်ထဲကို လေနဲ့ ခပ်ပြင်းပြင်းမှုတ်လိုက်တာနဲ့ ဖုန်းကို unlock လုပ်ပေးမှာပါ။ ဖုန်း lock ပြန်ကျသွားဖို့ကတော့၊ ဖုန်း settings ထဲမှာ Screen timeout အချိန်ကို စက္ကန့် ၃၀ လောက်ပေးထားလိုက်ရင် အဆင်ပြေပါတယ်။ ဒါဆို ဖုန်း ပါဝါခလုတ် အလုပ်မလုပ်လည်း၊ ဘာမှစိတ်ညစ်စရာမလိုဘဲ၊ ဖုန်းမိုက်ခရိုဖုန်းအပေါက်လေးထဲကို လေမှုတ် ထည့်လိုက်ရုံနဲ့ အလုပ်ဖြစ်ပါတယ်။

ပါဝါခလုတ်အကောင်းအတိုင်းရှိနေတဲ့လူတွေသုံးမယ်ဆိုရင်လည်း၊ သုံးပျော်တဲ့ app လေးဖြစ်ပြီး၊ Google Play Store မှာ အခမဲ့ရယူနိုင်ပါတယ်။ ဖိုင်ဆိုက်ကလည်း သေးသေးလေးဆိုတော့ ခဏလေးဒေါင်းလုဒ်ဆွဲလိုက် ရုံပဲပေါ့။

ဒီ app ကို အသုံးပြုပုံကတော့
  • Google Play Store ကနေ Air Unlock ကို ဒေါင်းလုဒ်ဆွဲလိုက်ပါ။
  • ဖုန်းမှာ Install လုပ်ပြီးရင်၊ Open လုပ်ပါ။
  • App ၀င်ဝင်ချင်းမှာ On နဲ့ Off နှစ်မျိုးပဲရှိပြီး၊ သုံးချင်ရင် On လုပ်ထားပြီး၊ မသုံးချင်ဘူးဆိုရင် Off လုပ်ထားလိုက်ပါ။
  • On လုပ်ပြီးသွားတာနဲ့ သင့်ဖုန်းကို lock လုပ်လိုက်ပြီး၊ ဖုန်းရဲ့ မိုက်ခရိုဖုန်းအပေါက်ကနေ လေမှုတ်သွင်း ကြည့်လိုက်ပါ။ (စပီကာအပေါက်မဟုတ်ဘဲ မိုက်ခရိုဖုန်းအပေါက်ကို လေမှုတ်ပေးရမှာဖြစ်ပါတယ်။)
  • ဒီ app လေးဟာ Restart ချပြီးရင်လည်း အလိုအလျောက်ပွင့်နေမှာဖြစ်တာကြောင့် ပါဝါခလုတ် မကောင်းသူတွေအတွက် အဆင်ပြေပါတယ်။
Untitled-3

Air Unlock ဆိုတဲ့ Android app လေးကို ရေးဆွဲသူ developer ကတော့ Codificador ဖြစ်ပြီး၊ တခြား အမိုက်စား app တွေကိုလည်း ရေးဆွဲထားတဲ့ စတူဒီယိုဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ “မိုဘိုင်းဖုန်းနှင့် တီဗီလက်တွေ့အသုံးချ ပြုပြင်တပ်ဆင်နည်းသင်တန်းကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် စတင်ဖွင့်လှစ်ခဲ့” ♫


မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် စတင်သင်ကြားပေးမည့် လူမှုအသိုက် အဝန်းအကျိုးပြု အစီအစဉ်ဖြစ်သော Samsung Tech Institute ၏ မိုဘိုင်းဖုန်းနှင့် တီဗီလက်တွေ့အသုံးချပြုပြင် တပ်ဆင်နည်းသင်တန်းကို ၂ဝ၁၆ ခုနှစ်ဇွန်လ (၁၆) ရက်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Samsung Tech Institute ၏ ပထမဆုံး ခြေလှမ်းသစ်ဖြစ်သည့် အဆိုပါသင်တန်းတွင် မိုဘိုင်း Software၊ Hardware ပြင်ဆင်နည်းနှင့် တီဗီပြုပြင်နည်းသင်တန်းဟူ၍ အမျိုးအစားနှစ်မျိုးခွဲခြား ထားကာ သင်တန်းသားဦး ရေအနေဖြင့် မိုဘိုင်းဖုန်း Software နှင့် Hardware ပြုပြင်နည်း သင်တန်းအတွက် ကျောင်းသူကျောင်းသား (၈၈) ဦး၊ တီဗီပြုပြင်နည်းသင်တန်းအတွက် (၃၂) ဦး၊ စုစုပေါင်း သင်တန်းသားဦးရေ (၁၂ဝ) တက်ရောက်ရန် စာ ရင်းပေးသွင်းခဲ့ကြောင်း သိရသည်။

''ဒီအစီအစဉ်ဟာ Samsung Myanmar အနေနှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်နဲ့ ပထမဆုံးအကြိမ် ပူးပေါင်း ဆောင်ရွက်တာဖြစ်ပါတယ်။ သင်တန်းသားဦးရေ (၁၂ဝ)ကို မိုဘိုင်းဖုန်းနှင့်တီဗီပြုပြင်ခြင်းဆိုင်ရာ နည်းပညာ တွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်။ လက်တလော မြန်မာပြည်ဈေးကွက်ထဲမှာ ကျွမ်းကျင်ပညာရှင်များစွာ လိုအပ်နေတာမို့ အခုဖွင့်လှစ်သင်ကြားပေးမယ့် သင်တန်းဟာ ဒီလိုအပ်ချက်တွေကို တစ်ဖက် တစ်လမ်းကနေ ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု Samsung Myanmar မှ Managing Director ဖြစ်သူ Mr. Nam Sik Ahn မှ ပြောကြား သွားသည်။

သင်တန်းမစတင်မီသင်တန်းသားများကို Samsung Myanmar သင်တန်း အတွက်လိုအပ်သော သင်ထောက်ကူ ပစ္စည်းများအပြင် Samsung အမှတ်တံဆိပ်နှင့် သင်တန်းအမှတ်တံဆိပ်ပါသော T-Shirt (၂)ထည်၊ မှတ်စုစာ အုပ်၊ ဘောပင်၊ ရေဘူး၊ အိတ်တို့အပြင် နေ့စဉ်စားသုံးစရိတ်အဖြစ် ငွေ ၃ဝဝဝ ကျပ်ကိုပေးအပ်ခဲ့ကြောင်း သိရ သည်။ Samsung မှ အဆိုပါ သင်တန်းတွင် အဆင့်မြင့် မိုဘိုင်းဖုန်းနှင့် တီဗီပြုပြင်ခြင်းဆိုင်ရာ နည်းလမ်း များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမှာဖြစ်သည်။

