မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, September 26

♪ နည်းပညာအသစ်ပုံစံအသစ်တွေနဲ့ ဈေးကွက်ထဲရောက်ရှိလာပြီဖြစ်တဲ့ - " Xiaomi Mi Mix 2 " ♫

Image may contain: phone and screen

Xiaomi ဟာ မနှစ်က ဘေးဘောင်မပါသလောက်နီးပါးဖြစ်တဲ့ Mi Mix ကို ထုတ်လုပ်ခဲ့ပြီး 2017 ရဲ့ display အဓိကအသားပေးတဲ့ ဒီဇိုင်းမှာ ဦးဆောင်ခဲ့ပါတယ်။ Xiaomi Mi Mix 2 မှာတော့ ယမန်နှစ်ကထက် ပြိုင်ဘက်တွေ ပိုများလာခဲ့ပြီဖြစ်တာကြောင့် အခြေအနေဘယ်လိုရှိမယ်ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ Mi Mix 2 ဟာ ကြိုတင်ခန့်မှန်းနိုင်တဲ့ update တစ်ခုဖြစ်ခဲ့ပြီး ကွဲပြားတဲ့ display ဒီဇိုင်းနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ အတော်များများအတွက်မူ Mi Mix ဟာ ဘေးဘောင်မပါသလောက်ရှိတာတောင်မှ ကြီးလွန်းနေခဲ့ပြီး ဒါတွေဟာ Mi Mix 2 မှာ ပြောင်းလဲခဲ့ကာ အားသာချက်တွေအားလုံးကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ အဆင့်မြှင့်ခဲ့တဲ့ ဒီဇိုင်းမှာ ဘေးထောင့်တွေကို ကွေးဝိုက်ထားပြီး အလျူမီနီယံဘောင်နဲ့ ကြွေသားနဲ့ ဖန်တီးထားတဲ့အတွက် ကျောဘက်တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ပိုသေးလာတာကြောင့် လက်ထဲမှာ သက်သောင့်သက်သာ ကိုင်ထားနိုင်ပါတယ်။ Mi Mix 2 မှာ headphone jack မပါဝင်လို့ ဒါကိုတော့ မနှစ်သက်သူတွေ ရှိနိုင်ပါတယ်။

Xiaomi Mi Mix 2 ဟာ 5.99" display full HD resolution နဲ့ 18:9 aspect ratio တို့ရှိပါတယ်။ Display ရဲ့ အရည်အသွေးဟာ အထူးကောင်းမွန်ပြီး ဘေးဘောင်တွေ မပါသလောက်ရှိတာကြောင့် ကြည့်ရတာ အထူးကောင်းမွန်ခဲ့ပါတယ်။ ထိပ်ဘက်ပိုင်းဟာလည်း ဘေးဘောင်နှစ်ဖက်လိုပဲ ပါးလွှာလွန်းတာကြောင့် ရှေ့ကင်မရာကို အောက်ဖက်ထောင့်ကို ရွှေ့ခဲ့ရပါတယ်။ 5MP selfie ကင်မရာကို သုံးချိန်မှာ ပိုပြီးသဘာဝကျကျရိုက်နိုင်ဖို့ ဖုန်းကိုလှည့်ပေးဖို့ ကင်မရာ app က သတိပေးမှာဖြစ်ပါတယ်။ Mi Mix ရဲ့ နောက်ထပ်ပြဿနာက စပီကာဖြစ်ပြီး Mi Mix 2 မှာ တကယ့်စပီကာကို ပြန်လည်ထည့်သွင်းပေးလာခဲ့ပါတယ်။ Ultrasonic proximity sensor ကြောင့် ဖုန်းဟာ မျက်နှာနားမှာလား ၊ အိတ်ကပ်ထဲမှာလားဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ Mi Mix 2 မှာ Qualcomm Shapdragon 835 ပါဝင်ပြီး RAM 6GB ပါဝင်သလို 64 / 128 / 256 GB storage တွေကိုလည်း ရွေးချယ်နိုင်တာကြောင့် ဒီဇိုင်းနဲ့ display ကိုပဲ အသားပေးတဲ့ ဖုန်းတစ်ခုမဟုတ်တာ သေချာခဲ့ပါတယ်။ 3400 mAh ဘက်ထရီပါဝင်ပြီး အားအမြန်ဖြည့်နိုင်ဖို့ Qualcomm ရဲ့ Quick charge 3.0 ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် ဒီဖုန်းကို အထူးဒီဇိုင်းအနေနဲ့လည်း ထုတ်လုပ်ပေးမှာဖြစ်ပြီး ဒါကတော့ ဘေးက အလျူမီနီယံဘောင်မပါတဲ့ ကြွေသားသီးသန့် unibody ဒီဇိုင်းဖြစ်ပြီး ကင်မရာပတ်ပတ်လည်မှာ 18K PVD gold coating ပါဝင်မှာ ဖြစ်ပါတယ်။ ဒီအထူးထုတ်လုပ်ထားတဲ့ special edition Mi Mix 2 မှာ RAM 8 GB နဲ့ storage 128 GB ပါဝင်မှာ ဖြစ်ပါတယ်။
ကင်မရာဟာ dual မဟုတ်ဘဲ IMX 386 image sensor နဲ့ 4 axis optical image stabilization f/2.0 aperture ရှိတဲ့ ကင်မရာတစ်ခုပဲ ဖြစ်ပါတယ်။ ကင်မရာ app ကတော့ အခြားသော Xiaomi ဖုန်းတွေနဲ့ မကွာခြားလှပါဘူး။ Mi Mix 2 ဟာ ကမ္ဘာကိုပါ ဖြန့်ချိမှာဖြစ်တဲ့အတွက် Mi Note 2 ထက် band တွေ ပိုမိုများပြားစွာ ပါဝင်ခဲ့ပါတယ်။ Mi Mix 2 ဟာ ကမ္ဘာ့နေရာအနှံ့အပြားကို ပိုမိုရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ခြုံငုံသုံးသပ်ရရင် Mi Mix 2 ဟာ မူလဖုန်းရဲ့အမှားတွေကို ပြင်နိုင်ခဲ့ပြီး 6" display ဟာ ကြီးမားပေမယ့် ကိုင်တွယ်ရလွယ်ကူခဲ့ပါတယ်။ ကွေးထားတဲ့ထောင့်တွေနဲ့ ကြွေသားကြောင့် ဖုန်းဟာ လှပရုံမက လက်ထဲမှာ သက်သောင့်သက်သာ ကိုင်ထားနိုင်စေပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် လက်ထဲမှာ display တစ်ခုကိုပဲ ကိုင်ထားရတယ်ဆိုတဲ့ ခံစားချက်ကိုလည်း ပေးနိုင်ခဲ့ပါတယ်။
>>>>>>>>>>>>

 Image may contain: phone

" Xiaomi Mi Note 3 "
----------------
Mi Note 3 မှာ 5.5" display ပါဝင်ပြီး Snapdragon 660 chipset ကို RAM 6GB နဲ့ တွဲဖက်သုံးစွဲထားပါတယ်။ Storage ကို 64 (သို့) 125 GB ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Mi Mix 2 လို Bezeles design ကို သုံးမထားတဲ့အတွက် Mi Mix 2 လောက် ကျစ်လျစ်မှုမရှိပေမယ့် Xiaomi ရဲ့အဆိုအရ ဘေးဘောင်တွေဟာ ပါးလွှာဆဲဖြစ်တာကြောင့် iPhone 7 Plus ထက် သေးငယ်တယ်လို့ ဆိုထားပါတယ်။ Mi Note 3 ရဲ့ အဓိက feature တစ်ခုကတော့ ကျောဘက်မှာပါဝင်တဲ့ dual-camera ပုံစံပဲဖြစ်ပြီး 12 MP wide-angle lens နဲ့ 12 MP telephoto lens တို့ပါဝင်ကာ 2x optical zoom ပါဝင်ပါတယ်။ ကင်မရာဟာ 4 axis optical image stabilization ကိုသုံးထားပြီး botech image တွေကို ရိုက်ကူးနိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ ရှေ့ဘက်ကင်မရာဟာ 16MP ဖြစ်ပြီး Adaptable A1 Beauty Mode ပါဝင်ပါတယ်။ ပုံရဲ့အရည်အသွေးကို မထိခိုက်စေဘဲ သဘာဝကျတဲ့ beautify effect ကိုရနိုင်မယ်လို့ ဆိုပါတယ်။ Mi Note 3 မှာ 3500 mAh ဘက်ထရီပါဝင်ပြီး NFC နဲ့ IR blaster တို့ပါဝင်သလို စတီရီယိုစပီကာလည်း ပါဝင်ပါတယ်။ Fingerprint scanner ကိုလည်း display အောက်ဘက် home ခလုတ်နေရာမှာ ထည့်သွင်းထားပြီး USB Type C port ပါဝင်သလို ဖုန်းကို unlock လုပ်ဖို့ fecial recognition ကိုလည်း သုံးနိုင်ပါတယ်။
Mi Note 3 ဟာ Mi 6 နဲ့ များစွာတူညီပြီး ကျောဘက်ကို ကွေးထားတာကြောင့် ကိုင်တွယ်ရ ပိုမိုအဆင်ပြေစေခဲ့ပါတယ်။ အနက်နဲ့ အပြာရောင်တွေကအစ Mi 6 နဲ့တူညီခဲ့ပြီး အရွယ်အစားပိုကြီးလာတာပဲ ရှိခဲ့ပါတယ်။ Software တွေဟာလည်း တူညီပြီး MIUI သုံးစွဲနေကျသူများအတွက် အခက်အခဲမရှိ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ခလုတ်အပိုတွေ ထည့်သွင်းပေးနိုင်မယ့် soft key, Dual app စတာတွေ ပါဝင်လာပါတယ်။ App drawer မပါတဲ့ home screen ကိုတော့ နှစ်သက်သူတွေကော မနှစ်သက်သူတွေပါ အမျိုးမျိုးကွဲပြားနေကြပါတယ်။ ကင်မရာနှစ်ခုဟာ dual 12 MP ဖြစ်ပြီး ပုံမှန်နဲ့ zoom lens ပေါင်းစပ်မှုဟာ portrait mode ကို Android ထံ ယူဆောင်ပေးလာခဲ့ပါတယ်။
အကန့်အသတ်နဲ့ပဲ ထုတ်လုပ်ရခြင်းဟာ Xiaomi အနေနဲ့ feature တွေကို စမ်းသပ်ချင်လို့ ဖြစ်နိုင်ပါတယ်။ A1 Beautify mode ကို ရှေ့ဘက် 16MP ကင်မရာနဲ့ သုံးနိုင်ပြီး beautify သုံးတာစွဲနေတဲ့ ပရိသတ်တွေအတွက် အဓိကရည်ရွယ်ခဲ့ပုံရပါတယ်။ မျက်နှာအနေအထားကို ပြင်ဆင်ပေးနိုင်တဲ့အပြင် Virtual makeup ပါ ပါဝင်လာခဲ့ပြီး အမျိုးသမီးတွေသာမက အမျိုးသားများမှာပါ သုံးနိုင်တယ်လို့ ဆိုထားပါတယ်။ ပြောရမယ်ဆိုရင် Mi Note 3 ဟာ တရုတ်ဈေးကွက်မှာ စမ်းသပ်ထုတ်လုပ်တာနဲ့တူနေပြီး အဆင်သင့်ဖြစ်တဲ့အချိန်မှ ကမ္ဘာ့ဈေးကွက်ထဲမှာ မြင်ရမယ်လို့ ယူဆထားနိုင်ပါတယ်။ ဈေးနှုန်းအရ 64GB ဟာ RAM 2499 $385 ၀န်းကျင်နဲ့ 128GB ကိုတော့ RMB 2899 $445 ၀န်းကျင် သတ်မှတ်ထားပါတယ်။ စတင်ရောင်းချမယ့်ရက်စွဲကို မသိရသေးပါဘူး။
>>>>>>>>>>>>

