မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Sunday, February 26

♪ ပရိုဖိုင် ရဲ့ ပုံရိပ်မှာ အလံအမှတ်အသား သုံးစွဲထားတဲ့ Update အသစ် ကို ဖေ့စ်ဘုတ် ထည့်သွင်း ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/Facebook-Profile-flags-2-796x431.jpg?fit=800%2C433&ssl=1

ဖေ့စ်ဘုတ် သုံးစွဲသူတွေအတွက် သုံးစွဲသူတိုင်း ရဲ့ ပရိုဖိုင် ပုံရိပ်မှာ အလံအမှတ်အသား ပြုပြီး သုံးစွဲလိုက်တဲ့ Update အသစ် ကို ဖေ့စ်ဘုတ် က ထည့်သွင်းပေးလိုက်တယ် လို့ သိရပါတယ်။

အသစ်ထည့်သွင်းပေးလိုက်တဲ့ အဲဒီ Update Feature ဟာ သမားရိုးကျ အလှအပတစ်ခု အတွက် သာ မဟုတ်ဘဲ လူတစ်ယောက် ရဲ့ တည်နေရာနဲ့ သူရှိတဲ့ နေရာကို ပါ လှမ်းပြီး ကြည့်ရှုလို့ရတဲ့အတွက် FakeNews တွေ ကို အတန်အသင့် လျော့ပါးသွားစေဖို့ လုပ်ဆောင်ချက် မဟာဗျူဟာတွေထဲက အသေးစား နည်းလမ်းလေးတစ်ခု သာ ဖြစ်တယ် လို့ ဖေ့စ်ဘုတ် ရဲ့ တာဝန်ရှိသူတစ်ဦး က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲဒီ လုပ်ဆောင်ချက် ကို ရရှိလိုသူတွေအနေနဲ့ Facebook.com/profilefpicframes လင့်ကနေတဆင့် သွားရောက် ရရှိနိုင်တယ် လို့ ဆိုပါတယ်။ စမတ်ဖုန်းကနေ သုံးစွဲသူတွေ အနေနဲ့ Add Frame ကို ရွေးချယ်ပြီး ကိုယ့်တိုင်းပြည် ကို ဖြည့်စွက်ပေးဖို့ လိုတယ် လို့ ဆိုပါတယ်။ ဒီလုပ်ဆောင်ချက် ဟာ လွန်ခဲ့တဲ့ ၅ လောက် ကတည်းက ပေါ်ပေါက်ခဲ့တာ ဆိုပေမယ့် တိုင်းပြည် အလံကို ထည့်သွင်းထားတဲ့ Frame ကတော့ အခု မှ စတင်ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။

အဲဒီ Frame အပြင် နောက်ပိုင်းမှာ AI တွေပါ ထည့်သွင်းပြီး Fake News တွေ ဖြန့်ချိတဲ့သူတွေ နဲ့ စတင်ပေါက်ဖွားရာ နေရာ တွေကိုပါ စောင့်ကြည့်လေ့လာသွားမယ် လို့ ဆိုပါတယ်။


Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...