မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, January 11

♪ " Sony Xperia XZ VS Xiaomi Mi Note 2 " အားသာချက် အားနည်းချက်များ ♫

Image may contain: phone

ဒီတစ်ပတ်မှာ မကြာသေးမီက ရှေ့ဆင့်နောက်ဆင့် ထွက်ရှိထားတဲ့ Sony Xperia XZ နဲ့ Xiaomi Mi Note 2 ရဲ့ တူညီတဲ့ အချက်အလက်တွေနဲ့ ကွာခြားချက်တွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ၄င်းဖုန်း ၂ လုံးမှာ Xiaomi Mi Note 2 က ဒေါ်လာ ၂ဝဝ လောက်ကို ပိုမိုဈေးနှုန်း သက်သာပြီး ပိုမိုကောင်းမွန်တဲ့ specifications တွေကို ထောက်ပံ့ပေးနိုင်တာကို တွေ့ရပါတယ်။ Mi Note 2 မှာ ပိုမိုကောင်းမွန်တဲ့ မျက်နှာပြင်၊ စွမ်းဆောင်ရည် ၁ဝ ရာခိုင်နှုန်းလောက် ပိုမိုမြင့်မားတဲ့ Processor, ပိုမိုစွမ်းအားများတဲ့ RAM နဲ့ Internal Memory တို့အပြင် Fingerprint Sensor တို့လည်း ပါရှိပါတယ်။ Sony Xperia XZ မှာတော့ IP68 ရရှိထားတဲ့ ဖုန်ဒဏ်၊ ရေဒဏ် ကာကွယ်မှုစနစ်ပါရှိခြင်းနဲ့ Dual Front-facing Speakers တွေ ပါရှိခြင်းက ၄င်းရဲ့အားသာချက်တွေဖြစ်ပြီး micro SDcard ကိုလည်း စိုက်ထည့်သုံးနိုင်ပါတယ်။ ဖုန်း ၂ ခုလုံးမှာ GSM, HSPA နဲ့ LTE networks တွေကို သုံးစွဲနိုင်ပြီး Xiaomi Mi Note 2 မှာ Dual SIM စနစ် ပါရှိသလို Sony Xperia XZ မှာတော့ Single SIM နဲ့ Dual SIM ဆိုတဲ့ Version ၂ မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပါတယ်

* Design *

1. Sony Xperia XZ

Sony Xperia XZ ရဲ့အရွယ်အစားက 146 x 72 x 8.1 mm ရှိပြီး နောက် ကျောဘက်ကို သတ္တုနဲ့ပြုလုပ်ပေးထားကာ အလေးချိန် 161g လေး ပါတယ်။ ၄င်းဖုန်းကို အမည်းရောင်၊ ငွေဖြူရောင်၊ အပြာရောင်နဲ့ ပန်းရောင်အရင့်ဆိုပြီး အရောင် ၄ မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

2. Xiaomi Mi Note 2

Xiaomi Mi Note 2 ရဲ့ ကိုယ်ထည်ဒီဇိုင်းပုံစံက Samsung Galaxy Note 7 နဲ့ တူညီပြီး ဖုန်းအရွယ်အစားက 156.2 x 77.3 x 7.6 mm ရှိပါတယ်။ အလေးချိန်က 166g လေးပြီး အမည်းရောင်၊ ရွှေရောင်နဲ့ ငွေရောင်ဆိုတဲ့ အရောင် ၃ မျိုးကို ထုတ်လုပ်ပေးထားပါတယ်။

* Processor *

1. Sony Xperia XZ

Xperia XZ မှာ RAM 3GB ပါရှိတဲ့ Quad-core (2x1.5GHz Kryo & 2x1.6GHz Kryo) processor ကို သုံးထားပြီး Qualcomm MSM8996 Snap-dragon 820 Chipset ကို ထောက်ပံ့ပေးထားပါတယ်။ Adreno 530 Graphics Card ရဲ့ စွမ်းအားအကူအညီကိုလည်း ရရှိနိုင်ပါတယ်။

2. Xiaomi Mi Note 2

Mi Note 2 မှာ Xperia XZ ထက် အနည်းငယ် ပိုမိုစွမ်းအားကောင်း တဲ့ 2x2.35GHz Kryo & 2x1.6GHz Kryo processor ကို ထည့်သွင်းထားတဲ့ အပြင် ပိုမိုအဆင့်မြင့်တဲ့ Snapdragon 821 Chipset အသုံးပြုထားပါ တယ်။ Run ပေးထားတဲ့ OS ကတော့ တူညီပါတယ်။

* Display *

1. Sony Xperia XZ

မျက်နှာပြင်အကျယ် 5.2-inch ရှိပြီး IPS LCD capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးမယ့် မြင်ကွင်းစွမ်းအားက 1080 x 1920 pixels ရှိပြီး ၁ လက်မ သိပ်သည်းဆက ~424 ppi pixels ပမာဏ ရှိပါတယ်။

2. Xiaomi Mi Note 2

Mi Note 2 ကို ပိုကောင်းတဲ့ AMOLED capacitive touchscreen display နဲ့ ပြုလုပ်ထားပြီး XZ အတိုင်းပဲ Full HD မြင်ကွင်းစွမ်းအားကို ပေးစွမ်းနိုင်ပါတယ်။ မျက်နှာပြင်အကျယ်ကတော့ 5.7-inch ရှိတာကြောင့် Xperia XZ ထက် 0.5-inch လောက် ပိုကျယ်ပါတယ်။

* Verdict *

1. Sony Xperia XZ

Sony Xperia XZ က Sony Brand ကိုမှ နှစ်သက်တဲ့သူတွေအတွက် တော့ အဆင်ပြေနိုင်ပြီး Xiaomi Mi Note 2 နဲ့ယှဉ်ပြီး စဉ်းစားမယ်ဆိုရင် ပေးရတဲ့ ဈေးနှုန်းနဲ့ ထောက်ပံ့ပေးထားတဲ့ Specifications တွေက အနည်းငယ် ပိုနိမ့်နေပါတယ်။ ဒါပေမဲ့ ရေစိုခံပြီး အကြမ်းခံတဲ့ဖုန်းကို ဝယ်မယ်ဆိုရင်တော့ သင့်တော်တဲ့ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

2. Xiaomi Mi Note 2

Xiaomi Mi Note 2 ကတော့ သူ့ပေးရတဲ့ ဈေးနှုန်းနဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည်တွေ၊ Specifications တွေကို ထည့်သွင်းပေးထားတာ ကြောင့် သုံးစွဲရတာ အလွန်ကောင်းပြီး ဒီဇိုင်းပုံစံလေးကလည်း အလွန် လှပသေသပ်ပါတယ်။ ဒါပေမဲ့ ရေဒဏ်၊ ဖုန်ဒဏ်တွေကို တော့ ကာကွယ်မပေးနိုင်ပါဘူး။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...