Image may contain: screen and laptop

" Mi Notebook Pro "
----------------
Xiaomi ဟာ Mi Notebook Pro ကို ပြသသွားခဲ့ပြီး CEO LeiJum က ဈေးသက်သာပြီး ကောင်းမွန်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးထားတာဟာ ရိုးရှင်းတဲ့ စကားတစ်ခုဖြစ်ပေမယ့် လက်တွေ့လုပ်ဆောင်ရာမှာ ခက်ခဲတယ်လို့ ဆိုခဲ့ပါတယ်။ Mi Notebook Pro ဟာ 8th generation i7 processor သုံးတဲ့ အစောပိုင်း notebook တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး ယခင်မျိုးဆက် processor တွေထက် 40% ပိုမိုစွမ်းဆောင်ရည်မြင့်မားလာပြီး ယခင်မျိုးဆက်တွေထက် စွမ်းအင်သုံးစွဲမှုအပိုင်းမှာလည်း ပိုမိုထိရောက်လာခဲ့ပါတယ်။ 15" Notebook မှာ dual channel RAM 16GB ထိပါဝင်ပြီး storage ကလည်း 1 TB SSD ထိပါဝင်နိုင်ကာ Nvidia Geforce MX 150 ဂရပ်ဖစ်ကတ်ကို သုံးစွဲထားပါတယ်။ LeiJum ရဲ့အဆိုအရ Mi Notebook မှာ အထူးဖန်တီးထားတဲ့ cooling system ပါဝင်ပြီး dual-fans နဲ့ ပိုမိုကြီးတဲ့ heat pipe တွေက လေစီးဆင်းမှုကို နှစ်ဆတိုးစေမယ်လို့ ဆိုထားပါတယ်။ ဒီဇိုင်းအရ Mi Notebook Pro ဟာ ရှင်းရှင်းလင်းလင်းပုံစံရှိပြီး မီးခိုးရင့်အရောင်ဟာ နောက်ဆုံးထုတ် MacBook Pro ကို သတိရစေပါတယ်။ LeiJun က Xiaomi ရဲ့ အင်ဂျင်နီယာများဟာ MacBook Pro ကို သဘောကျပြီး Mi Notebook Pro ကို ဒီဇိုင်းထုတ်ရာမှာ MacBook Pro နဲ့ ဆင်တူတာတွေရှိတယ်လို့ ဆိုခဲ့ပါတယ်။
Mi Notebook Pro မှာ ထူးခြားမှုအနေနဲ့ Fingerprint sensor ပါဝင်ပြီး trackpad ရဲ့ ညာဘက်အပေါ်ထောင့်မှာ တပ်ဆင်ထားပါတယ်။ Display ကို Coming Gorilla Glass 3 နဲ့ ကာကွယ်ပေးထားပြီး ဘေးဘောင်တွေဟာ အထူးပဲပါးလွှာပြီး 6.25 mm သာရှိပါတယ်။ Connectivity အတွက် Mi Notebook Pro မှာ SD card slot ပါဝင်သလို USB Type C port နှစ်ခု၊ HDMI နဲ့ headphone jack စတာတွေ ပါဝင်ပါတယ်။ Mi Notebook ကို 6999 RMB နဲ့ တရုတ်မှာ ရောင်းချမှာဖြစ်ပါတယ်။ 15.6" Display ပါဝင်ပြီး 1.95 kg သာ လေးပါတယ်။ MacBook Pro ကို တကယ်ပဲယှဉ်ပြီး ရောင်းချနိုင်မလားဆိုတာကတော့ အချိန်ကာလကပဲ အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




Read More ...

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

No automatic alt text available.

မေး - အစ်ကိုရေ ဘယ်ဖုန်းပဲဖြစ်ဖြစ် EMMC Partition ကြည့်လို့ရတဲ့ adb Command လေးများရှိရင် ပြောပြပေးပါ။
ဖြေ - ဟုတ်ကဲ့။ မည်သည့်ဖုန်းကိုမဆို ကြည့်လို့ရပါတယ်။ ဒါပေမဲ့ မိမိကြည့်လိုတဲ့ဖုန်းမှာတော့ Root Accesses ရယူထားရပါမယ်။ ပြီးရင် အောက်ပါ Command တွေထဲက နှစ်သက်ရာ Command တွေသုံးပြီး EMMC Partition ထဲမှာရှိတဲ့ Data တွေကို ကြည့်လို့ရပါတယ်။ cat proc/emc, cat proc/partition, cat proc/mtd

မေး - မင်္ဂလာပါအစ်ကို။ Samsung ဖုန်းတွေကို Root မဖောက်ဘဲ မြန်မာဖောင့်ထည့်လို့ ရပါသလားခင်ဗျာ။ ဖြေကြားပေးပါဦး။ ကျေးဇူးတင်ပါတယ်။
ဖြေ - ဟုတ်ကဲ့။ မင်္ဂလာပါခင်ဗျာ။ Samsung ဖုန်းတွေကို Root မဖောက်ဘဲ မြန်မာစာသွင်းလို့ရပါတယ်။ Android Version ပေါ်မူတည်ပြီး Display Font နဲ့ English Zawgyi သွင်းတဲ့နည်းတွေနဲ့ မြန်မာစာအသုံးပြုလို့ ရပါတယ်ခင်ဗျာ။

မေး - ကျွန်တော့်ဖုန်းက Huawei Y635-CL00 ပါအစ်ကို။ Screen Security Lock မမှတ်မိတော့လို့ပါ။ အရေးကြီး Data တွေလည်း ဖုန်းထဲက မပျက်ချင်ပါဘူး။ ကူညီပါဦးဗျာ။
ဖြေ - မင်္ဂလာပါခင်ဗျာ။ အစ်ကို့ဖုန်းကို Data မပျက်ဘဲ Lock ဖြည်ဖို့အတွက် ဖုန်းမှာ Bootloader Unlock ဖြစ်ရပါမယ်။ Root Permission ရှိရပါမယ်။ Custom Recovery သွင်းရပါမယ်။ Patter Disable.zip ကို Recovery Mode မှတဆင့် Install လုပ်ပေးရင် ရပါပြီခင်ဗျာ။ အဆင်ပြေပါစေဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Normal SIM ထည့်ရပါတယ်။ SIM ထုတ်လိုက်တဲ့အချိန်မှာ Nano SIM လေးက ထွက်လာပြီး ဘေးဘောင်က ကျန်နေလို့ ဆွဲထုတ်လိုက်တော့ ရသွားတယ်။ ဒါပေမဲ့ SIM ပြန်တက်လိုက်တော့ No SIM ပြနေတယ်။ ဘာဖြစ်တာလဲ မသိဘူးဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အစ်ကို့ဖုန်း SIM ကတ်ဘောင်ကို ဆွဲဖြုတ်လိုက်တဲ့အချိန်မှာ SIM Card အထိုင်မှာပါတဲ့ ငုတ်လေးတွေ ကျိုးသွားလို့ ဖြစ်ဖို့များပါတယ်။ SIM Card အထိုင်လဲရင် အဆင်ပြေမှာပါအစ်ကို။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G Play Mini ဖုန်းပါ။ LCD မှာ အဖြူရောင်ပဲပေါ်လို့ ရုပ်မပေါ်လို့ပါဗျာ။ ဘယ်လိုလုပ်ရမလဲ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ ပထမဦးဆုံး LCD အသစ်တစ်ချပ်နဲ့ စမ်းကြည့်ပါဗျာ။ အသစ်မှာလည်း အဲ့လိုပေါ်နေတယ်ဆိုရင် Firmware တင်ကြည့်ပါလား။ ပြုတ်ကျလို့ အများဆုံးဖြစ်တာကတော့ LCD Socket နားက EMI Filter လေးတွေကြောင့် အဖြစ်များပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့် Huawei G-610 ဖုန်းလေးက Logo တင် လည်နေလို့ပါဗျာ။ အဲ့ဒါ ဘယ်လိုဖြေရှင်းရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အဲ့ဒီ Error က ပထမဆုံး Firmware အရင်တင်ကြည့်ပါ။ တင်ကြည့်လို့မရမှ Battery လဲကြည့်ပေးပါ။ ကျွန်တော့်အတွေ့အကြုံအရတော့ Battery လဲရင် ကောင်းတာများတယ်။ မရမှ ကျန်တဲ့အပိုင်းကို ပြန်လိုက်ပေးရပါမယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဖုန်းဆက်လို့မရလို့ပါ။ ကျန်တာအကုန်ရတယ်။ သီချင်းလည်းဖွင့်ရတယ်။ Video လည်း ဖွင့်ရတယ်။ Game ဆော့လို့လည်း ရပါတယ်ဗျာ။
ဖြေ - အစ်ကိုရေ အစ်ကို့ဖုန်းဘေလေး အရင်စစ်ကြည့်ပါ။ စစ်လို့ပြီးရင် *#06#* ကိုနှိပ်ပြီး စစ်ကြည့်ပါ။ အဲ့ဒီမှာ IMEI နံပါတ်ရှိနေတယ်ဆိုရင် Hardware အနေနဲ့ ဖြေရှင်းရဖို့များပါတယ်။ အဲ့ဒီမှာ သေချာချင်ရင်တော့ အပေါ် Bar ကို ဆွဲချကြည့်ပါ။ No Sim လား၊ No Service လားပေါ့ဗျာ။ No Sim ဆိုရင် Sim အထိုင်လဲပေးရမှာမို့ ဆိုင်ကိုသွားပါဗျာ။ No Service ဆိုရင်တော့ Emergency Call ခေါ်ပြီး Clear Network လုပ်ကြည့်ပါ။ မရပါက Firmware တင်ရမှာမို့ ဆိုင်သွားပြပေးပါဗျာ။

