မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, March 15

♪ " မကြာမီဈေးကွက်အတွင်းမိတ်ဆက်ပေးမည့် စွမ်းဆောင်ရည်မြင့် Asus ROG G752VS " ♫


စွမ်းဆောင်ရည်ပိုင်းအလွန်ပင်မြင့်မားကောင်းမွန်တဲ့ Gaming Laptop အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ကိုယ်ထည်ပိုင်းကို ခိုင်ခံ့တောင့်တင်းမှုရှိအောင်ပြုလုပ်ပေးထားကာ ဒီဇိုင်းပိုင်းကလည်း လှပဆန်းသစ်မှု ရှိပါတယ်။ Iron-Man-Style ဒီဇိုင်းမျိုးဖြစ်တဲ့အတွက် အမြင်ကိုလည်း တစ်မျိုးလေးဆန်းသစ်နေစေပါလိမ့် မယ်။ Game ကစားတဲ့အခါမှာလည်း Key (30) ခန့်ကို တစ်ချိန်တည်းမှာ တစ်ပြိုင်နက်တည်း အသုံးပြုခွင့်ပေးထားပါသေးတယ်။

Windows 10 Built-in ပါရှိတဲ့အပြင် အတွင်းပိုင်းလုပ်ဆောင်ချက်တွေကောင်းမွန်စေဖို့ Intel Core i7 6820HK Processor ကိုအသုံးပြုပေးထားပါတယ်။ RAM 64GB ပါရှိမှုနဲ့အတူ Graphics GTX 1070 တို့ရဲ့ ပံပိုးပေးမှုကြောင့် Gamer တွေ နှစ်သက်သဘောကျလောက်တဲ့ Gaming စွမ်းဆောင်ရည် အပြည့်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ Intelligent Cooling System ကိုအသုံးပြုပေးထားတဲ့အတွက် CPU နဲ့ GPU တို့က ထုတ်လွှတ်မယ့်အပူတွေကို အတတ်နိုင်ဆုံးလျှော့ချပေးမှာပါ။

Thunderbolt3 Technology ကိုအသုံးပြုပေးထားတဲ့အတွက် Data Transfer ပြုလုပ်ခြင်းတွေကို ပိုမိုမြန်ဆန်စွာလုပ်ဆောင်နိုင်စေ မှာဖြစ်ပါတယ်။ အသုံးပြုနေစဉ်မှာ GAMEFIRST III ကိုလုပ်ဆောင် ထားမယ်ဆိုရင် ဆော့ကစားတဲ့အခါမှာ ပိုမိုအဆင်ပြေချောမွေ့စွာ ဆော့ကစားနိုင် မှာဖြစ်ပါတယ်။ ဒါ့အပြင် Optimization Mode, Game Mode, Media Streaming Mode, File Sharing Mode တို့လည်း ပါရှိပါသေးတယ်။

နောက်ပြီးတော့ အပူပေးစနစ်ကိုလည်း အသားပေးထားကာ လေအေးပေးစနစ်တိုးမြင့်စေဖို့အတွက် Mobile 3D Vapor Chamber လည်း ပါရှိပါတယ်။ တိကျတဲ့ထိန်းချုပ်မှုတွေပြုလုပ်နိုင်စေဖို့ 30 Key rollover အပြင် အနောက်ဘက်မီးပေးထားတဲ့ Gaming Keyborad လည်း ပါရှိဦးမှာပါ။ မျက်နှာပြင်အရွယ်အစား ကတော့ (17.3) လက်မရှိကာ Full HD (1920x1080) Display ကိုအသုံးပြုပေးထားတဲ့အတွက် ဂိမ်းကစားတဲ့သူတွေ သဘာဝကျတဲ့ပုံရိပ်တွေ၊ ရုပ်ပုံတွေကို ကြည်လင်ပြတ်သားစွာ တွေ့မြင်ခံစားဆော့ ကစားနိုင်မှာဖြစ်ပါတယ်။


Trinity Display Technology ပါဝင်တာကြောင့် ဒီ Laptop ကို Monitor (3) ခုနဲ့ တစ်ပြိုင်နက်တည်း ချိတ်ဆက်ထားလို့ရမှာပါ။ Connectivity ပိုင်းအတွက် USB Type C Port (1) ခု၊ USB 3.0 Port (4) ခု၊ RJ45 ၊ HDMI ၊ SD Card Reader စတာတွေလည်း ပါရှိပါသေးတယ်။ ၀ယ်ယူသူတွေ အတွက် (2) Years Global Warranty ကိုပေးထားကာ ဈေးနှုန်းကတော့ USD-3699 ၀န်းကျင်ဖြစ်ပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...