Samsung Myanmar မှ ဆောင်ရွက်နေသော လူမှုအကျိုး ပြုလုပ်ငန်းအစီအစဉ်များ အနက်မှ တစ်စိတ် တစ်ဒေသဖြစ်သည့် အဆိုပါသင်တန်းများသည် နည်းပညာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ၄င်းတို့၏စိတ်ကူးအိပ်မက်များ အား အကောင်အထည်ဖော်ရာတွင် တစ် ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။

ရဲလင်းစိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

Wednesday, June 29

♪ Facebook နဲ့ Google တို့က အစွန်းရောက် စာသားများနဲ့ မူပိုင်ခွင့် ငြိစွန်းတဲ့ စာသားများကို စစ်ဆေးကာ ပယ်ဖျက်ရန် စီစဉ်နေ ♫


ကမ္ဘာ့လူအသုံးများဆုံးနဲ့ နာမည်အကြီးဆုံး နည်းပညာ ကုမ္ပဏီ များဖြစ်တဲ့ Facebook, Google နဲ့ အခြား နည်းပညာ ကုမ္ပဏီ များဟာ အွန်လိုင်းပေါ်မှာ အစွန်းရောက်စာသားများ ရေးသားမှုကို ပယ်ဖျက်မဲ့ စနစ်တစ်ခုကို အသုံးပြုဖို့အတွက် စီစဉ်နေကြပါတယ်။ မိမိရေးသားလိုက်တဲ့ စာသားတွေဟာ မူရင်းပိုင်ရှင်ရဲ့ မူပိုင်ခွင့်နဲ့ ငြိစွန်းနေလား သို့မဟုတ် အရမ်း အစွန်းရောက်နေလားဆိုတဲ့ အချက်ကို စစ်ဆေးနိုင်တဲ့ နည်းပညာ တစ်မျိုးကို Facebook နဲ့ Google တို့က စတင်အသုံးပြုဖို့အတွက် စီစဉ်နေကြပါတယ်။

အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေရဲ့ အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေနေကြတဲ့ စာသားများကို စစ်ဆေးဖို့အတွက် ဘယ်လို နည်းပညာအသုံးပြုမလဲဆိုတဲ့အချက်နဲ့ ဘယ်လိုတွေအလုပ်လုပ်မလဲဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ မသိရှိနိုင်ပါဘူး။ တကယ်လက်တွေ့ အသုံးပြုမဲ့ ကုမ္ပဏီတွေကလည်း ထုတ်ပြန်ပြောကြားခြင်းမရှိပဲ နှုတ်စိတ်နေပါတယ်။ Facebook က ကမ္ဘာမှာ Facebook အသုံးပြုသူထဲက အသုံးပြုသူ တစ်သန်းကျော်တို့ရဲ့ အကောင့်တွေကို နေ့စဉ်ကြည့်ရှုနေပြီး အစွန်းရောက်စာသားများနဲ့ မူပိုင်ခွင့် မလွတ်ကင်းတဲ့ စာသားများကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Twitter ကတော့ ISIS တို့နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အကောင့်များကို စစ်ဆေးနေရခြင်းဖြစ်တဲ့အတွက် လက်တလော အစီအစဉ်မှာတော့ ပါဝင်လာခြင်းမရှိသေးပါဘူး။ Google ကတော့ ပြီးခဲ့တဲ့လအတွင်းမှာ ဒီဂျစ်တယ် မူပိုင်ခွင့် ဥပဒေအရ စာသားများကို ဖယ်ရှားခိုင်တဲ့ တောင်းဆိုမှုပေါင်း ၇၅ မီလီယံထက် မနည်းရှိပါတယ်။

ဒါ့အပြင် အခြား တရားမဝင်တဲ့ စာအမျိုးအစားများကိုလည်း Microsoft, Twitter, Facebook နဲ့ Google တို့က စစ်ဆေးသွားမှာဖြစ်ပြီး အထူးသဖြင့် ချစ်တင်းနှောခြင်းအကြောင်းရေးသားထားတဲ့ စာသားများကို ကလေးသူငယ်တွေ အမြင်မှားမှာစိုးရိမ်တဲ့အတွက် အထူးတားမြစ်ဖို့အတွက် ၄င်း ကုမ္ပဏီ တို့ကစီစဉ်ထားကြပါတယ်။

Ref: The Verge
Aung Ko Htet (MMA)
#aungkohtet_mma




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ LG မှအသစ်ထုတ်လုပ်လိုက်သည့် LG G5se ကိုဝယ်ယူရရှိနိုင် ♫

lg-g5

LGပရိသတ်ကြီးအတွက် LG မှအသစ်ထုတ်လုပ်လိုက်တဲ့ LG G5se   ကိုဝယ်ယူရရှိနိုင်ပါပြီ…

CPU Chipset ကို Qualcomm Snapdragon 652 chipset ကိုအသုံးပြုထားပြီး မြန်နုန်းကတော့ Octa core 1.8 GHZ ရှိပြီး….Screen size ကတော့ 5.3လက်မ QHD (2560 x 1440), resolution 554PPI ရှိပါတယ်.. camera အနေနဲ့လည်း သုံးစွဲသူတွေ နှစ်ခြိုက်လောက်တဲ့ ပမာနရှိသော Dual camera Rear camera 16 MPနဲ့8MP Camera နှစ်လုံးပေါင်းစပ်မူကြောင့် မြင်ကွင်းပိုမိုကျယ်ပြန့်တဲ့ (wide view)135` အထိ လှပသောမြင်ကွင်းကျယ် ဓါတ်ပုံများကို ရိုက်ကူးနိုင်မည်ဖြစ်ပြီးfront 8MP ကို အသုံးပြုထားတဲ့အတွက် Selfie သမားများအတွက်လည်း စိတ်ကျေနပ်မူကိုရရှိမှာပါ..

OS အနေနဲ့ကလည်း နောက်ဆုံး android ဖြစ်သော Android 6.0.1 Marshmallow ကိုအသုံးပြုထားတဲ့အတွက် Update ….update ဆိုမှ ကြိုက်နှစ်သက်သူတွေအတွက် အဆင်ပြေစေမှာပါ WIFI အနေနဲ့လဲ အမြန်ဆုံးဆွဲအားနဲ့ နောက်ဆုံးနည်းပညာ ‘AC’ ကို အသုံးပြုထားပြီး Bluetooth 4.2 နဲ့ NFC, usb 2.0 ပါဝင်လာမှာဖြစ်ပြီး USB 3.0ကို လည်း supporting ပေးနိုင်ပြီး ထူးခြားချက်အနေနဲ့ USB Type C ကိုအသုံးပြုထားပါတယ်..

