မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Sunday, March 12

♪ အသစ်ထွက်မည့် iPhone ကို iPhone Edition လို့ ခေါ်ဆိုစေမည် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/3E14886300000578-4294514-image-a-1_1488996782624-1.jpg?fit=800%2C467&ssl=1

အခုလာမည့် ၁၀ နှစ်ပြည့် iPhone မွေးနေ့ မှာ ထွက်ရှိလာမည့် iphone မျိုးဆက်သစ် ကို iPhone Edition လို့ ခေါ်ဆိုစေမှာ ဖြစ်တဲ့အကြောင်း ကို Apple က သတင်းထုတ်ပြန်ခဲ့ပြီး အမည်နာမ နဲ့ ပတ်သက်နေတဲ့ ကောလဟလ မှန်သမျှကို ငြိမ်သက်စေခဲ့တယ် လို့ သတင်း ရရှိပါတယ်။

Samsung, Apple စတဲ့ ကုမ္ပဏီကြီးတွေ ရဲ့ နာမည်ကျော် မိုဘိုင်းဖုန်းတွေ ဟာ အမှတ်စဉ်နဲ့ သွားနေတဲ့အတွက်အွန်လိုင်း က ဆန်းစစ်လေ့လာသူတွေ က အခု အသစ်ထွက်ရှိမယ့် အိုင်ဖုန်း ကို iPhone 8 လို့ အမည်ပေးတပ်ခဲ့ကြပြီး တင်ကြိုခန့်မှန်းချက် များစွာ ရေးသားခဲ့ကြတယ် လို့ ဆိုပါတယ်။ အဲဒီ အထဲမှာ iPhone X ဆိုတဲ့ အမည်နာမ ကိုလည်း  ပြီးခဲ့တဲ့ ၂ လ က ခန့်မှန်း အမည်ပေးခဲ့ပြီး iPhone 8 ရယ်လို့ အမည် မပေးခဲ့ဖူး ကြောင်း Apple က ဆိုပါတယ်။ အဲဒီအတွက် တင်ကြိုခန့်မှန်းချက် များစွာ လွဲချော် ခဲ့ပေမယ့် အတွင်းမှာ ပါရှိတဲ့ တချို့ Specs တွေကတော့ မှန်ကန်မှု ရှိတယ် လို့ ကုမ္ပဏီ က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Apple ရဲ့ အသစ်ထွက်လာမည့် iPhone Edition ဟာ အကြောင်းအမျိုးမျိုးကြောင့် အခု လာမယ့် စက်တင်ဘာလ အတွင်းမှာ ထုတ်လုပ်ဖြန့်ချိနိုင်ဦးမှာ မဟုတ်တဲ့အကြောင်း ဆိုပါတယ်။





Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...