မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Friday, March 17

♪ “ရုံတင်ဇာတ်ကားများအား အင်တာနက်မှ လစဉ်ကြေးဖြင့် ကြည့်ရှုနိုင်မည့် iflix ၀န်ဆောင်မှုစတင်” ♫

Image may contain: 3 people, text

ပြည်တွင်းရှိရုံတင်ဇာတ်ကားများနှင့် ပြည်ပရုံတင်ဇာတ်ကားများအား အင်တာနက်မှတစ်ဆင့် လစဉ်ကြေးပေးသွင်းပြီး ကြည့်ရှုနိုင်မည့် iflix ၀န်ဆောင်မှုစတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ တစ်လလျှင် လစဉ်ကြေး ကျပ် ၃၀၀၀ ပေးသွင်းပြီး အင်တာနက်မှ ကြည့်ရှုနိုင်သော ၀န်ဆောင်မှု iflix သည် မြန်မာနိုင်ငံတွင် ယနေ့မှစ၍ စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။ သုံးစွဲသူများသည် စတင်သုံးစွဲမှုအတွက် ရက် ၃၀ စာ အခမဲ့အသုံးပြုခွင့်ရရှိရန် www.iflix.com မှတစ်ဆင့်လည်းကောင်း၊ Google Play (သို့) Apple App Store မှ အက်ပလီကေးရှင်း ကို၎င်းတို့၏ ဖုန်း(သို့)တက်ဘလက်တွင် ဒေါင်းလုတ်လုပ်ခြင်းမှတစ်ဆင့်လည်းကောင်း အကောင့်ဖွင့်နိုင်မည်ဖြစ်သည်။

email ဖြင့်ချိတ်ဆက်ပြီး အကောင့်ဖွင့်နိုင်သကဲ့သို့ Facebook မှတစ်ဆင့်လည်း ချိတ်ဆက်နိုင်မည်ဖြစ်သည်။ အခမဲ့ တစ်လကြည့်ရှုခွင့်ကာလပြည့်သွားချိန်တွင် လစဉ်ကြေးပေးသွင်းကြည့်ရှုနိုင်ပြီး iflix တွင်သာ ကြည့်ရှုနိုင်သည့် သီးသန့်ရှိုး များ၊ ဆုရရုပ်သံစီးရီးများ၊ ၀က်ဝက်ကွဲလူကြိုက်များသည့် ရုပ်ရှင်များ၊ ရေပန်း စားနေသည့် ပြည်တွင်း၊ ဒေသတွင်းရုပ်ရှင်များ၊ ကလေးများအတွက် အစီအစဉ်များနှင့် အခြားသောအရာများစွာ ကို စုစည်းထားသည့် အလွန် ကြီးမားလှသော Library ကို အကန့်အသတ်မရှိ သုံးစွဲနိုင်မည်ဖြစ်သည်။ ဖုန်း၊ တက်ဘလက်၊ လက်တော့၊ ဒက်စတော့၊ တီဗီနှင့် အခြားချိတ်ဆက်၍ရသော device များ အပါအ၀င် device အရေအတွက် ၅ ခုအထိ iflix ကိုတစ်ပြိုင် တည်း အသုံးပြုနိုင်သည်။ ကြည့်ပြီးသည်များကိုလည်း offline ပြန်လည်ကြည့်ရှု နိုင်ကြောင်းသိရသည်။

လစဉ်ကြေးပေးသွင်းထားမှုကို မိသားစု (သို့) မိတ်ဆွေများနှင့် မျှဝေနိုင်ပြီး device 2 ခုပေါ်တွင် တစ်ပြိုင်တည်းကြည့်ရှုနိုင်သကဲ့သို့ တစ်နှစ်စာလစဉ်ကြေး ပေးချေမည်ဆိုလျှင် ၂ လစာ လျှော့ဈေးရရှိ မည် ဖြစ်ပြီး တစ်နှစ်စာအတွက် ၃၀၀၀၀ ကျပ်သာ ပေးဆောင်ရန်သတ်မှတ်ထားပါသည်။ လက်ရှိတွင် မြန်မာ၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဘရူနိုင်း၊ မော်ဒိုက်ဗ်၊ ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံများတွင် အသုံးပြုနိုင်ပြီဖြစ်ပြီး အရှေ့ အလယ်ပိုင်းနှင့် မြောက်အမေရိကဒေသတို့တွင်လည်း iflix အာရေဘီးယားနှင့် Zain ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာထားသည်။ 


နာမည်ကျော်ရုပ်သံစီးရီးများထဲမှ The Flash၊ Arrow၊ Gotham၊ Big Bang Theory၊ The Vampire Diaries၊ Friends၊ Two and a Half Men၊ Merlin နဲ့ Supernatural တို့ကိုလည်း iflix တွင် ကြည့်ရှုနိုင်ပါသည်။ Emmy ဆုရ အမေရိကန်ရုပ်ရှင်စီးရီး Mr. Robot ၊ ဝေဖန်ခံသူများ၏ ချီးကျူးဂုဏ်ပြုခံထား ရသော ကြောက်မက်ဖွယ်စီးရီး Channel Zero: Candle Cove နှင့်သိပ္ပံရုပ်ရှင် Aftermath တို့ကိုလည်း မြန်မာနိုင်ငံတွင် ပထမဆုံးကြည့်ရှုနိုင်ပြီဖြစ်သည်။ ဒါ့အပြင် Yo Gabba Gabba၊ Dora the Explorer၊ Spongebob Squarepants၊ Mr. Bean Animated အပါအ၀င် ကလေးကြိုက်ရုပ်ရှင်များစွာ ကိုလည်း ကြည့်ရှုနိုင်ကြောင်းသိရသည်။

လက်ရှိတွင် iflix ၏ လူကြိုက်အများဆုံးရုပ်ရှင်နှင့် တီဗီရှိုးများကို မြန်မာ ယူနီကုတ်စာတန်းထိုးဖြင့် ကြည့်ရှုနိုင်ရန် လုပ်ဆောင်ပေးထားပြီး မကြာမီ အချိန်အတွင်း iflix ရှိ ရုပ်ရှင်အားလုံးကို မြန်မာ ယူနီကုတ်နှင့် ဇော်ဂျီဖောင့် နှစ်မျိုးစလုံးဖြင့် ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...