မေး - ကျွန်တော့် G6 Huawei ဖုန်းလေးပါဗျ။ အားသွင်းတော့လည်း အားဝင်တာ အရမ်းကြာတယ်။ ဒါတောင်မှ 2% လောက်ပဲတက်တယ်။ အားသွင်းကြိုးဖြုတ်လိုက်တော့လည်း အားသွင်းတဲ့ပုံပြနေတယ်။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - အစ်ကိုရေ Charger IC နဲ့ အဲ့ဒီအနီးနားက Component လေးတွေစစ်ပါ။ USB ခေါင်းနားတစ်ဝိုက်လည်း စစ်ပါဦးဗျ။ ဘာရှော့မှလည်း မတွေ့ရဘူးဆိုရင် Power IC ကို အပူပေးပြီး လှုပ်ကြည့်ပါလား။ မရဘူးဆိုမှ Power IC ဖြုတ်လဲပေးပါဗျ။ ကျွန်တော်ကတော့ Power IC လဲလိုက်မှ အဆင်ပြေသွားတာဗျ။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





Read More ...

♪ ဈေးနှုန်းချိုသာတဲ့ Tablet - " Teclast X10 Quad Core Tablet " Price - 104,000 Ks ♫

No automatic alt text available.

ဒီတစ်ပတ်မှာ ထပ်မံရောက်ရှိလာသော X10 Quad Core New Version လေးကတော့ Slim Metal Body နဲ့ Smart ကျကျ Design ဆင်ပေးထားတဲ့ Tablet အမျိုးအစားလေးပဲ ဖြစ်ပါတယ်။ Screen Size 10.1 IPS Display ဖြစ်ပြီး 1280×800 Resolution ကြောင့် ရုပ်ထွက်ကတော့ တော်တော်လေး ကာလာစိုပါတယ်။ 

GPU အနေနဲ့ Mail 400 သုံးထားသဖြင့် ရုပ်ရှင်ကြည့်ရာတွင်သာမက ဂိမ်းဆော့တဲ့အခါတွင်လည်း ရုပ်ထွက်ပိုမိုကြွလာစေပါတယ်။ ဒါ့အပြင် Power စားသက်သာတဲ့ Emmc နဲ့ Ram တို့ကို သုံးထားပေးလို့ Battery ကို ပုံမှန်ထက် ပိုအသုံးခံစေပါတယ်။ Ram 1GB နဲ့ Rom 16GB ပါဝင်ပြီး Storage ကို နောက်ထပ် 32GB အထိ တိုးမြှင့်လို့လည်း ရပါသေးတယ်။

4900 mAh ပမာဏရှိတဲ့ Battery လေးကတော့ Tablet ကို 4, 5 နာရီအထိ အသုံးခံစေပါတယ်။ Operation System အနေနဲ့ဆိုရင် Android Version 4.4 ကို အသုံးပြုပေးထားပြီး Main Frequency 1.3GHz ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်တာ ၀ါသနာပါသူများအတွက်လည်း ရှေ့ကင်မရာ 2 Megapixel နဲ့ နောက်ကင်မရာ 5 Megapixel ကို ထည့်သွင်းပေးထားပါတယ်။ Data တွေကူးနိုင်ဖို့အတွက် OTG Support လည်း ပါဝင်မှာဖြစ်ပါတယ်။


ICB, Ph : 01-248257, 01-385052



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





Read More ...

♪ " DxO Mark မှ iPhone 8 Plus နှင့် 8 ကို အကောင်းဆုံးစမတ်ဖုန်းကင်မရာအဖြစ် သတ်မှတ် " ♫

Image may contain: phone and text

DxO Mark သည် iPhone 8 နှင့် 8 Plus တို့၏ကင်မရာများကို စမ်းသပ်ခဲ့ပြီး ပထမနေရာနှစ်ခုကို ရယူသွားခဲ့ကာ HTC U II နှင့် Google Pixel တို့အား ကျော်ဖြတ်သွားခဲ့ပြီဖြစ်သည်။ DxO တွင် Pixel သည် U II နှင့်အတူ ရမှတ် 90 ဖြင့် ဦးဆောင်နေခဲ့ပြီး ယခုတခါ iPhone 8 Plus ၏ ကင်မရာမှာ အကောင်းဆုံးဖြစ်လာခဲ့၍ ရမှတ် 94 မှတ်ထိရခဲ့ပြီး iPhone 8 မှာ ဒုတိယနေရာတွင် 99 မှတ်ဖြင့် ရယူထားခဲ့သည်။

iPhone 8 Plus သည် ဓာတ်ပုံရိုက်ကူးရာတွင် အားသာခဲ့ပြီး စံချိန်ချိုးသည့် ရမှတ် 96 မှတ်ထိ ရရှိခဲ့ကာ ဗီဒီယိုရိုက်ကူးရာတွင်မူ HTC U II နှင့်တူညီ၍ 89 မှတ်ရခဲ့ပြီး Pixel ၏ 91 မှတ်ထက် အနည်းငယ်လျော့နည်းခဲ့သည်။ iPhone 8 Plus တွင် ဓာတ်ပုံအရည်အသွေး အထူးကောင်းမွန်သလို ထိပ်တန်းအဆင့် Portrait Mode လည်းပါဝင်ပြီး HDR မြင်ကွင်းများ၌လည်း ဦးဆောင်နိုင်ခဲ့သည်။

အကောင်းဆုံး Zoom နှင့် အကောင်းဆုံး Bokch Effect များရှိကာ Video Stabilization နှင့် Color Rendering လည်း အထူးကောင်းမွန်ကြောင်း တွေ့ရသည်။ အားနည်းချက်များအနေဖြင့် အချို့အခြေအနေများတွင် Autofocus ပြဿနာရှိပြီး Video အတွက် Exposure ပြဿနာရှိနေပြီး မှောင်သောနေရာတွင် ရိုက်ကူးလျှင် Noise များဖြစ်ပေါ်တတ်ကြောင်း သိရသည်။

iPhone 8 မှာ DxO Labs မှစမ်းသပ်ခဲ့သမျှ ကင်မရာတစ်ခုထဲပါသောဖုန်းများတွင် စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်လာခဲ့သည်။ iPhone 8 Plus ၏ ကင်မရာနှင့်အတူတူဖြစ်ရာ ထိုရလဒ်မှာ မထူးဆန်းဟု ဆိုနိုင်သည်။ ထို့ကြောင့် အားသာချက်၊ အားနည်းချက်များလည်း တူညီခဲ့သည်။ iPhone 8 နှင့် အကောင်းဆုံး HDR စွမ်းဆောင်ရည်ကို ရနိုင်မည်ဖြစ်သည်။ 



မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





Read More ...

♪ " Huawei Maimang 6 အား တရားဝင်ကြေညာခဲ့ " ♫

Image may contain: phone

Huawei သည် Maimang 6 ကို တရားဝင်ကြေညာသွားခဲ့ပြီး Kirin 659 SoC ပါဝင်ကာ Octa-core Processor ဖြစ်ပြီး 5.9” Display ပါဝင်ကာ 2160 x 1080 pixel Resolution နှင့် 18:9 aspect Ratio ရှိကြောင်း တွေ့ကြရသည်။ RAM 4GB နှင့်ထောက်ပံ့ပေးထားပြီး ဖုန်းတွင်းသိုလှောင်နိုင်စွမ်းမှာ 64GB ဖြစ်သည်။ အဆိုပါဖုန်းသည် စုစုပေါင်း ကင်မရာလေးခုထိပါဝင်ခဲ့ပြီး ကျောဘက်တွင် 16MP + 2MP ကင်မရာနှစ်ခုနှင့် ရှေ့ဘက်တွင် Selfie အတွက် 13MP + 2MP ကင်မရာနှစ်ခုတို့ကို တွေ့ရမည်ဖြစ်သည်။

156.2 x 75.2 x 7.5 mm အရွယ်အစားရှိပြီး 164g လေးကြောင်း သိရှိရသည်။ အဆိုပါဖုန်းသည် Android 7.0 Nougat ကိုအခြေခံလျက် EMUI 5.1 ပါဝင်သည်။ အဆိုပါဖုန်းအတွက် 3340 mAh ဘက်ထရီအား သုံးစွဲပေးထားသည်။ Maimang 6 ကို တရုတ်နိုင်ငံပြင်ပတွင် Mate 10 Lite အဖြစ် ရောင်းချဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ Maimang 6 ၏ကျောဘက်တွင် Fingerprint Sensor ကိုတွေ့နိုင်ပြီး Dual Sim ကို Hybrid SIM Slot ဖြင့် ထောက်ပံ့မှုပေးထားကြောင်း သိရှိရသည်။ 

 ရွေးချယ်နိုင်သောအရောင်များမှာ အနက်၊ ရွှေရောင်နှင့် အပြာရောင်တို့ဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းအရ မူ CNY 2399 ဟုသိရပြီး ဒေါ်လာ 365 ၀န်းကျင် ကျသင့်မည်ဖြစ်သည်။ Pre-order စတင်မှာယူနိုင်ပြီဖြစ်ကာ စက်တင်ဘာ 30 နှင့် နောက်ပိုင်းမှသာ စတင်ရောင်းချပေးသွားမည်ဟု သိရှိရသည်။



မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





Read More ...