နှစ်သက်စရာ RAM 3 GB နှင့် ROM storage build in 32 ထည့်သွင်းထားပါတယ် Battery ကို ဖြုတ်တပ်လွယ်ကူအဆင်ပြေသော 2,800mAh ကိုတပ်ဆင်ထားပါတယ် Dual sim နှစ်ခုစလုံးက nano sim ဖြစ်ပြီး 4G supporting ကို လည်းပေးနိုင်ပါတယ်……

System တစ်ခုလုံးကိုလည်း မြန်မာစာ စနစ် zawgyi ရော Unicode ရော နှစ်သက်ရာ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်….

Security ပိုင်းအနေနဲ့လည်း Figure print Sensor ကို ထပ်မံဖြည့်သွင်းထားပါတယ်…

LG G5se ကို တန်ဖိုး 729,000 ကျပ်ဖြင့် LG Brand Shopနှင့် အခြားဖုန်းဆိုင်များတွင်လည်းဝယ်ယူရရှိနိုင်ပါသည်။LG Brand Shop phone – 01-254559, 254561 တို့မှာ ၀ယ်ယူရရှိနိုင်ပါတယ်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Mobile Guide Issue Vol-3 ၊ Issue-59 (27.6.16) ♫


Mobile Guide ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Mobile Guide ဂျာနယ်ကို ဖတ်ချင်သူများအတွက် မူရင်းဆိုဒ်ကနေပြီးဒေါင်းလုပ်လင့်ကို တင်ပေးလိုက်တာပါဗျာ။ Mobile Guide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Mobile Guide Journal Vol (3), Issue (059) ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ဂျာနယ်ကို 27-June ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကို ၀ယ်ဖတ်ရန်အတွက် အဆင်မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြ ပါစေဗျာ။

Credit to ==> Mobile Guide Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 



Download

www.pyaephyo.com
Read More ...

♪ မိုဘိုင်းဖုန်းဈေးကွက်အရောင်းအ၀ယ်အေး အလဲအထပ် ပိုမိုသွက် ♫

used-phones

မိုဘိုင်းဖုန်းဈေးကွက်အတွင်းတွင် အရောင်းအ၀ယ်အေးနေပြီး ဖုန်းချင်းအလဲအထပ်နှင့်
မိုဘိုင်းဖုန်းအဟောင်းများကိုပြန်လည် ရောင်းချသည့်ဈေးကွက်တွင်ကျယ်လျှက်ရှိသည်။
“ ရောင်းတဲ့သူတွေဘက်ကများပေမယ့် လောလောဆယ်မှာဝယ်တဲ့သူတွေဘက်က နည်းနည်းအေးနေတယ်။
ဖုန်းချင်းအလဲအထပ်လုပ် ၊ အလိုက်ယူ အလိုက်ပေးစနစ် တွေပဲ ပိုပြီးလုပ်နေကြပါတယ်” လို့ ဖုန်းအရောင်း
အ၀ယ်အကျိုးဆောင်တစ်ဦးမှပြောကြားခဲ့သည်။
အခမဲ့ အရောင်းအ၀ယ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.ads.com.mm မှ Head of content and product တာဝန်ရှိသူ ကိုဟိန်းအောင်ကျော်မှ
“ လက်ရှိမှာတော့ ကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ အရောင်းအများဆုံး Brand ကတော့ Samsung ပါ
Smartphones  Total Website မှာ လက်ရှိ အလုံးရေ ၄၁၄၀၀ ရှိပါတယ်။ ဒါကအကြမ်းဖျင်းပေါ့နော်
ရောင်းဖို့ လာတင်ကြတဲ့ဖုန်းအလုံးရေ တစ်နေ့ ကို ပျဉ်းမျှ ၁၀၀ ကနေ ၂၀၀ ကျော်ရှိပါတယ်။ ဈေးနှုန်းတွေ
ကတော့ တစ်သောင်းနှစ်သောင်းဝန်းကျင်ကနေ အမြင့်ဆုံး ကိုးသိန်းကျော်ထိရှိပါတယ် “ ဟုပြောပြခဲ့ပါသည်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ အူရီဒူး 4G Plus အသုံးပြုနိုင်မည်ဖြစ်သော Huawei 4G Wi-Fi Device မိတ်ဆက် ♫

Huawei MiFi

၂၀၁၆ ခုနှစ်၊ မေလတွင် အူရီဒူးမြန်မာသည် မြန်မာနိုင်ငံအတွက် နောက်ဆုံးပေါ် မြန်နှုန်းမြင့် နည်းပညာ ဖြစ်သည့် 4G ကွန်ရက်ကို ဦးဆုံးသယ်ဆောင်ခဲ့သည့် ဆက်သွယ်ရေးကုမ္ပဏီဖြစ်လာခဲ့သည်။ ယင်းကဲ့သို့အောင်မြင်စွာ အစပြုပေးနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့်မီ 4G နည်းပညာ သုံးစွဲလိုသူများပြားလာခဲ့သည် ။ အူရီဒူးအနေဖြင့် အကောင်းဆုံးနှင့် အဆန်းသစ်ဆုံးသော ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဈေးကွက်အတွင်း ယူဆောင်လာပေးလျက်ရှိရာတွင် ယခုတစ်ဖန် အထူးအသုံးဝင်မည့် အခြားကမ်းလှမ်းချက်တစ်ခုကို ထပ်မံမိတ်ဆက်ပေးလိုက်ပြန်ပြီဖြစ်သည်။

