မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Tuesday, March 14

♪ “၂၀၁၆ ခုနှစ်မှာ Samsung က စမတ်ဖုန်းရောင်းအားအကောင်းဆုံး” ♫

Image may contain: phone

Samsung က ၂၀၁၆ ခုနှစ်မှာ Note 7 စမတ်ဖုန်းများရဲ့ ဘက်ထရီ ပြဿနာ များကြောင့် ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပေမယ့်လည်းစမတ်ဖုန်းအလုံးရေ ၃၀၈.၅ သန်းရောင်းချခဲ့ပြီး ၂၀၁၆ ခုနှစ်ရဲ့ ရောင်းအား အကောင်းဆုံးစမတ်ဖုန်း ထုတ်လုပ်သူဘွဲ့ကိုအပိုင်သိမ်းသွားခဲ့တယ်လို့ Strategy Analytics ရဲ့ စစ်တမ်း အရသိရပါတယ်။ Apple ကတော့ ၂၁၅.၅ သန်းဖြင့် ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။

Apple က ယခင်နှစ်မှာစမတ်ဖုန်းရောင်းချရမှုမှ အမြတ်ငွေ ၄၄.၉ ဘီလီယမ် ဒေါ်လာရရှိခဲ့ပေမယ့် Samsung ကတော့ Note 7 စမတ်ဖုန်းများကြောင့် ၈.၃ ဘီလီယမ်သာအမြတ်ငွေ ရရှိခဲ့ပါတယ်။ စမတ်ဖုန်းရောင်းချရမှုအားလုံးရဲ့ အမြတ်ငွေ ရာခိုင်နှုန်းကိုယှဉ်ကြည့်ရင် Apple က ၃၂.၄ ရာခိုင်နှုန်းနဲ့ Samsung က ၁၁.၆ ရာခိုင်နှုန်း မြတ်ခဲ့ကြပါတယ်။

Huawei က တတိယနေရာကရပ်တည်နေပြီးစမတ်ဖုန်းအလုံးရေ ၇၂.၂ သန်း ရောင်းချခဲ့ရပါတယ်။ Xiaomi က ၄၆.၄ သန်းရောင်းချခဲ့ရပြီးယခင်နှစ် ပမာဏ ဖြစ်တဲ့ ၆၅ သန်းထက် ကျဆင်းသွားခဲ့ပါတယ်။ Vivo ရဲ့ X Series များက ၃၃.၇ သန်းနဲ့ Y Series များက ၂၅.၆ သန်းရောင်းချခဲ့ရပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...