♪ “Google က Moto X4 Android One Smartphone ကိုမိတ်ဆက်” ♫

Image may contain: phone

Google နဲ့ Motorola တို့ ပူးပေါင်းဖန်တီးထားတဲ့ Moto X4 Android One Smartphone ကိုမိတ်ဆက်လိုက်ပါတယ်။ သူဟာအမေရိကန်မှာ ရောင်းချတဲ့ ပထမဆုံး Android One Smartphone ဖြစ်ပါတယ်။

Moto X4 Android One Model မှာ ၅.၂ လက်မ Full HD Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 630 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB RAM, 32GB Internal Storage ထည့်သွင်းထားပါတယ်။ ဘက်ထရီမှာ 3000mAh ဖြစ်ပါတယ်။

အနောက်ဘက်မှာ 12MP+8MP Camera များတပ်ဆင်ထားပါတယ်။ Selfie Camera ကတော့ 16MP ဖြစ်ပါတယ်။ IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံပါတယ်။ ဖုန်များ မ၀င်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အနက်နဲ့ အပြာရောင်များထုတ်လုပ်ပေးထားပါတယ်။ Android 7.1 Nougat ထည့်သွင်းထားပါတယ်။ Pure Android ဖြစ်တဲ့အတွက် Android OS Update များကိုအစောဆုံးရရှိမှာ ဖြစ်ပါတယ်။

ယခုနှစ်ကုန်မှာ Android 8.0 Oreo ကိုအဆင့်မြှင့်ပေးမယ်လို့ Google က ပြောပါတယ်။ ၂၀၁၈ ခုနှစ်မှာ Android P ကိုအစောဆုံးရရှိမယ့် စမတ်ဖုန်းများထဲမှာသူလည်း ပါဝင်ပါတယ်။ အမေရိကန်မှာ Google ရဲ့ Carrier ဖြစ်တဲ့ Fi ကနေ ကြိုတင်မှာယူမှုများ ပြုလုပ်နိုင်ပါပြီ။ Nexus Phone ပိုင်ရှင်များက Moto X4 ကိုဒေါ်လာ ၁၆၅ ဖြင့် လဲလှယ်နိုင်ပါ တယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






Read More ...

♪ “Xiaomi မိတ်ဆက်လိုက်တဲ့ ထုတ်ကုန်သစ် သုံးမျိုး” ♫

Image may contain: 1 person, phone and text

Xiaomi ကယခင်နှစ်မှာဘေးဘောင်မဲ့Mi Mix စမတ်ဖုန်းဖြင့်လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။Mi Mixရဲ့Full Screen Display ဟာ အလွန်လှပပြီး၂၀၁၇ခုနှစ်ရဲ့ဒီဇိုင်းTrend တစ်ခု ဖြစ်လာပါတယ်။ ဒီနှစ်မှာဘေးဘောင်မဲ့စမတ်ဖုန်းများစွာထွက်ပေါ်လာတဲ့အတွက်Mi Mix 2ဟာပြိုင်ဖက်များစွာရရှိလာပါပြီ။Mi Mix 2ဟာအဲဒီပြိုင်ဖက်များကို အနိုင်ယူနိုင် မလားဆိုတာလေ့လာကြည့်ရအောင်.....

<Xiaomi Mi Mix 2>

Mi Mix 2ဟာယခင်နှစ်ထုတ်Mi Mix ရဲ့မျက်နှာပြင်နဲ့ဒီဇိုင်းကိုမွမ်းမံပြင်ဆင် ထားပါတယ်။မူလMi Mix မှာBezelless Design ကိုအသုံးပြုထားပေမယ့် အရွယ်အစားအလွန်ကြီးမားနေပါတယ်။Mi Mix 2 မှာတော့ဖုန်းရဲ့အရွယ် အစားကို လျှော့ချထားပါတယ်။ယခင်Mi Mix မှာ၆.၄လက်မမျက်နှာပြင် တပ်ဆင်ထားတဲ့အတွက် မော်ဒယ်အသစ်ရဲ့မျက်နှာပြင်ဟာပိုမိုသေးငယ် သွားပါတယ်။ဒါပေမယ့် မော်ဒယ်အသစ်ရဲ့Screen-to-Body Ratio ဟာပိုမိုမြင့်မားလာပြီးမျက်နှာပြင်အောက်ခြေရှိ ဘောင်ကိုမော်ဒယ် အဟောင်းထက်၁၂ရာခိုင်နှုန်းပိုမိုပါးလွှာအောင်ဖန်တီးထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဖုန်းရဲ့ ထောင့်နဲ့ ဘေးဘက်ဖရိမ်ကိုလုံးဝန်းတဲ့ဒီဇိုင်းချိုးထားပါတယ်။ ကိုယ်ထည်ကိုအလူမီနီယမ်ဖြင့်တည်ဆောက်ထားပြီး ရှောင်မီရဲ့ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းများမှာလိုတောက်ပြောင်တဲ့ဒီဇိုင်းဖြစ်ပါ တယ်။အဲဒီအတွက်Mi Mix 2ဟာအလွန်ဆွဲဆောင်မှုရှိပြီးအရွယ်အစား ကလည်းလက်ထဲမှာသက်သောင့်သက်သာဖြင့်ကိုင်တွယ်အသုံးပြုနိုင်စေပါတယ်။ နောက်ထပ် ပြောင်းလဲမှုတစ်ခုကMi Mix 2မှာHead-phone Jack ကိုဖယ်ရှားထားပါတယ်။

Mi Mix 2 မှာ၅.၉၉လက်မFull HD+ Display တပ်ဆင်ထားပြီး18:9 Aspect Ratio ဖြစ်ပါတယ်။မျက်နှာပြင်ရဲ့အရည်အသွေးက ကောင်းမွန်ပြီး ဘေးဘောင်များဟာအလွန်ပါးလွှာတဲ့အတွက် မျက်နှာပြင်ဟာထင်ရှားရှင်းလင်းပါတယ်။ယခင်နှစ်ထုတ်Mi Mix လိုပဲMi Mix 2 ရဲ့မျက်နှာပြင်အထက်မှ ဘောင်ဟာဘယ်နဲ့ညာမှ ဘောင်များနီးပါးပါးလွှာပါတယ်။ဒီလိုဖန်တီးနိုင်ဖို့ အတွက်အရှေ့ကင်မရာအားအောက်ခြေကို ရွှေ့ပြောင်းထားပါတယ်။ အစောပိုင်းမှာတော့ကင်မရာအသုံးပြု ရတာအကျွမ်းတ၀င်မရှိစေနိုင် ပါဘူး။တပ်ဆင်ထားမှုအပိုင်းမှာတော့ကင်မရာနဲ့အရှေ့ဘက်တစ်ခုလုံးကို ပေါင်းစပ်ဖို့အတွက်အနက်ရောင်Coating ကိုအသုံးပြုထားတာကအလွန် ကောင်းမွန်ပါတယ်။အရှေ့ကင်မရာ ရဲ့Resolution ကတော့5MP ဖြစ်ပါ တယ်။

Mi Mix 2 ဟာဒီဇိုင်းနဲ့မျက်နှာပြင်အပိုင်းမှာတင်ထူးချွန်ခြင်းမဟုတ်ဘဲ စွမ်းရည်မြင့်မားပါတယ်။သူ့မှာ Qualcomm Snapdragon 835 Chipset နဲ့6GB RAM ထည့်သွင်းထားပါတယ်။Storage အနေဖြင့်64GB or 128GB or 256GB များရွေးချယ်နိုင်ပါတယ်။3400mAh Battery ကို အသေတပ်ဆင်ထားပါတယ်။လျင်မြန်စွာအားသွင်းနိုင်တဲ့Qualcomm Quick Charge 3.0 ပါပါတယ်။Mi Mix 2 အတွက်အထူးထုတ်မော်ဒယ် ကိုဖန်တီးပေးထားပြီးအလူမီနီယမ်ဖရိမ်မပါတဲ့Ceramic Unibody Design ဖြစ်ပါတယ်။ကင်မရာနဲ့လက်ဗွေရာအာရုံခံကိရိယာကို18K PVD Gold Coating ဖြင့် ဘောင်ကွပ်ထားပါတယ်။အထူးထုတ်မော်ဒယ်မှာ 8GB RAM, 128GB Storage ထည့်ပေးထားပါတယ်။

