မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Tuesday, March 14

♪ “PC အမှားများမှ ရုန်းထွက်ခြင်း” ♫

Image may contain: text

ကွန်ပျူတာသုံးတဲ့အခါမှာ software ကြောင်သွားလို့ လုပ်လက်စအလုပ်တွေ ဆုံးရှုံးသွားတာမျိုးရှိတယ်။ ကျွန်တော်တို့က pirated software တွေပဲ အများဆုံးသုံးနိုင်တာကိုး၊ တစ်ခါတလေကြတော့လည်း hardware ကပျက် တယ်။ data တွေဆုံးပြန်ရော။ ပြီးပြီလား၊ မပြီးသေးပေါင်ခင်ဗျာ။ ကျွန်တော် တို့လက်က မှားပြီးလုပ်မိလို့ data တွေဆုံးသွား တဲ့ကိစ္စမျိုးပါ။ နမူနာပြရရင် format ချရမယ့် partition ကို မချမိဘဲမချရမယ့် partition ကို မှားပြီး format ချမိတာမျိုးပေါ့။ ဒီလိုကိစ္စမျိုးတွေရှိလာရင် ထူပူမသွားပါနဲ့။ ခေါင်းအေးအေး ထားပြီး ကယ်လို့ရမယ့် နည်းလမ်းတွေရှိပါတယ်။ ဘယ်လိုကယ်တင်ကြ မလဲ။ 

ပထမဆုံးလုပ်နိုင်တာက နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်ကိုချက်ချင်းပြန်ပြီး undo လုပ်တာပါ။ မှားမှန်သိလိုက် တာနဲ့ ဘာမှဆက်မလုပ်ဖို့လိုပါတယ်။ Undo ကို ချက်ချင်းသွားရပါမယ်။ ဒီကိစ္စအတွက် အသုံးအများဆုံး Shortcut က Ctrl+z ဖြစ်ပါတယ်။ ဒီ shortcut တွေကို MS office ထဲက Word နဲ့ Excel ထဲမှာ အဲဒီ Shortcut ကို သုံးနိုင်ပါတယ်။ Undo လုပ်ရုံအတွက်သာမကဘဲ ကိုယ် နောက်ကြောင်း ပြန်လှည့်ချင်တဲ့ အဆင့်တစ်ခုအထိ နောက်ကြောင်း ပြန်လှည့် နိုင်ပါတယ်။ ဒါကြောင့် လက်ရှိလုပ်လက်စအလုပ်က ကိုယ်လိုချင်တာကို ပြန်ပြီး restore လုပ်နိုင်ပါတယ်။

Windows OS ထဲမှာ အမှားတစ်ခုခုလုပ်မိတဲ့အခါလည်း ctrl+z ကိုသုံးနိုင် တယ်။ ဥပမာပြရရင် ဖိုင်တစ်ခုခုကိုမှားပြီး ဖျက်မိတာမျိုး နာမည်အသစ်ပေးမိ တာမျိုးပေါ့။ မှားသွားတာကိုဖျက်မိမယ့်အစား Ctrl +z ဟာ နဂိုအခြေအနေ ဟောင်းကို အမြန်ဆုံးပြန်သွားနိုင်စေပါတယ်။ အသက်ကယ်ဆေး Ctrl +z ဟာ microsoft နဲ့ဆိုင်တဲ့ software ထဲမှာ သက်သက်သုံးနိုင်တာမဟုတ်ပါဘူး။ တခြား App တွေထဲမှာလည်း Undo အစားသုံးနိုင်ပါတယ်။ နောက်တစ်ခု သုံးနိုင်တာက Ctrl+y ဖြစ်ပါတယ်။ Undo လုပ်ခဲ့တဲ့ အဆင့်တွေကို ရှေ့ပြန်ပြီး အဆင့်တက်နိုင်အောင် redo လုပ်ပေးတာပါ။ ဒါပေမယ့် ctrl+z ကိုသုံးပြီး undo တွေအများကြီး လုပ်ထားမလားကို သတိထားသင့်ပါတယ်။