သုံးစွဲသူအများ စောင့်ဆိုင်းလျက်ရှိသည့် ပစ္စည်းသစ်တစ်ခုကို အူရီဒူးနှင့် Huawei အတူတကွပူးပေါင်း ယူဆောင်ပေးလိုက်နိုင်ပြီဖြစ်သည်။ အင်တာနက်အသုံးများသူများအတွက် ယခုအခါ 4G Wi-Fi Device ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။ အဆိုပါ Wi-Fi Device သည် မြန်မာနိုင်ငံအတွင်း အမြန်ဆန်ဆုံးသော 4G အင်တာနက်ကို Device များစွာမှ ချိတ်ဆက်အသုံးပြုနိုင်မည့် ပထမဦးဆုံးသော 4G Wi-Fi Device ဖြစ်ပြီး မိမိတို့၏ ကွန်ပျူတာ၊ Laptop ၊ မိုဘိုင်းဖုန်း ၊ tablet အစရှိသဖြင့် Device ၁၀ ခုအထိချိတ်ဆက်ကာ အင်တာနက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော 4G personal Wi-Fi Device ဖြစ်သည့် Huawei E5577 သည် Device ၁၀ ခုခန့်ချိတ်ဆက်ကာ အင်တာနက်အသုံးပြုစေနိုင်မည်ဖြစ်သည် ။ ယင်းသည် အူရီဒူးမှကမ်းလှမ်းလိုက်သည့် 4G  နည်းပညာကို လူအများစု တစ်ပြိုင်နက်ထည်း ရယူအသုံးပြုရန် အထူးသင့်လျော်ကောင်းမွန်သည့်ပစ္စည်း ဖြစ်ပါသည်။ အဆိုပါ  Wi-Fi Device သည် အိတ်ဆောင်အရွယ်အစားမျှသာ ရှိသည့်အတွက် မည့်သည့်နေရာသို့မဆို အလွယ်တကူသယ်ဆောင်သွားနိုင်ပြီး၊ နေရာများစွာမယူသည့်အတွက် ရုံးတွင်သော်လည်းကောင်း ၊ အိမ်တွင် မိသားစုဖြင့်သော်လည်းကောင်း အခြားမည်သည့်နေရာတွင်မဆို စိတ်ကြိုက်အင်တာနက်အသုံးပြုနိုင်မည်ဖြစ်သည် ။ သုံစွဲသူများမှ မြန်ဆန်သည့်အင်တာနက်နှုန်းဖြင့် တစ်ပြိုင်နက်ထဲ download ဆွဲခြင်း၊ upload တင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည့် စံနှုန်းမြင့် ပစ္စည်းကောင်းတစ်ခုဖြစ်ပါသည်။

၎င်း Huawei Wi-Fi Device နှင့်အတူရရှိနိုင်မည့် အခြားအားသာချက်တစ်ခုမှာ သုံးစွဲသူများအနေဖြင့် မိမိတို့၏ မိုဘိုင်းဖုန်းများဖြင့်ပင် အင်တာနက်အစီအစဉ်များဝယ်ယူကာ ထို Wi-Fi Device သို့ အလွယ်တကူပင် လွှဲပြောင်းပေးနိုင်ခြင်းပင်ဖြစ်သည်။

အူရီဒူးမြန်မာအနေဖြင့် အဆိုပါ Wi-Fi Device အား ငွေပြန်ဖြည့်ရလွယ်ကူစေရန်အတွက် ဆင်းကဒ်နှစ်ခု တစ်ပြိုင်နက်ထဲပေးအပ်မည် ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် မိမိ၏မိုဘိုင်းဖုန်းတွင် ဆင်းကဒ်တစ်ခု၊ Wi-Fi Device တွင် ဆင်းကဒ်တစ်ခုထည့်ကာ အသုံးပြုနိုင်မည်ဖြစ်သောကြောင့် အူရီဒူး၏ အင်တာနက်လက်ဆောင် အစီအစဉ်ဖြင့် မိမိ၏မိုဘိုင်းဖုန်းမှ Wi-Fi Device ထဲသို့ လွယ်ကူစွာ ငွေလွှဲပေးနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ Wi-Fi Device ထဲမှ ဆင်းကဒ်ကို ငွေဖြည့်ရန်အတွက် ယခင်ကဲ့သို့ အလုပ်ရှုပ်ခံစရာလိုတော့မည် မဟုတ်ပါ။

Chief Marketing Officer ဖြစ်သူ Ms. Charity Safford က “သုံးစွဲသူတွေအနေနဲ့ အင်တာနက်ကိုအများကြီး သုံးချင်နေကြပြီး၊ အိမ်မှာမိသားစုနဲ့ Wi-Fi Device အသုံးပြုဖို့ရာကြတော့ ဈေးလည်းကြီးပြီး တပ်ဆင်ဖို့မလွယ်ကူပါဘူး။ အခု သုံးစွဲသူတွေအနေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အတွင်း နီးစပ်ရာ အူရီဒူးစတိုး သို့မဟုတ် Huawei စတိုးကိုသွားပြီး Huawei 4G Wi-Fi Device ကို အချိုသာဆုံးဈေးနှုန်းနဲ့ဝယ်ယူမယ်၊ ပြီးရင်ငွေဖြည့်ပြီး အမြန်ဆန်ဆုံးသော 4G အင်တာနက်ကို လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တစ်ပြိုင်နက်ထဲချိတ်ဆက်ပြီးအသုံးပြုဖို့၊ download လုပ်ဖို့၊ upload တင်ဖို့ လွယ်ကူသွားပါပြီ ။ ကျွန်မတို့အနေနဲ့ အကောင်းဆုံးနဲ့ အမြန်ဆန်ဆုံးသော အင်တာနက်ဝန်ဆောင်မှုပေးရုံမျှမကပါဘူး  ၊ တကယ့်ကို ဈေးနှုန်းချိုသာပြီး သုံးပျော်တဲ့ အင်တာနက်အစီအစဉ်တွေပါ ကမ်းလှမ်းပေးလျက်ရှိပါတယ် ။  ကျွန်မတို့က Huawei နဲ့ အခုလိုပူးပေါင်းဆောင်ရွက်ရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူပါတယ်။ “
၎င်း Huawei E5577 အား ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အူရီဒူးနှင့် Huawei အရောင်းဆိုင်များတွင် ရောင်းချသွားမည်ဖြစ်သည်။ ဈေးကွက်အတွင်းဖြန့်ချီမည့်နှုန်းထားမှာ ၈၉,၀၀၀ ကျပ် ဖြစ်သည်။ ထိုကဲ့သို့ရောင်းချရာတွင် အူရီဒူးမြန်မာက အထူးလက်ဆောင်အဖြစ် 4G ဆင်းကဒ်နှင့်အတူ ဝယ်ယူပြီး ပထမ လေးလအတွင်း ငွေငါးထောင်ကျပ် ဖြည့်သွင်းတိုင်း 1GB ကို လက်ဆောင်အဖြစ် စုစုပေါင်း 4GB ကို လက်ဆောင်ပေးအပ် သွားမည်ဖြစ်သည် ။

၎င်း Huawei E5577 Personal Wi-Fi Device ကို ဇွန်လ (၂၈) ရက်မှစတင်ကာ အူရီဒူး နှင့် Huawei အရောင်းဆိုင်များ၌ ရရှိနိုင်ပြီဖြစ်သည်။ အဆိုပါ Device များကို ရရှိနိုင်မည့် နီးစပ်ရာ အူရီဒူးအရောင်းဆိုင်စာရင်းကို www.ooredoo.com.mm တွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Google Play Store အတွက် Tips and Tricks များ ♫