အနောက်ကင်မရာကတော့Mi 6 မှာလိုနှစ်လုံးတွဲမဟုတ်ပါဘူး။Mi Mix 2 ရဲ့အနောက်ဘက်မှာအလင်း ၀င်ပေါက် f/2.0 နဲ့4-Axis Optical Image Stabilization ပါတဲ့21MP IMX386 Image Sensor ၁လုံးတပ်ဆင် ထားပါတယ်။Camera App ကတော့အခြားရှောင်မီစမတ်ဖုန်းများနဲ့ အများစုတူညီပါတယ်။Mi Mix 2 ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းဆောင်ချက် တစ်ခုကGlobal Bands ကို ထောက်ပံ့ခြင်းဖြစ်ပြီးMi Note 2 ထက်Band များကိုပိုမိုထောက်ပံ့ပါတယ်။အဲဒီအတွက်အမေရိကန် မှာဒီဖုန်းကိုအသုံးပြုနိုင်မှာပါ။Mi Mix 2 ဟာMi Mix ထက်နိုင်ငံစုံမှာ ပိုမိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။အိန္ဒိယအပါအ၀င် ရှောင်မီရောင်းချလေ့ရှိတဲ့ အဓိကနိုင်ငံများမှာMi Mix 2 ကိုရောင်းချမှာ ဖြစ်ပါတယ်။

Mi Mix 2 ရဲ့ ကောင်းမွန်တဲ့အချက်မှာအရွယ်အစားကိုလျှော့ချထားတဲ့ အတွက်လက်ထဲမှာသက်သောင့်သက်သာကိုင်တွယ်အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ ဘေးဘက်ဘောင်များနဲ့ ထောင့်များကိုလုံးဝန်းအောင် ပြုလုပ် ထားခြင်း၊ တောက်ပြောင်တဲ့ကိုယ်ထည်ဖန်တီးထားခြင်းများက ကြည့်ကောင်းရုံတင်မကဘဲကိုင်တွယ်ရတာအလွန်အဆင်ပြေပါတယ်။
Mi Mix 2 အတွက်RAMနဲ့Storage ကွဲပြားတဲ့ မော်ဒယ်များစွာ ထုတ်လုပ် ပေးထားပါတယ်။6GB+64GB ကို €420, 6GB+128GB ကို €460, 6GB+256GB ကို €510နဲ့8GB+128GB ကို€700သတ်မှတ်ထားပါတယ်။ မြန်မာငွေအားဖြင့်တန်ဖိုးအနည်းဆုံးမော်ဒယ်မှာကျပ်၆၈၀,၀၀၀၀န်းကျင်နဲ့တန်ဖိုးအကြီးဆုံးမော်ဒယ်မှာ ကျပ်၁,၁၃၀,၀၀၀၀န်းကျင်တန်ကြေးရှိနိုင်ပါတယ်။

<Xiaomi Mi Note 3>

Xiaomi ကMi Mix 2 နဲ့အတူMi Note 3ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။Mi Note 3ဟာစွမ်းဆောင်ရည်သင့်စမတ်ဖုန်းဖြစ်ပြီးအနောက် ကင်မရာ နှစ်လုံးတပ်ဆင်ထားပါတယ်။Selfie ဓာတ်ပုံကောင်းများ ဖန်တီးနိုင် မယ့်Beautification စွမ်းဆောင်ချက်အသစ်များပါပါတယ်။Mi Note 3မှာ၅.၅လက်မFull HD Display တပ်ဆင်ထားပြီးReading Mode ပါပါတယ်။Qualcomm Snapdragon 660 Chipset မောင်းနှင် ထားပါတယ်။6GB RAM ထည့်သွင်းထားပြီ6း4 or 128GB Storage များရွေးချယ်နိုင်ပါတယ်။သူဟာMi Mix 2 လိုတော့ ဘေးဘောင်မဲ့ မျက်နှာပြင်ဒီဇိုင်းမဟုတ်ပါဘူး။ဒါပေမယ့် ဘေးဘောင်များကိုတော့ပါးလွှာ အောင်ဖန်တီးထားပါတယ်။

Mi Note 3 ရဲ့အဓိကစွမ်းဆောင်ရည်မှာအနောက်ကင်မရာနှစ်လုံး ဖြစ်ပါတယ်။အနောက်ဘက်မှာ12MP Wide-Angle Lens နဲ့12MP Telephoto Lens ၁လုံးစီတပ်ဆင်ထားပါတယ်။ကင်မရာများကOptical Zoom ကို၂ဆအထိဆွဲပေးနိုင်ပါတယ်။ကင်မရာများမှာ4-Axis Optical Image Stabilization နည်းပညာထည့်သွင်းပေးထားပါတယ်။ဓာတ်ပုံ နောက်ခံကိုBlur လုပ်နိုင်တဲ့Bokeh Effect ကိုအနောက်ကင်မရာများက ဖန်တီးပေးနိုင်ပါတယ်။အရှေ့ဘက်မှာAdaptable AI Beautify Mode လို့ ရှောင်မီကအမည်ပေးထားတဲ့နည်းပညာပါသည့်16MP Camera ၁လုံး တပ်ဆင်ပေးထားပါတယ်။သူကဓာတ်ပုံရဲ့အရည်အသွေးကိုမကျစေဘဲ သဘာဝကျလှပတဲ့Effects များထည့်သွင်းပေးနိုင်ပါတယ်

သူ့မှာ3500mAh Battery တပ်ဆင်ထားပြီးစတီရီယိုစပီကာများ၊NFC နဲ့IR Blaster များပါပါတယ်။မျက်နှာပြင်အောက်မှHome Button မှာ လက်ဗွေရာ အာရုံခံကိရိယာကို မြှုပ်နှံထားပါတယ်။သူ့မှာဒေတာ ကူးပြောင်းခြင်း၊ အားသွင်းခြင်းများ ပြုလုပ်ရင်လျင်မြန်တဲ့USB Type-C Port တပ်ဆင်ပေးထားပါတယ်။မျက်နှာခွဲခြမ်းစိတ်ဖြာတဲ့နည်းပညာ ပါပြီး၊ဖုန်းကိုUnlock လုပ်နိုင်ပါတယ်။ဒီနည်းပညာဟာ ကောင်းမွန် ပေမယ့်အလုံခြုံဆုံးနည်းပညာတစ်ခုတော့မဟုတ်ပါဘူး။Mi Note 3 ဟာဒီဇိုင်းနဲ့ကင်မရာနှစ်လုံးအတွဲအစပ်အပါအ၀င်Mi 6 ကိုအများစုတုပ ထားပါတယ်။အနောက်ဘက်ကာဗာကိုအကွေးပြုလုပ်ထားတဲ့အတွက် လည်းလက်ထဲမှာကိုင်ဆောင်ရတာအလွန် ကောင်းပါတယ်။

MIUI Software ထည့်သွင်းပေးထားပြီး ရှောင်မီစမတ်ဖုန်းများရဲ့Software စွမ်းဆောင်ချက်များပါပါတယ်။အဲဒီအထဲမှာQuick Ball နဲ့Dual App များပါဝင်ပါတယ်။Quick Ball ကစကရင်တိုင်းကနေSoft Key နဲ့ခလုတ် များကိုလျင်မြန်စွာအသုံးပြုနိုင်စေပါတယ်။Dual App ကအကောင့်နှစ်ခု ဖြင့်အသုံးပြုနိုင်အောင်App တစ်ခုကိုနှစ်ခုအဖြစ် ကော်ပီပွားပေးနိုင် ပါတယ်။ဥပမာအားဖြင့်ဖုန်းတစ်လုံးထဲမှာFacebook အကောင့်နှစ်ခု ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။App Drawer မပါဘဲHomescreens များကိုသာထည့်သွင်းပေးထားပါတယ်။

အနောက်ကင်မရာများကတော့Mi 6 နဲ့တူညီပြီး12MP Camera နှစ်လုံးပါပါတယ်။ကင်မရာများကOptical Zoom ဆွဲပေးနိုင်ပြီးဓာတ်ပုံ နောက်ခံကိုBlur လုပ်ပေးတဲ့Portrait Mode or Bokeh Mode များကို ပံ့ပိုးပေးထားပါတယ်။ကင်မရာနှစ်လုံးရဲ့အရည်အသွေးကအလွန် ကောင်းမွန်ပါတယ်။အလင်းရောင်နည်းပါးတဲ့အချိန်များမှာဓာတ်ပုံကောင်းများရိုက်ကူးပေးနိုင်ပါတယ်။Zoom စွမ်းရည်ကိုဗီဒီယိုရိုက်ကူးတဲ့အခါမှာ အသုံးပြုနိုင်မလားဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်။

Mi Note 3 ရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုမှာAI Beautify Mode ပါတဲ့16MP Front Camera ဖြစ်ပါတယ်။လှပတဲ့မျက်နှာများဖန်တီးချင်သူများအတွက် အဓိကဖန်တီးပေးထားခြင်းဖြစ်တယ်လို့ ရှောင်မီက ကြေညာထားပါ တယ်။မျက်နှာရဲ့မတူညီတဲ့ဇုန်များကိုခွဲခြမ်းစိတ်ဖြာပေးပြီးတိကျတဲ့ မျက်နှာသွင်ပြင်ကိုဖန်တီးပေးသည့်မျက်နှာအာရုံခံနည်းပညာလည်းပါ ပါတယ်။မျက်လုံးကိုကြီးမားအောင် ပြုလုပ်ခြင်း၊ မေးရိုးကိုသေးသွယ် အောင် ပြုလုပ်ခြင်း၊မျက်နှာမှအစက်အပြောက်များကိုဖယ်ရှားခြင်း စတဲ့Software စွမ်းဆောင်ချက်များလည်းထည့်သွင်းပေးထားပါတယ်။