ဘာကြောင့် လဲဆိုတော့ app အားလုံးမှာ redo ကို အထောက်အပံ့မပေးလို့ဖြစ်ပါတယ်။ redo မပေးထားတဲ့ ဒါမှမဟုတ် redo အဆင့်နည်းနည်းလောက်ပဲ ပေးတဲ့ နေရာမှာ Ctrl+z တွေ အများကြီးလုပ်မိရင် မှားသွားတဲ့အလုပ်ကို ဖျက်ပစ်တာ နဲ့ အဆုံးသတ်ရပါလိမ့်မယ်။မှားလုပ်မိတဲ့အလုပ်က တစ်ခါတလေမှာ ဖိုင် မဟုတ်ဘူး ခင်ဗျ။ ဖွင့်လက်စလုပ်လက်စ tab တစ်ခုကို မှားပြီး ပိတ်ချမိတာ။ browser မှာ tab တွေ ပိတ်ရင် တစ်ပြိုင်တည်း အများကြီးပိတ်မိတာများ တယ်။ မတော်တဆ ပိတ်မိတဲ့ tab တစ်ခုကို လွယ်လွယ်ကူကူပဲ ပြန်ဖွင့်နိုင် ပါတယ်။ Google chrome နဲ့ Firefox ထဲမှာ မတော်တဆမှားပိတ်မိတဲ့ tab တွေကို ပြန်ခေါ်နိုင်တဲ့ နည်းလမ်းတစ်ခုမက ရှိပါတယ်။ အလွယ်ကူဆုံး ပြန်ခေါ် တဲ့ Shortcut က Ctrl+Shift+T ဖြစ်ပါတယ်။ ဒီ Shortcut က ကိုယ်နောက်ဆုံး ပိတ်ချမိတဲ့ tab ကို ပြန်ဖွင့်နိုင်ရုံတင် မကပါဘူး။ ဆက်တိုက်နှိပ်မယ် ဆိုရင် ဆက်တိုက်ပိတ်ချတဲ့ tab တွေကို တစ်ခုပြီးတစ်ခုပြန်ခေါ်စေနိုင်ပါတယ်။

တကယ်လို့ tab တွေ အများကြီးကို တစ်ပြိုင်တည်း ပိတ်မိမယ်၊ ကိုယ်ပြန်ပြီး ခေါ်တင်ချင်တာကလည်း tab တစ်ခုတည်း ဆိုပါစို့။ browser ရဲ့ main menu ကိုဖွင့်လိုက်ပါ။ ပြီးရင် history ကိုနှိပ်ပါ။ မကြာသေးခင်က ဖွင့်ခဲ့တဲ့ Webpage တွေရဲ့ စာရင်းကိုပြပါမယ်။ ကိုယ်ပြန်ဖွင့်ချင်တဲ့ Webpage ကိုရွေး၊ ပြီးရင် ကလစ်နှိပ်ပြီး ပြန်ဖွင့်ရုံပါပဲ။ မကြာသေးခင်က ပိတ်ခဲ့တဲ့ tab တွေကို firefox ထဲမှာ ပြန်ရှာပြီး ဖွင့်ချင်တယ်ဆိုရင် main menu ထဲက history ကိုရွေးပါ။ အဲဒီထဲမှာ ပိတ်မိတဲ့ tab တွေကို ပြန်ဖွင့်နိုင်စေမယ့် option ပါပါတယ်။


မကြာသေး ခင်က ပိတ်ချမိတဲ့ tab တွေအားလုံးကို ကလစ်တစ်ချက်နှိပ်ရုံနဲ့ ပြန်ဖွင့်နိုင်စေပါတယ်။ ကံမကောင်းတာတစ်ခုကတော့ web page ထဲမှာ form တစ်ခုကို တစ်ဝက်တစ်ပျက်ဖြည့်ပြီး page ရှိနေတဲ့ tab ကို ပိတ်မိတယ် ဆိုပါစို့။ အဲဒီ tab ကို ပြန်ဖွင့်လို့ရတယ်ဆိုရင်တောင် form ထဲမှာ ဘာတွေဖြည့် ခဲ့တယ်ဆိုတာကို browser က မမှတ်မိလို့ ဖြည့်စွက်ချက်တွေ ပြန်မရနိုင် ပါဘူး။ ဒါပေမယ့် lazarus for chrome (bit.ly/lazchrome 406) ဒါမှမဟုတ် firefox (bit.ly/lazfirefox 406) ကိုတင်ထားမယ်ဆို ရင်ဖြင့် browser ထဲက tab တစ်ခုထဲမှာ ဖြည့်ထားတဲ့ form နဲ့ပတ်သက်တဲ့ အချက်တွေအားလုံးပြန် ရနိုင်ပါတယ်။

MS office ထဲက Word, Excel, Power Point တွေထဲမှာ အလုပ်လုပ်နေတဲ့ ဖိုင်တစ်ခုခုဟာ App crash ကြောင့် မသိမ်းလိုက်ရ ဘူးဆိုရင်လည်း ပြန်ပြီး ကယ်နိုင်ပါတယ်။ Office ဖိုင်တွေက ဘယ်လောက်အထိ အလိုအလျောက် စနစ်နဲ့ save လုပ်ခံနေရတယ်ဆိုတာ မသိနိုင်ပါဘူး။ Office 2017 ကနေ အထက် version တွေမှာဆိုရင် အလုပ်လုပ်နေတုန်း ဘယ်လောက်ကြာရင် တစ်ခါအလိုအလျောက် autosave လုပ်ပါဆိုတဲ့ စွမ်းဆောင်ချက်ထည့် ထားပါတယ်။ Software crash ကြောင့် ဖိုင်တစ်ခုလုံးလုံးလျားလျား ပျက်မသွားရအောင် ကြိုတင် save လုပ်ပြီး ကာကွယ်ပေးထားပါတယ်။ ဒီစွမ်းဆောင်ရည်ကို activate လုပ်ထားသလားဆိုတာ တစ်ချက်ကြည့်မယ်။ MS office ထဲ App တစ်ခုခုမှ File နေရာမှာ ကလစ်နှိပ်မယ်။ ပြီးရင် Options > Save ကို ဆက်ပြီးရွေးမယ်။ Save menu ထဲမှာ Save AutoRecover information every ....minutes ဘေးက လေးထောင့်ကွက်မှာ အမှန်ခြစ်ပေါ် အောင်လုပ် ရပါမယ်။ မိနစ်အတိုင်းအတာ ကွက်လပ်ထဲမှာ မိနစ်ဘယ်လောက် ကြာရင် တစ်ခါသိမ်းမယ် (ဥပမာ ၅ မိနစ်) ဆိုတာကို ထည့်ပေးရပါမယ်။


