မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Thursday, March 16

♪ " Sony Xperia XA1 VS Sony Xperia XA Ultra " ♫

Image may contain: phone and screen

၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ Sony က အဆင့်မြင့်စမတ်ဖုန်းတွေကို ဆက်တိုက်ထုတ်နေပြီး အခုမိတ်ဆက်ပေးမယ့် ဖုန်း ၂ လုံးထဲက တစ်လုံးဖြစ်တဲ့ Sony Xperia XA1 ကိုလည်း ဖေဖော်ဝါရီလကမှ မိတ်ဆက်ပေးကြေညာခဲ့တာဖြစ်ပါတယ်။ ၄င်းဖုန်းနဲ့ နှိုင်းယှဉ်ကြည့်သွားမယ့် Sony Xperia XA Ultra ကိုတော့ ၂ဝ၁၆ ခုနှစ် ဇူလိုင်လတည်းက ထုတ်လုပ်ခဲ့ပါတယ်။

၎င်းဖုန်း ၂ လုံးစလုံးက အလယ်အလတ်တန်းစား ဖုန်းအမျိုးအစားထဲမှာပါဝင်ပြီး တူညီတာတွေ အနည်းငယ်ရှိသလို ကွဲပြားတာတွေ အများကြီးကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် သူ့နေရာနဲ့သူ တစ်နေရာစီမှာ အားသာချက်၊ အားနည်းချက်တွေ ရှိနေပါတယ်။ ဖုန်း ၂ ခုလုံးက GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Single SIM နဲ့ Dual SIM version ၂ မျိုးလုံးကို ခွဲခြားထုတ်လုပ်ထားပါတယ်။

အနောက်ကင်မရာစွမ်းအားပိုင်းမှာ XA1 က ပိုကောင်းပြီး အရှေ့ကင်မရာကတော့ XA Ultra က ပိုမိုစွမ်းအားကောင်းပါတယ်။ Xperia XA1 မှာ Non-removable Li-Ion 2300mAh battery ကိုသုံးထားပြီး Xperia XA Ultra မှ 27,00mAh battery ကိုထည့်သွင်းထားတာကို တွေ့ရပါတယ်။

* Design *

1. Sony Xperia XA1
Sony Xperia XA1 ရဲ့ အရွယ်အစားက 145 x 67 x 8 mm ရှိပြီး အလေးချိန်က 143g လေးပါတယ်။ ဒီဇိုင်းပုံစံက ဘေးဘောင် bezels ကျဉ်းကျဉ်းနဲ့ လေးထောင့်စက်စက် တည်ဆောက်ပေးထားပါတယ်။ ဒါ့အပြင် ကိုင်တွယ်ရတာလည်း ပေါ့ပါးမှုရှိပါတယ်။

2. Sony Xperia XA Ultra
Sony Xperia XA Ultra ရဲ့ ဖုန်းအရွယ်အစားက 164 x 79 x 8.4 mm ရှိပြီး အလေးချိန် 202g တောင်လေးပါတယ်။ XA1 နဲ့ နောက်ကျောဘက်ဒီဇိုင်းပုံချင်းက အနည်းငယ်တူပေမယ့် အရှေ့ဘက်မှာရှိတဲ့ ကင်မရာနဲ့ flash မီးလုံးအနေအထားတွေကတော့ ကွာခြားပါတယ်။

* Processor *

1. Sony Xperia XA1
XA 1 ရဲ့ ကိုယ်ထည်ထဲမှာ Mediatek MT6757 Octa-core processor နဲ့ Mali-T880MP2 GPU တို့ကို အသုံးပြုထားပြီး RAM 3GB ပါရှိပါတယ်။ ဒါကြောင့် လုပ်ဆောင်ချက်တွေက လျင်မြန်တိကျမှုရှိပြီး ဂိမ်းကစားရတာလည်း အလွန်အဆင်ပြေပါတယ်။

2. Sony Xperia XA Ultra
၎င်းမှာတော့ Mediatek MT6755 Octa-core processor တို့က စက်စွမ်းဆောင်ရည်ကို အပြည့်အဝထောက်ပံ့ပေးထားပြီး RAM 3GB ပါရှိပါတယ်။ သုံးစွဲထားတဲ့ GPU က Mali-T860MP2 ပဲဖြစ်လို့ လုပ်ဆောင်နိုင်စွမ်းကတော့ XA1 နဲ့ သိပ်မကွာလှပါဘူး။

* Display *

1. Sony Xperia XA1
မျက်နှာပြင်အကျယ် ၅ လက်မခွဲရှိပြီး IPS LCD capacitive touch-screen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 720 x 1280 pixels ရှိပြီး ၁ လက်မ သိပ်သည်းဆက ~294 ppi pixel ပမာဏ ရှိပါတယ်။

2. Sony Xperia XA Ultra
XA Ultra က IPS LCD capacitive touchscreen မျက်နှာပြင်ဖြစ်ပြီး ၆ လက်မတောင် ကျယ်ပါတယ်။ ဒါ့အပြင် full HD မြင်ကွင်းတွေကို ပြသပေးနိုင်တာကြောင့် မျက်နှာပြင်စွမ်းအားပိုင်းမှာ XA1 ထက် သာလွန်ကောင်းမွန်ပါတယ်။

* Verdict *

1. Sony Xperia XA1
Sony Xperia XA1 ဟာ အလယ်အလတ်တန်းစား ဖုန်းအမျိုးအစားဖြစ်ပေမယ့် သုံးစွဲရတာ အလွန်ကောင်းမွန်ပါတယ်။ ရရှိနိုင်တဲ့ အရောင်တွေကတော့ ရွှေရောင်၊ ငွေရောင်၊ မီးခိုးရောင်နဲ့ ပန်းရောင် အရောင် ၄ မျိုးကို စုံစုံလင်လင်ထုတ်လုပ်ပေးထားတဲ့အတွက် စိတ်ကြိုက်ရွေးဝယ်နိုင်ပါတယ်။

2. Sony Xperia XA Ultra
Sony Xperia XA Ultra ကိုတော့ အဖြူရောင်၊ အမည်းရောင်နဲ့ ရွှေရောင် အရောင် ၃ မျိုးကို ထုတ်လုပ်ပေးထားပါတယ်။ ၄င်းဖုန်းဟာလည်း သူ့အားသာချက်တွေနဲ့သူ သုံးစွဲလို့ကောင်းတဲ့ Sony ရဲ့ အလယ်အလတ်တန်းစားအဆင့်ရှိတဲ့ စမတ်ဖုန်းတစ်လုံးပါပဲ။ ၂ဝ၁၆ ကတည်းက ထုတ်လုပ်ခဲ့ပေမယ့် အခုထိလူသုံးများတဲ့ ဖုန်းတစ်လုံးပါ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...