Virtual Makeup စွမ်းဆောင်ချက်ကမျက်နှာမှာလှပတဲ့မိတ်ကပ်များ ခြယ်သပေးနိုင်ပါတယ်။ ရှောင်မီကအမျိုးသမီးများသာမကအမျိုးသားများ ရဲ့မျက်နှာကိုလည်းကြည့်ကောင်းအောင်Virtual Makeup က ပြုပြင်ပေးနိုင်တယ်လို့ ပြောပါတယ်။Virtual Makeup Mode ကို အသုံးပြု၍ဓာတ်ပုံများရိုက်ကူး လာတဲ့အကြိမ်အရေအတွက်များပြားလာတာနဲ့အမျှမိတ်ကပ်ခြယ်သတဲ့စွမ်းရည်ဟာလည်းပိုမိုအစွမ်း ထက်လာပါတယ်။ ဒါဟာဥာဏ်ရည်တုနည်းပညာကြောင့် ဖြစ်ပါတယ်။ဓာတ်ပုံမရိုက်ကူးခင်မှာ ပြင်ဆင်နိုင်တဲ့စွမ်းဆောင်ချက်လည်းပါပါတယ်။ ရှောင်မီကဒီ စွမ်းဆောင်ချက်ကိုအနာဂတ်ထုတ် သူ့ရဲ့စမတ်ဖုန်းများမှာပါထည့်သွင်းပေးလာနိုင်ပါတယ်။ ရှောင်မီကMi Mix 2 လိုကမ္ဘာအ၀န်းမှာမရောင်းချခင် မှာ ဒီစွမ်းဆောင်ချက်ကိုတရုတ်မှာစမ်းသပ်နေခြင်း ဖြစ်နိုင်ပါတယ်။

6GB RAM/64GB Storage Model ကိုယူရို၃၂၀၊အနက်ရောင်6GB RAM/128GB Storage Model ကိုယူရို၃၇၀နဲ့အပြာရောင်6GB RAM/128GB Storage ကိုယူရို၃၈၀သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့်ကျပ်၅၂၀,၀၀၀၊ကျပ်၅၉၀,၀၀၀နဲ့ကျပ်၆၁၀,၀၀၀၀န်းကျင်အသီးသီးကျသင့်နိုင်ပါတယ်။ ရောင်းချမယ့်အချိန်ကိုမသိရသေးပါဘူး။

<Xiaomi Mi Notebook Pro>

Xiaomi ကMi Mix 2, Mi Note 3 တို့အပြင်Mi Notebook Pro အမည်ရ လက်တော့အသစ်တစ်လုံးကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ရှောင်မီကအဲဒီ လက်တော့များမှာအဌမမျိုးဆက်Intel Core i7 Processors များ ထည့်သွင်းထားခြင်းနဲ့စွမ်းရည်မြင့်မားတဲ့အအေးပေးစနစ်ကိုအသားပေး ပြောကြားသွားပါတယ်။Processor ဟာယခင်နှစ်ထုတ်MiNoteBook Air မှProcessor ထက်၄၀ရာခိုင်နှုန်းပိုမိုစွမ်းရည်မြင့်မားလာပါတယ်။

Xiaomi Mi Notebook Pro မှာ၁၅.၆လက်မမျက်နှာပြင်တပ်ဆင်ထားပြီး မိတ်ဆက်ပွဲမှာရှောင်မီကသူ့ကိုApple MacBook Pro 2017 နဲ့နှိုင်းယှဉ် ပြသသွားပါတယ်။Xiaomi Mi Notebook Pro ရဲ့Touchpad မှာ လက်ဗွေရာအာရုံခံကိရိယာတပ်ဆင်ထားပြီးWindows Hello စွမ်းဆောင်ချက် နဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။ Xiaomi Mi Notebook Pro ကို မော်ဒယ်၃မျိုးထုတ်လုပ်ပေးထားပါတယ်။Intel Core i7/16GB RAM Model ကိုတရုတ်ယွမ်၇၀၀၀၊Intel Core i7/8GB RAM Model ကို ယွမ်၆၄၀၀နဲ့Intel Core i5/8GB RAM Model ကိုယွမ်၅၆၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေအားဖြင့်ကျပ် ၁,၄၄၀,၀၀၀၊ကျပ် ၁,၃၂၀,၀၀၀နဲ့ကျပ် ၁,၁၅၀,၀၀၀၀န်းကျင်ကျသင့်နိုင်ပါတယ်။
Xiaomi Mi Notebook Pro မှာအဌမမျိုးဆက်Intel Core i7 Processors နဲ့အတူသီးခြားNvidia GeForce MX150 Graphics Card ပါပါတယ်။ 16GB RAM နဲ့1TB SSD အထိ ရွေးချယ်နိုင်ပါတယ်။၁၅.၆လက်မ မျက်နှာပြင်ကိုအကြမ်းခံတဲ့Corning Gorilla Glass 3 ဖြင့်ကာကွယ် ထားပါတယ်။သူ့မှာအရွယ်ကြီးကီး ဘုတ်တစ်ခုထည့်သွင်း ပေးထားပြီး MacBook Pro ထက်ကီးဘုတ်ဧရိယာဟာ၁၉ရာခိုင်နှုန်းပိုမိုကြီးမား တယ်လို့ ရှောင်မီကပြောပါတယ်။3-in-1 SD Card Slot ၁ခု၊USB Type-C Port ၂ခု၊3.5mm Headphone Jack၁ခု၊အရွယ်ကြီးHDMI Port ၁ခု၊USB Type-A Port ၂ခု (USB 3.0 နဲ့USB 2.0) တို့အပါအ၀င်Ports များစွာတပ်ဆင်ပေးထားပါတယ်။လက်တော့ဟာdual-band Wi-Fi 802.11ac ကို ထောက်ပံ့ပါတယ်။၁.၉၅ကီလိုဂရမ်အလေးချိန်ရှိပြီး အရွယ်အစားအပြည့်အစုံမှာ360.7 x 243.6x 15.9 mm ဖြစ်ပါတယ်။

XiaomiMi Notebook Pro မှာHarman Infinity ဖန်တီးထားတဲ့စပီကာ များနဲ့Dolby Atmosအသံစနစ်များထည့်သွင်းထားပါတယ်။ ရှောင်မီက လက်တော့မှာ60Wh Battery တပ်ဆင်ထားပြီး၃၅မိနစ်အားသွင်းရင် ၅၀ရာခိုင်နှုန်းအားဖြည့်ပေးနိုင်တယ်လို့ ပြောပါတယ်။ရှောင်မီကMi Notebook Pro ကိုApple MacBook Pro နဲ့နှိုင်းယှဉ်ပြောကြားခဲ့ပေ မယ့်Mi Notebook Pro ရဲ့အားနည်းချက်ကမျက်နှာပြင်ဖြစ်ပါတယ်။ မျက်နှာပြင်ဟာအရောင်ထုတ်လုပ်မှု ကောင်းမွန်ပါတယ်။မျက်နှာပြင် ဘေးဘောင်များဟာအလွန်သေးငယ်ပြီး၆.၂၅မီလီမီတာသာရှိပါတယ်။ ဒါပေမယ့်အလင်းပြန်မှုများပြီးResolution မှာFull HD သာ ဖြစ်ပါ တယ်။Xiaomi Mi Notebook Pro ဟာApple MacBook Pro ရဲ့ ဈေးထက်အလွန်သက်သာတာကစဉ်းစားစရာအချက်ဖြစ်ပါတယ်။ ရှောင်မီရဲ့စီအီးအိုဖြစ်သူLei Jun ကယခင်နှစ်ထုတ်Mi Notebook Air ဟာတရုတ်မှာနံပါတ်၁အပါးလွှာဆုံး လက်တော့အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။အဲဒီအတွက် ရှောင်မီရဲ့လက်တော့ဘရန်းဟာအရှိန်ရှိနေ ပါတယ် လို့ ပြောပါတယ်။

နာမည်ကျော် တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့Exo မှ အဆိုတော်ဟောင်းKris Wu ဟာ ရှောင်မီရဲ့Brand Ambassador အဖြစ် ဆောင်ရွက်ပေးနေပါတယ်။သူဟာ Xiaomi Mi 5X နဲ့Xiaomi Mi Note 3 စမတ်ဖုန်းကိုလည်းအရောင်းမြှင့်တင်ပေးခဲ့ပါသေးတယ်။သူဟာတရုတ်မှနာမည်အကြီးဆုံးBrand Ambassador များထဲမှတစ်ဦးဖြစ်ပါတယ်။ တရုတ်လူမှုကွန်ရက်ဝီဘိုမှာသူဟာFollower ပေါင်း၁၁.၈သန်းကျော် ကိုပိုင်ဆိုင်ထားပါတယ်။သူဟာတရုတ်ပြည်ဖွားဖြစ်ပြီးကနေဒါမှာကြီးပြင်းခဲ့ပါတယ်။သူ့ရဲ့တရုတ်အမည်ကတော့Wu Yifan ဖြစ်ပါတယ်။သူဟာ အဆိုတော်သာမကသရုပ်ဆောင်နဲ့ မော်ဒယ်အလုပ်များကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။သူဟာတရုတ်ရဲ့ ၀င်ငွေအကောင်းဆုံးရုပ်ရှင်များဖြစ်တဲ့၂၀၁၅ခုနှစ်ထွက်Mr. Six နဲ့၂၀၁၇ခုနှစ်ထွက်Journey to the West: The Demons Strike Back တို့မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဟောလီးဝုဒ် ကိုတော့ယခုနှစ်ထွက်xXx: Return of Xander Cage နဲ့ပွဲထွက်လာ ခဲ့ပါ တယ်။

သူရနောင်

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





Read More ...

MP 3 သီချင်းတွေကြိုက်သလောက် ဒေါင်းလုပ်ဆွဲမယ် - Download Mp3 Music Version 1.1.31 Apk


ဖုန်းအသုံးပြုများအတွက် MP 3 သီချင်းတွေကြိုက်သလောက် ဒေါင်းလုပ်ဆွဲနိုင်တဲ့ Android Application ကို တင်ပေးလိုက်ပါတယ်။ နောက်ပြီး အင်္ဂလိပ်သီချင်းတွေဆိုရင် Srt ဆိုတွေတဲ့ အင်္ဂလိပ်စာသားတွေပါတာတွေရပါတယ်။ ဖုန်းအားလုံးမှာ သုံးနိုင်ပြီး ဖိုင်ဆိုဒ်ကတော့ 4.35 MBပဲရှိပါတယ်။အောက်မှာဒေါင်းသွားနိုင်ပါတယ်။




ဝင်းလှိုင်-နည်းပညာ






Read More ...