Word, Excel, Power Point တစ်ခုခုထဲမှာ Keep the last auto saved version if I close without saving ဆိုတာရှာပြီး သူ့နံဘေးက လေးထောင့်ကွက်မှာ အမှန်ခြစ်ပေါ်အောင် လုပ်ပြီးရွေးပေးရပါမယ်။

ဒါတွေအားလုံး သေချာအောင်လုပ်ပြီးပြီဆိုရင် MS office ထဲက ဖိုင်တစ်ခုခုကို မသိမ်းရသေးဘဲ App ကို ပိတ်ချမိတယ်ဆိုရင် နောက်တစ်ကြိမ် app ပြန်ဖွင့် တဲ့အခါမှာ Document Recovery Task Pane ပေါ်လာပါမယ်။ နောက်ဆုံး အကြိမ်သိမ်း ဆည်းခဲ့တဲ့ auto-save ကို ဖိုင်နာမည်နဲ့အတူ ပြပေးပါမယ်။ အဲဒီမှာ မြင်နေရတဲ့ အောက်စိုက် မြားခေါင်းနေရာမှာ နှိပ်ရင်ဒီဖိုင်ကို Open, Save as, Delete တစ်ခုခု လုပ်လို့ရပါမယ်။ ကိုယ်အလုပ်လုပ်တဲ့ နောက်ဆုံး အခြေအနေကို မရနိုင်ပေမယ့် အနီးစပ်ဆုံး အခြေအနေအထိ ပြန်ရနိုင်မှာမို့ ကျေနပ်စရာဖြစ် ပါတယ်။


ဘယ်ဖိုင်ကိုမှ မဆုံးရှုံးချင်ဘူးဆိုရင် Cloud နဲ့ ပတ်သက်တဲ့ Desktop App တစ်ခုခု (ဥပမာ- Google Drive, Dropbox) တစ်ခုခုကိုသုံးရပါမယ်။ သူက အင်တာနက်လိုတယ်။ ကိုယ်အလုပ် လုပ်လက်စ ဖိုင်ကို Cloud နဲ့ အလို အလျောက် sync လုပ်ပေးပါတယ်။ အကြောင်းကြောင်း ကြောင့် ကွန်ပျူတာ ပျက်ခဲ့ရင်တောင် အရေးကြီးဖိုင်တွေအားလုံး ပြန်ရနိုင်ပါ တယ်။ Cloud service အတော်များများဟာ recover previous version of files လုပ်နိုင်တဲ့ ရွေးချယ်ခွင့် ပေးထားပါတယ်။ ဆိုလိုချင်တာက အခု အလုပ်လုပ် လက်စဖိုင်ကို ကြည့်နိုင်တဲ့အပြင် ပြီးခဲ့တဲ့အပတ်က save လုပ်ခဲ့တဲ့ဖိုင်ကိုကြည့်နိုင်တာမျိုးပါ။ 

အခြေအနေမကြာခဏ ပြောင်းတတ်တဲ့ စာရင်းဇယားဖိုင်တွေဆိုရင် အပြောင်းအလဲကိုတိုက်ဆိုင်စစ်ဆေးဖို့  အတွက် ဒီစွမ်းဆောင်ချက်က အသုံးတည့်ပါတယ်။ Dropbox ထဲမှာ Previous version of file ကို ကြည့်ချင်တယ်ဆိုရင် www.dropbox.com နေရာမှာ ညာကလစ် ထောက်ပါ။ ပေါ်လာတဲ့ အကွက်ထဲကနေ previous version ဆိုတာကိုရွေးပါ။ Google Drive ရဲ့ Web version မှာလည်း အလားတူလုပ်နိုင်ပါတယ်။ ဖိုင် တစ်ခုခုအပေါ်မှာ ညာကလစ်ထောက်ပြီး ပေါ်လာတဲ့အကွက်ထဲက Manage versions ကို ရွေးရပါမယ်။ ဒီကိစ္စအတွက် အင်တာနက်လိုပါတယ်။


နောင်စိုး (ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...