Android Device ပိုင်ရှင်များအတွက် Google Play Store က တကယ် အသုံးဝင်တဲ့ နေရာပါ။ Apps ပေါင်း သန်းနဲ့ချီရှိပြီး နှစ်သက်ရာကို သုံးနိုင်ပါတယ်။ အခမဲ့ App များသာမက အခပေး App များကိုလည်း ၀ယ်ယူနိုင်ပါတယ်။ ဒီတစ်ပတ် Mobile Tips ကဏ္ဍအတွက် Google Play Store ကို အသုံးချနည်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်နိုင်ငံအတွက် မရတဲ့ App များကို Install လုပ်ပါ။
App တစ်ခုကို Install လုပ်ဖို့ သူ့ရဲ့ Google Play ၀က်စာမျက်နှာကို ရောက်တဲ့အခါမှာ သင့်နိုင်ငံအတွက် မရရှိပါဘူး ဆိုတဲ့ စာသားကို မြင်တွေ့ကြဖူးမှာပါ။ ဒါပေမယ့် Virtual Private Network (VPN) Apps များကို သုံးပြီး မရရအောင် Install လုပ်နိုင်ပါတယ်။ VPN က သင့်ကို အခြားနိုင်ငံ ( ဥပမာ အမေရိကန်) ကနေ သုံးနေတယ်လို့ ထင်ရအောင် Play Store ကို လှည့်ဖျားနိုင်ပါတယ်။ VPN App တစ်ခုကို Play Store ကနေ ရယူပါ။ App ကို ဖွင့်ပြီး သင့်နိုင်ငံ မဟုတ်တဲ့ အခြားနိုင်ငံတစ်ခုကို ရွေးပေးပါ။ ပြီးရင် VPN ကို Connect လုပ်ပါ။ ပြီးရင်တော့ Play Store က သင်လိုချင်တဲ့ App ကို Install လုပ်နိုင်ပါပြီ။


၂။ Play Store မှ သင့်ရဲ့ Apps များကို စီမံခန့်ခွဲပါ။
Google Play Store မှာ “ My apps & games “ ကဏ္ဍရှိပါတယ်။ အဲဒီမှာ သင် Download လုပ်ထားတဲ့ Apps များ၊ Update လုပ်ရမယ့် Apps များကို ပြသပေးထားပါတယ်။ အဲဒီနေရာကနေ သင့်ရဲ့ Apps များကို စီမံခန့်ခွဲဖို့ အကောင်းဆုံးပါပဲ။
Play Store ကိုဖွင့်ပါ။ ဘယ်ဘက်အပေါ်ထောင့်မှ Menu ကို နှိပ်ပါ။ My apps & games ကို နှိပ်ပါ။ အဲဒီမှာ သင် Install လုပ်ထားတဲ့ Apps အားလုံးကို တွေ့ရမှာပါ။ Update All ကို နှိပ်ရင် အားလုံးကို Update လုပ်ပေးမှာပါ။ နှစ်သက်တဲ့ App ကိုပဲ Update လုပ်ဖို့အတွက် App ကို တစ်ချက်နှိပ်ပါ။ နောက် စကရင်မှာ Update ကို နှိပ်ပါ။ သူ့ဘေးမှ Uninstall ကို နှိပ်ရင် App ကို ဖျက်ပေးမှာပါ။


၃။ Parental Lock သုံးပါ။
သင့်ကလေးက သင့်ဖုန်းကနေ App များကို ၀ယ်ယူသုံး ၊ မသင့်တော်တဲ့ App များကို Install လုပ်တာကို တားဆီးချင်ရင် Parental Lock ကို သုံးပါ။ Play Store ကို ဖွင့်ပါ။ Settings ထဲသွားပါ။ Parental controls ကို နှိပ်ပါ။ On လုပ်ပေးပါ။ ဒါဆိုရင် PIN Code သတ်မှတ်ခိုင်းမှာပါ။ သတ်မှတ်ပေးပါ။ နောက်အဆင့်မှာ Apps & Games ကို နှိပ်ပါ။ 3+ , 7+, 12+, 16+, 18+ စတဲ့ အထဲက သင်ခွင့်ပြုချင်တဲ့ တစ်ခုကို ရွေးပေးပါ။ သင့်ကလေးက Play Store ကနေ သင်သတ်မှတ်ထားတဲ့ အဆင့်ထက်ကျော်တဲ့ App တစ်ခုခုကို Install လုပ်တာနဲ့ PIN Code ကို ရိုက်ခိုင်းမှာပါ။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ iPhone/iPad နှင့် PC ကွန်ပျူတာများမှတစ်ဆင့် Apple ID ပြုလုပ်နည်း ♫


Apple ID ဆိုတာ Apple Inc ကနေထုတ်လုပ်တဲ့ ဘယ်ပစ္စည်းတွေကိုမဆို Log In ဝင်ဖို့အတွက် All in One အကောင့်တစ်ခုဖြစ်ပါတယ်။ Apple ID ရပြီဆိုရင် Apple က Apple ပစ္စည်းတွေအတွက် သီးသန့်ပြုလုပ်ထားတဲ့  iWork, iCloud နဲ့ iTunes Store တို့လို လုပ်ဆောင်ချက်တွေကိုအသုံးပြုနိုင်မှာပါ။ ဒါကြောင့် Apple ID အကောင့်တစ်ခုဆိုတာ တကယ်လိုအပ်ပါတယ်။

Apple ID အကောင့်ကို Apple Device တွေ အထူးသဖြင့် iPhone နဲ့ iPad တွေကို အသုံးပြုနိုင်ဖို့ ပြုလုပ်ရတာပါ။ ဒါကြောင့် ID တစ်ခုဘယ်လိုလုပ်ရမယ်ဆိုတာ တင်ပြပေးမှာပါ။ တကယ်တမ်းကျတော့ Apple ID လုပ်ရတာ ဘာမှသိပ်ပြီးအခက်အခဲမရှိပါဘူး။ gmail အကောင့်တစ်ခုပဲ လိုတာပါ။ လုပ်ပုံလုပ်နည်းကတော့ နှစ်မျိုးရှိပါတယ်။ iPhone/iPad တွေကနေ တိုက်ရိုက်ပြုလုပ်တဲ့နည်းနဲ့ PC ကွန်ပျူတာကနေ ပြုလုပ်တာပါ။

နည်းနှစ်နည်းက သိပ်လည်းမကွာပဲ နောက်ဆုံးအဆင့်လေးတစ်ဆင့်သာ ကွာခြားလို့ ကျွန်တော့်အနေနဲ့ iPhone/iPad တွေနဲ့ လုပ်တဲ့နည်းလမ်းကို အရင်ဆုံးပြသပေးပါ့မယ်။ ပထမဆုံးလိုအပ်တာကတော့ သင့်အနေနဲ့ iPhone ရဲ့ Mobile Data (Internet) ဒါမှမဟုတ် Wi-Fi ကို On လုပ်ထားဖို့လိုအပ်ပါတယ်။ ဒါမှ ID လုပ်ဖို့ အဆင်ပြေမှာပါ။