Monday, September 25

♪ iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း ♫


ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။ သေချာတာကတော့ iPhone 7 ကို လက်ရှိ ကိုင်ဆောင်နေသူများဟာ iPhone 8 ကို မ၀ယ်ယူသင့်ပါဘူး။ 

iPhone 8 ဟာ ယခင်နှစ်ထုတ် iPhone 7 နဲ့ အားလုံးနီးပါး တူညီပါတယ်။ iPhone 8 ကို အနည်းငယ်သာ အဆင့်မြှင့်ထားပါတယ်။ iPhone 8 ဟာ iPhone 7 ထက် စွမ်းရည် ပိုကောင်းလာတာက ငြင်းမရပါဘူး။ ဒါပေမယ့် ဒေါ်လာ ရာဂဏန်းပေးပြီး iPhone 8 ကို ပြောင်းကိုင်ဖို့ မတန်ပါဘူး။ 

Processor ကနေ စပြောချင်ပါတယ်။ iPhone 8 မှာ Apple ဖန်တီးခဲ့ဖူးသမျှထဲမှာ အမြန်ဆုံး A11 Bionic Processor တပ်ဆင်ထားပါတယ်။ သူ့မှာ စွမ်းဆောင်ရည်မြင့် Core ၂ လုံးနဲ့ စွမ်းအင်စားသုံးမှု နည်းပါးတဲ့ Core ၄ လုံးပါပါတယ်။ အားလုံးပေါင်း Core ၆ လုံးပါ။ 

စွမ်းဆောင်ရည်မြင့် Cores များဟာ ယခင် မော်ဒယ်ထက် ၂၅ ရာခိုင်နှုန်းနဲ့ စွမ်းအင်စားသုံးမှုနည်းပါးတဲ့ Cores များဟာ ယခင် မော်ဒယ်ထက် ၇၀ ရာခိုင်နှုန်း ပိုမိုမြန်လာတယ်လို့ Apple က ပြောပါတယ်။ 

ဒါပေမယ့် တကယ် စဉ်းစားရမှာက သင့် iPhone 7 ဟာ Processor ကြောင့် နှေးကွေးခြင်း၊ လေးလံခြင်းများဖြစ်ဖူးသလားဆိုတာပါပဲ။ ဒီလိုဖြစ်မယ်လို့တော့ စာရေးသူ မထင်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ iPhone 7 ဟာ Facebook, Instagram , Snapchat နဲ့ App တိုင်းကို ကောင်းစွာ Run နိုင်လောက်အောင် စွမ်းရည်မြင့်မားတဲ့ ဖုန်း ဖြစ်နေလို့ပါပဲ။ 

နောက်ထပ်ဆွေးနွေးချင်တာက ကင်မရာ ဖြစ်ပါတယ်။ iPhone 8 နဲ့ iPhone 8 Plus တို့မှာ ကင်မရာ အသစ်များ တပ်ဆင်ထားတဲ့အတွက် သီအိုရီအရ ပိုမိုကောင်းတဲ့ ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါပေမယ့် တကယ် စဉ်းစားရမှာက iPhone 7 ဖြင့် ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံဟာ ညံဖျင်းတယ်လို့ သင်ခံစားရဖူးပါသလား ဆိုတာဖြစ်ပါတယ်။ iPhone 7 ရဲ့ကင်မရာဟာ iPhone 8 နီးပါး ကောင်းမွန်တဲ့ ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်ပါတယ်။ ပြောချင်တာကတော့ iPhone 7 နဲ့ iPhone 8 ရဲ့ ကင်မရာ အရည်အသွေးဟာ အလွန် ကွာခြားခြင်း မရှိဘူးဆိုတာပါပဲ။ 

သင်ဟာ ငွေကြေး တတ်နိုင်သူဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ ကင်မရာနဲ့ Processor များပါတဲ့ iPhone 8 ကို ၀ယ်ယူပါ။ အခြားလူများအတွက်တော့ တန်ဖိုးအနည်းဆုံး iPhone 8 မော်ဒယ်ရဲ့ ဒေါ်လာ ၇၀၀ ဈေးနှုန်းဟာ မတန်ဘူးလို့ ပြောချင်ပါတယ်။ 

Apple က ဒီနှစ်ထုတ် iPhone များထဲမှာ iPhone X ကို အဓိက ဦးစားပေးပြီး ဖန်တီးထားပါတယ်။ iPhone 8 , iPhone 8 Plus တို့ကိုတော့ အနည်းငယ်သာ အဆင့်မြှင့်ထားပါတယ်။ အဲဒီအတွက် iPhone 7 ပိုင်ရှင်များဟာ iPhone အသစ်လဲချင်ရင် iPhone 8 , iPhone 8 Plus များအစား iPhone X ကိုသာ ရွေးချယ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ iPhone X vs Xiaomi Mi Mix 2 ကို ဝေဖန်သုံးသပ်ခြင်း ♫


ဘေးဘောင်မဲ့ မျက်နှာပြင်များ တပ်ဆင်ထားတဲ့ စွမ်းဆောင်ရည်မြင့် iPhone X နဲ့ Xiaomi Mi Mix 2 တို့ကို မကြာခင်က ရှေ့ဆင့် နောက်ဆင့် မိတ်ဆက်သွားခဲ့ကြပါတယ်။ Mi Mix 2 ဟာ ယခင် Mi Mix နဲ့ မတူတဲ့ ဒီဇိုင်းအသစ်ကို အသုံးပြုထားပြီး အတွင်းပိုင်း အစိတ်အပိုင်းများကို အဆင့်မြှင့်ထားပါတယ်။ ရှောင်မီက Mi Mix ကို နိုင်ငံအချို့မှာသာ ရောင်းချပေးခဲ့ပေမယ့် Mi Mix 2 ကိုတော့ ကမ္ဘာအ၀န်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Mi Mix 2 မှာ ၅.၉၉ လက်မ IPS Display တပ်ဆင်ထားပြီး 2160×1080 Pixels Resolution ဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၀၃ ဖြစ်ပါတယ်။ Mi Mix လိုပဲ Mi Mix 2 မျက်နှာပြင်ရဲ့ အထက်၊ ဘယ်နဲ့ ညာဘက်မှ ဘေးဘောင်များဟာ မရှိသလောက်ကို ပါးလွှာပါတယ်။ မျက်နှာပြင်အောက်ခြေမှ ဘေးဘောင်ကိုလည်း ပါးလွှာအောင် ဖန်တီးပေးထားပါတယ်။ 

Apple iPhone X ကတော့ မျက်နှာပြင်ရဲ့ ဘေးဘက်ဘောင် ၄ ခုစလုံးဟာ မရှိသလောက်ကို ပါးလွှာပါတယ်။ အထက်မှာ TrueDepth Camera အတွက် နေရာအနည်းငယ်သာ ယူထားပါတယ်။ iPhone X မှာ ရုပ်ထွက်အကောင်းဆုံး ဖြစ်တဲ့ OLED Display အမျိုးအစားကို အသုံးပြုထားပါတယ်။ မျက်နှာပြင်အရွယ်အစားမှာ ၅.၈ လက်မ ဖြစ်ပြီး Super Retina Display လို့ အမည်ပေးထားပါတယ်။ Resolution မှာ 2436×1125 Pixels ဖြစ်ပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၅၈ ဖြစ်ပါတယ်။ 

Mi Mix 2 မှာ Qualcomm Snapdragon 835 Octa-Core Processor , Adreno 540 Graphics Chip , 6GB RAM ထည့်သွင်းထားပါတယ်။ 64GB/128GB/256GB Internal Storage များ ရွေးချယ်နိုင်ပါတယ်။ အထူးထုတ် မော်ဒယ်မှာ 8GB RAM, 128GB Storage ထည့်သွင်းထားပါတယ်။ Android 7.1 Nougat အခြေပြု MIUI 9.0 မောင်းနှင်မှာ ဖြစ်ပါတယ်။ iPhone X မှာတော့ Apple ဒီဇိုင်းထုတ်ထားတဲ့ GPU ပါတဲ့ A11 Bionic Hexa-Core Chipset ထည့်သွင်းထားပြီး iOS 11 မောင်းနှင်မှာ ဖြစ်ပါတယ်။ 64GB/256GB များ ရွေးချယ်နိုင်ပါတယ်။ 

Mi Mix 2 ရဲ့ မျက်နှာပြင်အောက်ခြေမှ ဘေးဘောင်မှာ 5MP Front Camera နဲ့ Sensors များကို တပ်ဆင်ထားပါတယ်။ ရှောင်မီက အဲဒီ ကိရိယာများကို ဖွက်ထားချင်တဲ့အတွက် မျက်နှာပြင်အောက်ခြေမှ ဘေးဘောင်ကို နက်မှောင်အောင် ဖန်တီးထားပါတယ်။ မျက်နှာပြင်ရဲ့ ထိပ်မှ အလွန်ပါးလွှာတဲ့ နေရာလေးမှာ စပီကာကို အရှေ့ဘက် မျက်နှာမူလျှက် တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ရဲ့ အောက်မှာ Ultrasonic System ထည့်သွင်းထားပြီး စကရင်တစ်ခုလုံးကို Proximity Sensor အဖြစ် အသုံးပြုနိုင်စေပါတယ်။ 

စကရင်နဲ့ ဒီဇိုင်းအပြင် Mi Mix 2 ရဲ့ အကြီးမားဆုံး ပြောင်းလဲမှုက ကင်မရာ ဖြစ်ပါတယ်။ Mi Mix 2 မှာ Optical Image Stabilization ပါတဲ့ 12MP Camrea တပ်ဆင်ထားပါတယ်။ သူဟာ Mi 6 မှ ကင်မရာနဲ့ တူညီပါတယ်။ အဲဒီအတွက် အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်မှာပါ။ ကင်မရာဟာ Mi Mix ကထက် တကယ်ကို တိုးတက်လာပါတယ်။ 

iPhone X မှာ Dual Optical Image Stabilization ပါတဲ့ Dual 12MP Camera System တပ်ဆင်ထားပါတယ်။ မြင်ကွင်းကျယ်နဲ့ Telephoto Lens များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 7MP Camera တပ်ဆင်ထားပါတယ်။ Mi Mix 2 ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ iPhone X မှာတော့ လက်ဗွေရာအစား မျက်နှာအာရုံခံ နည်းပညာဖြစ်တဲ့ Face ID ကို ထည့်သွင်းထားပြီး မျက်နှာဖြင့် ဖုန်းကို Unlock ပြုလုပ်နိုင်ပါတယ်။ 

