မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, January 10

♪ Oppo Find 9 လာမည် ♫


Oppo က ယခုနှစ် ပထမနှစ်ဝက်မှာ Find 9 ကို မိတ်ဆက်မယ်လို့ သတင်းများတရုတ်နိုင်ငံ ကနေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ယခင်တုန်းကလည်း မတ်လမှာ ကြေညာမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ကုမ္ပဏီရဲ့ အရာရှိတစ်ဦးက ဖိုရမ်တစ်ခုမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဖိုရမ် ကျင်းပတဲ့ တည်နေရာနဲ့ ဖိုရမ် အမည်ကိုတော့ မသိရပါဘူး။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Oppo Find 9 မှာ Qualcomm Snapdragon 835 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ ထိတွေ့မျက်နှာပြင် အမျိုးအစားကတော့ QHD Display ဖြစ်မယ်လို့ သိရပါတယ်။ 6GB RAM သို့မဟုတ် 8GB RAM တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 128GB Internal Storage ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Oppo Find 9 မှာ Find OS လို့ အမည်ပေးထားတဲ့ ဥာဏ်ရည်တု ( Artificial Intelligence ) နည်းပညာ အသစ်တစ်ခု ထည့်သွင်းပေးထားပါတယ်။


Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...