၁) အရင်ဆုံးအဆင့်ကတော့ သင့် iPhone ထဲက Setting App ထဲကို ဝင်လိုက်ပါ။ ပြီးရင် Setting ထဲက iCloud ထဲကို ဝင်လိုက်ပါ။ ပြီးရင် iCloud ထဲက Create a new Apple ID ဆိုတဲ့အထဲ ထပ်ဝင်လိုက်ပါ။ အောက်မှာပုံနဲ့ ပြထားပါတယ်။

how-to-make-an-apple-ID1

၂) Create a new Apple ID ထဲကို ဝင်လိုက်ပြီဆိုရင် သင့်အနေနဲ့ သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ အရင်ဆုံး Birth Date မှာ သင့်မွေးနေ့ကို ရွေးချယ်ပြီးထည့်သွင်းရမှာပါ။ ပြီးရင် အပေါ်က Next ခလုတ်လေးကို နှိပ်လိုက်ပါ။

နောက်တစ်ဆင့်မှာတော့ သင့်ရဲ့ First နဲ့ Last Name ကိုရွေးချယ်ဖို့လိုပါတယ်။ ဥပမာ – မြင့်မြတ် ဆိုရင် “Myint” ကို First Name နဲ့ “Myat” ကို Last မှာထည့်သွင်းရမှာပါ။ ပြီးရင် Next ကိုနှိပ်လိုက်ပါ။

နောက်တစ်ဆင့်ကတော့ ID အတွက် အရေးကြီးတဲ့ email address ကို ထည့်သွင်းရမှာပါ။ သင့်အနေနဲ့ သင့်လက်ရှိ email (မည်သည့် email မဆို) နဲ့ ဒါမှမဟုတ် iCloud ကနေ Free ပေးတဲ့ Email ကိုပြုလုပ်အသုံးချနိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်လက်ရှိ mail ကိုပဲထည့်သွင်းလိုက်ပါတယ်။

how-to-make-an-apple-ID2
ကဲ..လွယ်ကူပါတယ်နော်…၊ နောက်တစ်ဆင့်သွားကြည့်ရအောင်။
၃) ဒီအဆင့်မှာတော့ email နဲ့ Password ကို ထည့်သွင်းရမှာပါ။ အရင်ဆုံး email address ကို ရိုက်ထည့်လိုက်ပါ။  ဥပမာ – kokoko@gmail.com ဒါမှမဟုတ် ခုနက iCloud.com  စတဲ့ သင့် email တစ်ခုခုပေါ့။ ပြီးရင် Next ကို နှိပ်လိုက်ပါ။
Password ကိုထည့်သွင်းရမှာဖြစ်ပါတယ်။ ပထမ Box မှာ Password ကိုရိုက်ထည့်ရမှာပါ။ Password ကို အနည်းဆုံး ၈လုံးနဲ့ Capital Letter, ဂဏန်းစတာတွေကို ထည့်သွင်းပြီးလုပ်ပေးပါ။ နောက်ထပ် Box တစ်ခုကတော့ Password Verify ဖြစ်ပြီး အပေါ်ကရိုက်ခဲ့တဲ့ Password ကိုပြန်လည် ရိုက်ထည့်ပေးပြီး Next ကိုနှိပ်လိုက်ပါ။
Security Questions တွေကို ဖြေပေးရမှာပါ။ မေးခွန်းသုံးခုကို ကိုယ့်ဖာသာရွေးချယ်ဖြေကြားရမှာပါ။ ဥပမာ –
  • ပထမမေးခွန်း – သင်ကျောင်းသားဘဝကနှစ်သက်ခဲ့ရတဲ့မင်းသားကဘယ်သူလဲ၊ ဖြေ – Leonardo DiCaprio
  • ဒုတိယမေးခွန်း – သင်ပထမဆုံးရုံမှာကြည့်ခဲ့ဖူးတဲ့ရုပ်ရှင်ကဘာလဲ၊ ဖြေ – The Terminator
  • တတိယမေးခွန်း – သင်အရင်ဆုံးသွားခဲ့ဖူးတဲ့ကမ်းခြေကဘာလဲ၊ ဖြေ – Ngwe Saung
စသည်ဖြင့်ပေါ့။ ဒါတွေက နမူနာပြထားတာပါ။ အဲ့လို Question လေးတွေကို အင်္ဂလိပ်လိုမေးထားမှာဖြစ်ပြီး သင်နှစ်သက်ရာ ရွေးချယ်ဖြေကြားနိုင်ပါတယ်။

how-to-make-an-apple-ID3

၎) နောက်တစ်ဆင့်ကတော့ လွယ်ပါတယ်။ Teams and Conditions ခေါင်းစဉ်မှာ အောက်ဆုံးက Agree ဆိုတာကို Tap လုပ်ပေးလိုက်ပါ။

နောက်တစ်ဆင့်မှာ Safari က iCloud data, Reminders, Contacts နဲ့ Calendars စတာတွေကို Merge (ပေါင်းထားမလား) Don’t Merge (မပေါင်း) စတာတွေကို ရွေးရမှာပါ။ အရေးမကြီးပါဘူး။ Merge ပဲရွေးလိုက်ပါတယ်။

ပြီးရင်နောက်ဆုံးအဆင့်အနေနဲ့ Find My iPhone Enabled ကို OK နှိပ်လိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါပြီ။ iPhone/iPad တွေနဲ့ အထက်ပါအဆင့်တွေအတိုင်း ID တစ်ခုကို အလွယ်တကူပြုလုပ်နိုင်ပါတယ်။

how-to-make-an-apple-ID4

PC မှာတော့ iPhone/iPad မှာလုပ်တဲ့ပုံစံနဲ့ နည်းနည်းကွဲပြားမှုရှိပါတယ်။ နည်းနည်းလေးပါ။ အဲ့ဒါကတော့ သင့်အနေနဲ့ Security Question ကို ရွေးချယ်ဖြေကြားပြီးသွားရင်၊ နောက်ဆုံး Verify လုပ်ဖို့အဆင့်ပါ။ သင့်အနေနဲ့ သင့်Mail ထဲကို ပို့လာတဲ့ Password ခြောက်လုံးကို သူပေးထားတဲ့ 6 Digits Passcode Box မှာရိုက်ထည့်ပြီး Verify လုပ်ရမှာပါ။ အဲ့ဒါမှ သင့်အနေနဲ့ ID ကိုအတည်ပြုပြီး ရရှိမှာ ဖြစ်ပါတယ်။

