မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Saturday, March 18

♪ “iPhone 8 က Samsung Galaxy S8 ကိုနောက်ကောက်ချနိုင်မည်” ♫

Image may contain: phone

Samsung မကြာခင် မိတ်ဆက်တော့မယ့် စွမ်းဆောင်ရည်မြင့် Galaxy S8 ကိုစောင့်မျှော်နေတဲ့ လူများစွာရှိနေပါတယ်။ ဒါပေမယ့် ဈေးကွက်ကျွမ်းကျင်သူ တစ်ယောက်ရဲ့ ခန့်မှန်းချက်အရ Apple ရဲ့ နောက်မျိုးဆက် iPhone ဟာ Galaxy S8 ထက် ရောင်းအားကောင်းမယ်လို့ ဆိုပါတယ်။

Apple ကုမ္ပဏီအရေးကို ကျွမ်းကျင်တဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က မကြာခင်မှာမိတ်ဆက်တော့မယ့် Galaxy S8 နဲ့ iPhone 8 စမတ်ဖုန်းများရဲ့ အနာဂတ်ကိုဟောကိန်းထုတ်လိုက်ပါတယ်။ သူ့ရဲ့ အဆိုအရ Samsung ရဲ့ စမတ်ဖုန်းအသစ်ဟာရောင်းအားအပိုင်းမှာ Apple ရဲ့ စမတ်ဖုန်းအသစ်ကို မမှီနိုင်ဘူးလို့ သိရပါတယ်။

Apple ရဲ့ iPhone အသစ်ဟာဒီဇိုင်းအပိုင်းမှာထူးခြားဆန်းသစ်ထားမှာ ဖြစ်တဲ့အတွက် Samsung Galaxy S8 ထက် ရောင်းအားကောင်းမယ်လို့ သူကသုံးသပ်ထားပါတယ်။ Galaxy S8 ဟာယခင်မျိုးဆက် Galaxy S7 ထက်တောင် ရောင်းအားနည်းမယ်လို့ သူကပြောပါတယ်။ Galaxy S7 ဟာ Note 7 စမတ်ဖုန်းများရဲ့ ဘက်ထရီ ပြဿနာများကြောင့် ရောင်းအားပိုမို ကောင်းခဲ့ပါတယ်။ S8 နဲ့ iPhone 8 တို့မှာ ကြိုးမဲ့အားသွင်းစနစ်နဲ့ မျက်နှာကို ခွဲခြားနိုင်တဲ့ စွမ်းဆောင်ချက်များပါလာမယ်လို့ သတင်းများထွက်နေပါတယ်။

Apple က iPhone 8 ကိုစက်တင်ဘာလမတိုင်ခင်နဲ့ Samsung က Galaxy S8 ကိုမတ်လနှောင်းပိုင်းတွင်
မိတ် ဆက်မှာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...