Mi Mix 2 မှာ 3400mAh Battery ပါပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာ ပါပါတယ်။ ဒါပေမယ့် ကြိုးမဲ့အားသွင်းစနစ် မပါပါဘူး။ iPhone X ကတော့ ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ပါတယ်။ ဒါ့အပြင် iPhone X ဟာ ရေအနက် ၁ မီတာအထိ မိနစ် ၃၀ ကြာ သုံးနိုင်ပါတယ်။ Mi Mix 2 ကတော့ ရေစိုခံနိုင်ခြင်း မရှိပါဘူး။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ နောက်လအစမှာ အသစ်ထွက်ရှိလာမယ့် ရေလုံစနစ်နဲ့ Moto G5S Plus ♫


နောက်လအသစ်ထွက်ရှိလာမယ့် Motorola Moto G5S Plus ကို စက်တင်ဘာ 29ရက်နေ့ အမေရိကန်မှာ စတင်ဖြန့်ဝေမှာဖြစ်ပြီး နောက်လမှာ ပြည်ပကို တင်ပို့ဖြန်ချိမှာဖြစ်ပါတယ်။ Motorola ဟာ Google နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေရှိပြီး ဖုန်းများစွာကို ဆက်တိုက်ထုတ်မယ်လို့ ကြေငြာထားတာဖြစ်ပါ တယ်။

G5S Plus ဟာ 5.2-inch 1080p screen အစား 5.5-inch 1080p screen နဲ့5-megapixel front camera အစား 8 megfapixel front camera တို့ကို တိုးပြီး ထုတ်ထားတာဖြစ်ပါတယ်။Dual rear cameras အတွက်လည်း ပထမက 12 megapixel rear camera ကိုပြောင်းလဲပြီး Dual 13 megapixel rear cameras ကိုထည့်သွင်းထားတာဖြစ်ပါ တယ်။

G5S Plus က Snapdragon 625 processor ဖြစ်ပြီး ဘက်ထရီက 3000mAh battery ဖြစ်ပါတယ်။ RAM 3GB နဲ့ storage က 32 GB ဖြစ်နိုင်ပြီး RAM 4GB နဲ့ storage က 64 GB ဖြစ်နိုင်ပါတယ်။Motorola က လက်ရှိအသစ်ထွက်လာမယ့်ဖုန်းကို ရေစိမ့်မဝင်နိုင်အောင် အထူးပြုလုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Screen မျက်နှာပြင်အကျယ်နဲ့ G5S Plus ကို အကြမ်းခံအောင်အထူးပြုလုပ်ထားတယ်လို့ သိရပါတယ်။ဈေးနှုန်း အားဖြင့် $ 230 ဖြစ်ပြီး မြန်မာပြည်ကို ရောက်ရှိလာမယ်ဆိုရင် မြန်မာကျပ်ငွေ ၃ သိန်းကျော် ကျသင့်မှာဖြစ်ပါ တယ်။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ Samsung Phone များကို10000Ks မှ 100000Ks အထိ လျော့ပေးသွားမယ့် Eastern iT and Mobile ♫

Image may contain: phone

SAMSUNG မိုးနှောင်း Promotion
====================
Samsung Phone များကို10000Ks မှ 100000Ks အထိ လျော့ပေးသွားမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ... Eastern Computer and Mobile မှ ဘယ်မှာမှ မ၇နိုင်တဲ့ လက်ဆောင်များစွာနဲ့ Discount များပေးအပ်သွားမှာဖြစ်ပါတယ်။
🎁 5000Ks မှ 20000Ks အထိ ငွေဖြည့်ကတ်
🎁 Samsung Cash Back 100,000ks
🎁 2600mAh မှ 20000mAh PowerBank
🎁 OTG Stick 16GB
🎁 Bluetooth EarSet
🎁 Silicon Cover
🎁 မှန်မကွဲ
🎁 Selfi Stick များကိုသက်ဆိုင်ရာ မော်ဒယ်အလိုက် လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
➡️ 1 Year Samsung Official Warranty
➡️ HD Game များထည့်သွင်းပေးခြင်း ၊
➡️ မန်မာစာတန်းထိုး English Movie များ
➡️ မန်မာစာ ထည့်သွင်းပေးခြင်း ၊
➡️ Firmware ထည့်သွင်းပေးခြင်း ၊
➡️ Firmware Update လုပ်ခြင်းများအား ရာသက်ပန်လက်ခမဲ့
.
(y) လက်ငင်း/အရစ်ကျ ရွေးချယ်နိုင်ပါသည်
(y) AEON နဲ့ Installment ၀ယ်နိုင်သလို, AYA , KBZ, CB Credit Card များဖြင့်လည်း ၀ယ်ယူနိုင်ပါသည်။
-------------------------------------------------
.
J 2 = 151,000Ks
🎁(PB 2600mAh+Selfie Stick+Temper Glass+Silicon Cover)
.
J2-Prime = 159,000Ks (10000ks Cash Back)
🎁(5,000 Prepaid Card+2600mAh Power Bank+Selfie Stick+Silicon Cover+Temper Glass)
.
J5-Prime = 290,000Ks
🎁(5,000 Prepaid Card+10000mAh Power Bank + Silicon Cover+ Selfi Stick+Temper Glass+OTG 16GB)
.
On-7 = 184,000Ks (10000Ks Cash Back)
🎁(5,000 Prepaid Card+2600mAh Power Bank + Selfie Stick+Temper Glass+Silicon Cover)
.
X Cover 4 = 299,000Ks
🎁(5,000 Prepaid Card+ 5000mAh Power Bank + Selfie Stick+Temper Glass+Silicon Cover+OTG 16GB)
.
J7-Prime = 319,000Ks (25000Ks Cash Back)
🎁(5,000 Prepaid Card+ 5000mAh Power Bank + Silicon Cover + Temper Glass+ Selfie Stiick+OTG 16GB)
.
J3 Pro = 240,000Ks (15000Ks Cash Back)
🎁(5000mAh Power Bank +Selfie Stick+ Silicon Cover+ Temper Glass+OTG 16GB )
.
J5 Pro = 349,000Ks (25000Ks Cash Back)
🎁(10,000 Prepaid Card+10000mAh Power Bank + Silicon Cover+ Temper Glass+ Ooredoo Sim Card+OTG 16GB )
.
J7 Pro = 415,000Ks (25000Ks Cash Back)
🎁(15,000 Prepaid Card+10000mAh Power Bank + Silicon Cover+ Temper Glass+ Ooredoo Sim Card+OTG 16GB )
.
A5 2017 = 525,000Ks
🎁(20,000 Prepaid Card+Remax 10000mAh Power Bank + Remax Bluetooth Earset +Silicon Cover+Temper Glass+OTG 16GB)
.
A7 2017 = 600,000Ks
🎁(20,000 Prepaid Card+Remax 10000mAh Power Bank + Remax Bluetooth Earset +Silicon Cover+ Temper Glass+OTG 16GB)
.
Note 5 = 800,000Ks
🎁(15,000 Prepaid Card+ Remax 10000mAh Power Bank+Remax Bluetooth Speaker+Remax glass+OTG 16GB)
.
C9 Pro = 664,000ks
🎁(20,000 Prepaid Card + 8000mAh Power Bank+ Selfie Stick+Temper Glass+Silcon Cover + OTG 16GB)
.
S8 = 1,030,000Ks (100000Ks Cash Back)
🎁( 20000mAh Power Bank+ Selfie Stick+Silicon Cover + Temper Glass+OTG 16GB)
.
S8 Plus = 1,160,000Ks (100000Ks Cash Back)
🎁(20000mAh Power Bank+Selfie Stick+ Silicon Cover + Temper Glass+OTG 16GB)
.
Tab J = 259,000Ks
🎁(10,000 Prepaid Card)
.
Tab S2 VE(8.0") = 572,000Ks
🎁(10,000 Prepaid Card)
.
Tab S2 VE(9.7'') = 665,000Ks
🎁(15,000 Prepaid Card)
.
Tab A (10.1") = 481,000Ks
🎁(15,000 Prepaid Card)
.
Tab S3(9.7'') = 918,000Ks
🎁(25,000 Prepaid Card)
..
ဆိုင်ခွဲများအားလုံးတွင် ဈေးနှုန်းတူညီစွာဖြင့် ၀ယ်ယူအားပေးနိုင်ပါသည်။
.
Eastern 1) အမှတ် ၁၂၉၊ ဆိပ်ကမ်းသာလမ်း (အောက်ဘလောက်)၊
ကျောက်တံတားမြို့ နယ်။ ဖုန်း 018-398491,018398490, 09-782569031, 09-977921751
..
Eastern 2) အမှတ် ၁၆၇-၁၇၅၊ ဆိပ်ကမ်းသာလမ်း (အလယ်ဘလောက်)၊ကျောက်တံတားမြို့ နယ်။ ဖုန်း 01-377259, 09-977921752,09-969773127
..
Eastern 3) (လှိုင်)တိုက်အမှတ်(51/B1)(အခန်း 001)၊ ရန်ကုန်အင်းစိန်လမ်းမကြီး။ ဘူတာရုံမှတ်တိုင် နှင့် သုခမှတ်တိုင်ကြား ၊ ဟိန္ဒူ ဘုရားကျောင်းမျက်စောင်းထိုး။ 01-516115 ,09-969 773 107 ,09-778095333,
09-778096333





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...
Related Posts Plugin for WordPress, Blogger...