ကဲသင့်အနေနဲ့ အထက်မှာဖော်ပြခဲ့တဲ့အဆင့်တွေအတိုင်း PC နဲ့ iPhone/iPad တွေကနေ Apple ID ကိုအလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ နောက်ပိုင်း Apple ID နဲ့ ပတ်သက်လို့ ပိုမိုသိချင်ကြတယ်ဆိုရင်။ ID အကောင့် Password မေ့သွားတာ၊ စတဲ့ပြသနာတွေအတွက် အကောင့်ကို ပြန်ပြီး Recover လုပ်ပုံကို ထပ်မံတင်ဆက်ပေးပါမယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Website တွေမှာ ဗီဒီယိုတွေ အလိုအလျောက်ပွင့်နေတာကို ဘယ်လိုပိတ်မလဲ ♫


Website တွေမှာ တွေ့ရတဲ့ autoplay video တွေဟာ တခါတလေ တော်တော်စိတ်ညစ်စရာကောင်း ပါတယ်။ အရေးကြီးကိစ္စရှိလို့၊ ဖုန်းကနေ အင်တာနက်လွှင့်ပြီး၊ ကွန်ပြူတာနဲ့ website တွေကြည့်နေတဲ့ အခါမျိုးဆိုရင် အလိုအလျောက်ပြသတဲ့ autoplay video တွေကြောင့် ဖုန်းအင်တာနက်ဖိုးတွေ မလိုအပ်ဘဲကုန်ရသလို၊ စိတ်အနှောင့်အယှက် လည်း ဖြစ်ရပါတယ်။

ဒါဆို Web စာမျက်နှာတွေပေါ်က အလိုအလျောက်ပွင့်နေတဲ့ autoplay video တွေကို ဘယ်လိုပိတ်မလဲ။ နည်းလမ်းလေးကတော့ တကယ့်ကိုလွယ်ပါတယ်။
Website တွေပေါ် အလိုအလျောက်ပြသတဲ့ဗီဒီယိုအများစုဟာ Shockwave Flash နဲ့ အလုပ်လုပ်တာဖြစ်တဲ့ အတွက်ကြောင့်၊ Shockwave Flash ကိုအဓိကထားပြီး၊ ကန့်သတ်မှုတွေ လုပ်ရမှာဖြစ်ပါတယ်။

Chrome ဘရောက်ဆာသုံးသူဆိုရင်

Chrome သုံးသူတွေအတွက် နည်းလမ်းလေးက အလွန်လွယ်ကူပါတယ်။ ပထမဦးဆုံး browser ကနေ New Tab တစ်ခုခေါ်ပြီး၊ URL မှာ “chrome://chrome/settings/content” လို့ ရိုက်ထည့်လိုက်ပါ။
ထို့နောက် Plugins ဆိုတဲ့နေရာထိ အောက်ကို scroll ဆွဲချလိုက်ပြီး၊ Plugins ခေါင်းစဉ်အောက်က “Let me choose when to run plugin content” ကို အမှန်ခြစ် ခြစ်ပေးလိုက်ရုံပါပဲ။
0101-block-flash-chrome-2-100535256-large

Firefox ဘရောက်ဆာသုံးသူဆိုရင်

Firefox မှာ အလိုအလျေုာက်ပြသတဲ့ဗီဒီယိုတွေကို ပိတ်နည်းက Chrome နဲ့ နည်းနည်းကွဲပါတယ်။ Firefox မှာ Ctrl + L ကို နှိပ်ပြီး၊ URL ဘားကို ၀င်ပြီး “about:addons” လို့ ရိုက်ထည့်လိုက်ပါ။ ပြီးရင်  Plugins နေရာကိုသွားပြီး၊ Shockwave Flash ဆိုတာကိုရှာပါ။

တွေ့ရင် Always Activate ကနေ Ask to Activate ပြောင်းပေးလိုက်ပါ။ အခုလို Shockwave plugin ကို ပိတ်လိုက်ပြီးရင်၊ နောက်တစ်ခါ Flash ဗီဒီယိုပါတဲ့ ဆိုက်တွေမှာ ဗီဒီယိုတွေ မြင်ရတော့မှာမဟုတ်ပါဘူး။ ဗီဒီယိုတွေကြည့်ချင်တယ်ဆိုရင်တော့၊ ဘရောက်ဆာ ညာဘက်အပေါ်ထောင့်က Allow ကို နှိပ်ပေးလိုက်ပါ။

0101-block-flash-firefox-100535259-large

Internet Explorer သုံးသူတွေအတွက်

IE သုံးတဲ့သူ တော်တော်နည်းသွားပြီဆိုပေမယ့်လည်း၊ သုံးနေသူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
window အပေါ်ဘက်၊ မီနူးဘားကနေ Tools> Manager add-ons ဆီသွားပါ။ Manage Add-ons  ဆိုတာ ကျလာရင်၊ Toolbars and Extensions ဆိုတာထဲဝင်ပြီး၊ Shockwave Flash Object ကို ကလစ်နှစ်ချက်လိုက်ပါ။

0101-block-flash-ie-100535261-large
0101-block-flash-ie-2-100535260-large

နောက်ထပ်ပေါ်လာတဲ့ More Information အကန့်အောက်က၊ Remove all sites ခလုတ်ကို နှိပ်လိုက်ရင် IE ဘရောက်ဆာမှာလည်း ဗီဒီယိုတွေ အလိုအလျောက်ပွင့်မှာမဟုတ်တော့ပါဘူး။
အလိုအလျောက်ပြသတဲ့ဗီဒီယို (auto play) ဗီဒီယိုတွေ အခုလို Plug-in နည်းနဲ့ ပိတ်နိုင်တယ်ဆိုပေမယ့်၊ ဒီဘတ်ခေတ်ဝက်ဘ်ဆိုဒ်တွေဟာ HTML5 video ဘက်ကို ပြောင်းကူးနေတာဖြစ်တာကြောင့်၊ တချို့ ဆိုက်တွေမှာ အထက်ပါနည်းတွေက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။

