မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Saturday, January 7

♪ ဓမ္မစေတီခေါင်းလောင်းကြီး လို ရတနာတွေကို ရှာဖွေပေးနိုင်တော့မယ့် ရေအောက် 4K ဒရုန်း ♫


ငါးမျှားဝါသနာပါသူတွေအတွက်ပဲ ဖြစ်ဖြစ် ၊ ရေအောက်က ရှုခင်းတွေ နဲ့ အလှအပပုံရိပ်တွေကို ရရှိချင်လို့ပဲ ဖြစ်ဖြစ်၊ ကင်မရာဝါသနာအိုးတွေနဲ့ ဒရုန်းချစ်သူတွေအတွက် အကြိုက်တွေ့စေမယ့် 4K ရုပ်ထွက် နဲ့ တန်းမြင့်ဗွီဒီယိုတွေ ရိုက်ယူနိုင်မယ့် ဒရုန်း ရေအောက်သွားယာဉ်တွေ ဈေးကွက်ထဲကို ၀င်ရောက်လာတော့မှာ ဖြစ်တယ် လို့ သိရပါတယ်။
.
အီလက်ထရောနစ်ပစ္စည်းတွေ၊ နည်းပညာပစ္စည်းတွေကို နှစ်စဉ်နှစ်တိုင်း ပွဲထုတ်ပြသလေ့ရှိတဲ့ အခု CES 2017 မှာ Underwater ဒရုန်းတွေကို ကုမ္ပဏီတွေက ပြသခဲ့ပါတယ်။ အဲဒီ ဒရုန်းတွေဟာ ရေချို၊၊ ရေငန် နှစ်မျိုး စလုံးကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ခဲ့ပြီး ကင်မရာကနေ ရိုက်ယူထားခဲ့တဲ့ အရည်အသွေးမြင့် ပုံရိပ်တွေကို  ပြန်လည် ပို့ဆောင်နိုင်ခဲ့ပါတယ်။ ရေအောက် ၃၀ မီတာ အထိ ငုပ်လျှိုးဆင်းသက်နိုင်တာမို့ လူတွေ မငုပ်နိုင်တဲ့ နေရာတွေနဲ့ ရေအောက်သတ္တ၀ါတွေနဲ့ ငါးမန်းလိုမျိုး သားကောင်တွေ နဲ့ အဆိပ်လွှတ် ပိုးမွှားတွေ ကျက်စားတတ်တဲ့ ပင်လယ်အောက်ခင်းကြမ်းပြင် နဲ့ အန္တာရယ်ဖြစ်စေနိုင်လောက် တဲ့ ရေနက်တွေအထိမျှော်လင့်ခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။
.
တီထွင်မှုတွေကြောင့် အသစ်ရရှိလာခဲ့တဲ့ 4K ဒရုန်းတွေဟာ သဘာဝအလှတရား တွေနဲ့ ၀ါသနာတွေကို ကူညီရုံသာ မကဘဲ ဒုတိယကမ္ဘာစစ်မှာ ပျောက်ဆုံးသွားတဲ့ ရေယာဉ်တွေနဲ့ သင်္ဘောတွေ၊ ပင်လယ်ဓါးပြတွေရဲ့ ရွှေငွေကျောက်သံပတ္တမြားတွေ၊ ဗိုက်ကင်းတွေရဲ့ ရတနာတွေအပြင် မြစ်ချောင်း ၊ ပင်လယ်၊ သမုဒ္ဒရာတွေမှာ ရှိတဲ့ ပျောက်ဆုံးနေတဲ့ ယဉ်ကျေးမှုတွေ ၊ ရတနာ နဲ့ တွင်းထွက်ပစ္စည်းတွေ မှန်သမျှကို တည်နေရာနဲ့တကွ အတိအကျနီးပါး သိရှိသွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံလို မျိုး နေရာမှာ မြစ်သုံးဆိုင်မှာ တည်ရှိနေတဲ့ ဓမ္မစေတီကြီး ခေါင်းလောင်းကြီး နဲ့ အတိမ်အနက်၊ ကာရစ်ဘီယံပင်လယ်ကွေ့နားမှာ တည်ရှိနေတဲ့ ရတနာကျွန်းတွေ အပြင် နိုင်ငံတိုင်းရဲ့ ဒေသ၀န်းကျင်တွေမှာ တည်ရှိနေတဲ့ ရေအောက် သယံဇာတ နဲ့ တွင်းထွက်ပစ္စည်းတွေဟာ သမိုင်း နဲ့ ဒဏ္ဍာတွဟာ အမှန်တယ်မှန်ရဲ့လား၊ လုပ်ကြံဖန်တီးပြောဆိုထားတာလား ဆိုတာကိုပါ မကြာခင် လက်တွေ့ သိရှိရတော့မှာ ဖြစ်ပါတယ်။
.
အဲဒီ Drone တွေကို မိုဘိုင်းဖုန်း နဲ့ ပြန်လည်ထိန်းချုပ်နိုင်ပြီး မိုဘိုင်းဖုန်း မျက်နှာပြင် က တဆင့် ကြိုးမဲ့ဝါယာလက်စနစ် နဲ့ အတူရေအောက်အနေအထား တွေကို အကုန်အစင် မြင်တွေ့ရမယ် လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကြိုးရဲ့ အကွာအဝေး အကန့်အသတ် တစ်ခု ရှိနေသေးပြီး ကြိုးကရှိသလောက်ကိုသာ သွားနိုင်ပါသေးတယ်။ နောက်ပိုင်းမှတော့ ကြိုးကို လုံးလုံး ပယ်ဖျက်နိုင်ပြီး ဒရုန်းကို မိုဘိုင်းဖုန်းတွေပေါ်ကနေ တဆင့် အပြီးသတ် ထိန်းချုပ်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ underwater 4K Drone တွေကို CES 2017 မှာ မြည်းစမ်းဖော်ပြခဲ့တဲ့အဖွဲ့က PowerVision နည်းပညာအဖွဲ့ဖြစ်ပြီး အမှုဆောင်အရာရှိချုပ်ဖြစ်သူ Wally Zheng ကတော့ ” ဒါဟာ ငါးဖမ်းသမားတွေ ၊ တံငါသည်တွေ နဲ့ ဓါတ်ပုံဆရာအတွက် လတ်တလော ပျော်စရာ ကစားစရာကလေးတစ်ခု သာဖြစ်ပါတယ်။

ဒါပေမယ့် သေချာ စဉ်းစားကြည့်မယ် ဆိုရင်တော့ ယဉ်ကျေးမှုတော်လှန်ရေးအတွက် အရေးပါတဲ့ Gadget တစ်ခု ဖြစ်လာပါလိမ့်မယ်” လို့ ခပ်ကြွားကြွားကလေး ပြောဆိုသွားခဲ့ပါတယ်။ အဲဒီ Drone ကို အခုအချိန်မှာ Power Ray လို့ အမည်ပေးထားပါတယ်။





 
Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...