မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Tuesday, January 3

♪ Samsung က CES မှာ Windows 10 Tablets ၂ လုံး ပြသမည် ♫


Samsung က အမေရိကန်ပြည်ထောင်စု Las Vegas မှာ ကျင်းပမယ့် Consumer Electronics Show မှာ Windows 10 Tablet ၂ လုံးကို မိတ်ဆက်မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ တစ်လုံးရဲ့ မော်ဒယ်နံပါတ်မှာ SM-W720 ဖြစ်ပြီး အခြားတစ်လုံးမှာ SM-W620 ဖြစ်ပါတယ်။

ဝင်းဒိုး တက်ဘလက် ၂ လုံးရဲ့ အသေးစိတ် သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။ မော်ဒယ်နံပါတ်များအရ SM-W720 ဟာ လက်ရှိမှာ ထုတ်လုပ်ရောင်းချပေးနေတဲ့ Galaxy TabPro S (SM-W700) ရဲ့ မျိုးဆက်ဖြစ်နိုင်ပါတယ်။ SM-W620 ကတော့ SM-W720 ရဲ့ အရွယ်သေး စွမ်းဆောင်ရည်နိမ့် တက်ဘလက် ဖြစ်နိုင်ပါတယ်။

Samsung က Galaxy TabPro S ကို ၂၀၁၆ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး Android အစား Windows 10 ကို စတင်ထည့်သွင်းပေးခဲ့တဲ့ တက်ဘလက် ဖြစ်ပါတယ်။ မော်ဒယ်အသစ်များဟာ Galaxy TabPro S3 ဖြစ်နိုင်ပြီး ယခင်ထွက်ပေါ်ခဲ့တဲ့ သတင်းများအတိုင်းပဲ မော်ဒယ် ၂ မျိုး ထုတ်လုပ်ပေးထားတာ ဖြစ်နိုင်ပါတယ်။ လာမယ့် ရက်သတ္တပတ်အတွင်းမှာ ကျင်းပမယ့် CES ပွဲမှာ အဲဒီ တက်ဘလက်များကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။



Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...