ဒီအတွက်လည်း HTML5 သုံး ဗီဒီယို၊ ကြော်ငြာတွေကို ပိတ်နိုင်မယ့်နည်းလမ်းရှိပါတယ်။

Google Chrome မှာဆိုရင်

Chrome မှာဆိုရင် ဒီလို HTML5 ပိတ်နိုင်တဲ့ feature ပါဝင်ခြင်းမရှိပါဘူး။ ဒီအတွက် Disable HTML5 Autplay ဆိုတဲ့ chrome extension တစ်ခုကို Chrome Web Store ကနေ ဒေါင်းလုဒ်ဆွဲရပြီး၊ Chrome မှာ သွင်းပေးလိုက်ပါ။

unnamed

Mozilla Firefox မှာဆိုရင်

Firefox မှာတော့ HTML 5 video ပိတ်တာက တပါတည်းပါလာပါတယ်။ ဒါပေမယ့် Firefox သုံးနေကျသူ မဟုတ်ရင် တွေ့ဖို့ခဲယဉ်းပါတယ်။
Firefox မှာပိတ်မယ်ဆိုရင်၊ New Tab တစ်ခုခေါ်ပြီး၊ URL နေရာမှာ “about:config” လို့ ရိုက်ထည့်လိုက်ပါ။ သတိပေးချက်တစ်ခုပေါ်လာရင်၊ Enter တစ်ချက်နှိပ်လိုက်ပါ။ ဒီအခါ စာရင်းတစ်ခုကျလာမှာဖြစ်ပြီး၊ အပေါ်က Search နေရာမှာ၊ autoplay လို့ ရိုက်ထည့်လိုက်ပါ။
အခုအခါ “media.autoplay.enabled” ဆိုတာလေးကို မြင်တွေ့ရမှာဖြစ်ပြီး၊ နဂိုအနေအထားမှာ သူ့ရဲ့ Value က True ဖြစ်နေပါလိမ့်မယ်။ ဒီစာသားလေးကို ကလစ်နှစ်ချက်နှိပ်လိုက်တာနဲ့ false လို့ ပြောင်းသွားမှာဖြစ်ပြီး၊ HTML 5 media တွေ အလိုအလျောက်ပြတာကို ပိတ်ပေးထားမှာဖြစ်ပါတယ်။

ximg_55e4789c500e8.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.ioC8HboKo0

 

Opera မှာဆိုရင်

Opera ကလည်း Chrome အတိုင်းပဲ browser extension နဲ့ပဲ ပိတ်ပစ်ရမှာပါ။ addons.opera.com ကနေ Disable HTML5 Autoplay ဆိုတာကို ဒေါင်းလုဒ်ဆွဲပြီး၊ install လုပ်လိုက်ရင်၊ HTML 5 ဗီဒီယိုတွေကို website တွေမှာ တွေ့မြင်ရတော့မှာမဟုတ်ပါဘူး။

Internet Explorer

HTML 5 ဗီဒီယိုတွေကို IE မှာတော့ လုံးဝပိတ်ပစ်လို့မရသေးပါဘူး။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

♪ Android apps တွေ ထည့်သုံးနိုင်တဲ့ ၁၈၉ ဒေါ်လာတန် Chromebook 11 G5 လက်ပ်တော့ကို HP မိတ်ဆက် ♫


HP ကုမ္ပဏီဟာ တန်ဖိုးနည်းလက်ပ်တော့ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Chromebook မော်ဒယ်အသစ်ကို မနေ့က မိတ်ဆက်သွားခဲ့ပါတယ်။

Chromebook 11 G5 လို့ နာမည်ပေးထားတဲ့ ယခုလက်ပ်တော့မှာ Android အက်ပလီကေးရှင်းတွေကိုပါ အဆင်သင့်ထည့်သုံးနိုင်ပြီး၊ ဈေးကလည်း ၁၈၉ ဒေါ်လာသာရှိပါတယ်။

Chrome OS မှာ Android app တွေကို run လို့ရအောင် Google က လုပ်ပေးခဲ့ပြီးနောက်၊ ထွက်ရှိလာတဲ့ Chromebook မော်ဒယ်အသစ်ဖြစ်ပြီး၊ နောက်ထွက်မယ့် Chrome OS သုံးစက်တွေမှာလည်း Google Play Store တပါတည်းပါဝင်လာမှာဖြစ်တာကြောင့် သန်းနဲ့ချီတဲ့ Android apps တွေကို Chrome OS မှာတင် လွယ်လွယ်ကူကူ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

ဒီလက်ပ်တော့ရဲ့ နောက်ထပ်ကောင်းတဲ့တစ်ချက်ကတော့၊ ဘက်ထရီသက်တမ်း ၁၂.၅ နာရီလောက် အသုံးခံနိုင်ပြီး၊ တန်ဖိုးနည်းလက်ပ်တော့တွေထဲမှာ ဘက်ထရီအကောင်းဆုံးလက်ပ်တော့တစ်လုံးလို့ ဆိုနိုင်ပါတယ်။

Chromebook 11 G5 ကို touchscreen အနေနဲ့လည်း ရွေးချယ်ဝယ်ယူနိုင်တာကြောင့်၊ Android apps တွေ သုံးတဲ့အခါ အခက်အခဲတွေ့ရတော့မှာမဟုတ်ဘဲ၊ ကိုယ့်အကြိုက် Android ဂိမ်းတွေကို လက်ပ်တော့နဲ့ အားရပါးရဆော့ကစားနိုင်မှာပါ။ မျက်နှာပြင်ကို Touchscreen နဲ့ယူမယ်ဆိုရင်တော့ ၁၈၉ ဒေါ်လာထက် အနည်းငယ်ပိုပေးရမှာဖြစ်တယ်လို့ HP က ပြောပြထားပါတယ်။ ဘယ်မော်ဒယ်ယူယူ မျက်နှာပြင်က ၁၁.၆ လက်မဖြစ်ပြီး၊ resolution ကတော့ 1366×769 pixels ပဲဖြစ်ပါတယ်။

hp-chromebook_front-100668478-large

Chromebook 11 G5 မှာ Intel Celeron N3060 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ အမြင့်ဆုံးမြန်နှုန်း 2.48 GHz အထိပေးနိုင်ပါတယ်။ RAM အနေနဲ့ 2 GB နဲ့ 4GB မော်ဒယ်နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်ကာ၊ လက်ပ်တော့ storage မှာလည်း  16 နဲ့ 32 GB ဆိုပြီး နှစ်မျိုးရှိမှာဖြစ်ပါတယ်။

လက်ပ်တော့ရဲ့ USB port နေရာမှာ G4 မော်ဒယ်အဟောင်းတုန်းကလို၊ USB 2.0 အပေါက်တွေနဲ့ မဟုတ်တော့ဘဲ၊ ပိုမိုမြန်ဆန်တဲ့ USB 3.0 ဖြစ်သွားတာကို တွေ့ရပါတယ်။ အလေးချိန်ကတော့ ၂.၈၁ ပေါင် ပါ။

HP ရဲ့ Chromebook 11 G5 တန်ဖိုးနည်းလက်ပ်တော့ကို အောက်တိုဘာလလောက်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး၊ အနိမ့်ဆုံးဈေးက ၁၈၉ ဒေါ်လာဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...
Related Posts Plugin for WordPress, Blogger...