မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Wednesday, March 1

♪ ဆော့ဝဲ အမှားကြောင့် Facebook အကောင့်များ Lock ဖြစ်သွား ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/02/https-2F2Fblueprint-api-production.s3.amazonaws.com2Fuploads2Fcard2Fimage2F3947582F3d8d3711-c778-4c93-9a4c-de18c82c692b.jpg?fit=800%2C450&ssl=1

ယခုလ ၂၅ ရက်နေ့မှာ Facebook Users အချို့ရဲ့ အကောင့်များ Lock ကျသွားခဲ့ပါတယ်။ အချို့က ဒါဟာ ဟက်ကာများရဲ့ လက်ချက်ဖြစ်မယ်ထင်ပြီး စိုးရိမ်ခဲ့ကြပါတယ်။ Facebook ရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ယောက်က အဲဒီဖြစ်ရပ်ဟာ Facebook ရဲ့ ဆော့ဝဲအမှားကြောင့်လို့ အတည်ပြုခဲ့ပါတယ်။

လော့ကျသွားတဲ့ အကောင့်များဟာ Log In ၀င်လို့ မရဘဲ အကောင့်ကိုလည်း Verified လုပ်လို့ မရခဲ့ပါဘူး။ အချို့ Users များမှာတော့ အကောင့်ဟာ ဟက်ခံရတဲ့အတွက် Password ကို ပြောင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ အချို့ Users များမှာ Password အသစ် ပြောင်းခဲ့ပေမယ့် Log In ၀င်လို့ မရခဲ့ပါဘူး။

“ ဒီနေ့ နံနက် အစောပိုင်းမှာ Facebook Users များရဲ့ အကောင့်များကို မသင်္ကာသူများ ၀င်ရောက်ခြင်းမှ ကာကွယ်ပေးဖို့ ပုံစံထုတ်ထားတဲ့ Account Recovery Software မှာ အမှားများဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီအမှားကို ပြင်ဆင်လိုက်ပြီ ဖြစ်ပြီး Lock ကျသွားတဲ့ အကောင့်များကိုလည်း ပြန်လည် အသုံးပြုနိုင်အောင် ပြုလုပ်ပေးလိုက်ပါပြီ။ “ လို့ ပြောရေးဆိုခွင့်ရှိသူက ကြေညာလိုက်ပါတယ်။

Facebook က ကုမ္ပဏီရဲ့ နည်းပညာ အမှားဆိုတာကို အလျှင်အမြန် ၀န်ခံခဲ့ပါတယ်။ ဟက်ကာများရဲ့ လက်ချက်မဟုတ်ဘူးလို့လည်း အတည်ပြုခဲ့ပါတယ်။ လော့ကျသွားတဲ့ အကောင့်အရေအတွက် ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ Facebook က ပြောကြားခြင်း မရှိပါဘူး။ အဆင်မပြေဖြစ်မှု အတွက် တောင်းပန်ပါတယ်လို့ တာဝန်ရှိသူများက ပြောပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...