မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Wednesday, March 15

♪ Viber မှာ Chat များ အလိုအလျှောက် ဖျက်တဲ့ စွမ်းဆောင်ချက် ပါလာ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/Ashampoo_Snap_002_.jpg?fit=800%2C450&ssl=1

Viber ဟာ ကမ္ဘာအ၀န်းမှာ လူသန်းပေါင်း ၈၀၀ ကျော် အသုံးပြုနေတဲ့ ကမ္ဘာ့ လူသုံးအများဆုံး Messenger တစ်ခု ဖြစ်ပါတယ်။ သူ့ကို အာရှ၊ အရှေ့ ဥရောပနဲ့ မြောက်အာဖရိကနိုင်ငံများမှာ အများဆုံး အသုံးပြုကြပါတယ်။ အခုတော့ Viber က Users များရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ကာကွယ်ပေးနိုင်တဲ့ စွမ်းဆောင်ချက်တစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို Secret Chats လို့ အမည်ပေးထားပြီး User သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် Chat ကို အလိုအလျှောက် ဖျက်ဆီးပေးတာ ဖြစ်ပါတယ်။

Viber က ယခုနှစ် အစောပိုင်းမှာလည်း သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် Message များကို အလိုအလျှောက် ဖျက်ဆီးပေးတဲ့ Secret Messages စွမ်းဆောင်ချက်ကိုလည်း ထည့်သွင်းပေးခဲ့ပါတယ်။ Secret Chats မှာ Messages များကို အခြားသူများထံ Forward လုပ်လို့ မရအောင်လည်း ပြုလုပ်ပေးထားပါတယ်။ တစ်ဖက်လူက Screenshot ရိုက်ရင်လည်း အသိပေးမှာ ဖြစ်ပါတယ်။ Viber ရဲ့ သာမာန် Chat များမှာလိုပဲ Encrypted လုပ်ထားတဲ့အတွက် လုံခြုံစိတ်ချရပါတယ်။ Secret Chat များကို PIN Code ဖြင့်လည်း ကာကွယ်ထားနိုင်ပါတယ်။

Messenger များဟာ အစိုးရများ၊ ဟက်ကာများရဲ့ အဓိက ပစ်မှတ်ဖြစ်နေတဲ့အတွက် နည်းပညာ ကုမ္ပဏီများက သူတို့ရဲ့ Messenger များမှာ လုံခြုံရေး စွမ်းဆောင်ချက်များကို ထည့်သွင်းပေးနေကြပါတယ်။ Viber ရဲ့ Secret Chats ကို လာမယ့် တစ်ပတ်ထဲမှာ Android နဲ့ iOS အတွက် ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။



Credit To ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...