မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, January 12

♪ Video တွေရဲ့ အလယ်မှာ ads တွေထည့်သွင်းဖို့ Facebook စီစဉ် ♫


Youtube ပေါ်က Video တွေကိုကြည့်တဲ့အခါ ကြည့်ချင်တဲ့ video မလာခင်မှာ ထိုးတတ်တဲ့ ကြော်ငြာ ads တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ဖူးကြမှာပါ။ ဒီ ads တွေက အဆုံးထိကြည့်စရာမလိုပဲ စက္ကန့် အနည်းငယ် အတွင်းမှာ skip လုပ်ပစ်လို့ရနိုင်တဲ့အတွက် တော်သေးတယ်လို့ပြောနိုင်ပါတယ်။

အခု Facebook ရဲ့ လုပ်ကွက်အသစ်ကတော့ သင့်ကို အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်စေတော့ မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Facebook အနေနဲ့ video တွေရဲ့ အလယ်မှာ Ads တွေထည့်သွင်း ဖို့ စီစဉ်ေ်နပြီဖြစ်တဲ့အတွက် သိပ်မကြာခင်မှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။


video ရဲ့ စစချင်း (၂၀) စက္ကန့်အပြီးမှာ mid-roll ads တွေကိုတွေ့မြင်ရမှာဖြစ်ပြီး ads တွေရဲ့ကြာချိန်ဟာ စက္ကန့်(၉၀) ထက်ပိုမကြာဘူး ဆိုတဲ့အချက်ကတော့ ကျေးဇူးတင်စရာ ကောင်းနေပါတယ်။

Facebook ရဲ့ စစ်တမ်းကောက်ယူထားမှုအရ Facebook ပေါ်က video တွေကို တစ်နေ့မှာပျှမ်းမျှအားဖြင့် စုစုပေါင်း နာရီပေါင်းသန်း(၁၀၀)စာ ကြည့်ရှုကြတဲ့အတွက် အခုလို ads တွေထည့်သွင်းခြင်းဟာ အထိရောက်ဆုံး digital marketing တစ်မျိုးလည်းဖြစ်လို့နေပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...