မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Thursday, March 16

♪ “ပန်းရောင် Xiaomi Mi Note 2 လာမည်” ♫

Image may contain: phone

Xiaomi ရဲ့ စွမ်းဆောင်ရည်မြင့် Phablet တစ်လုံးဖြစ်တဲ့ Mi Note 2 ဟာ လူကြိုက်များရေပန်းစားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ အခုအခါ Xiaomi ကMi Note 2 အတွက် အရောင်အသစ်တစ်မျိုးကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။

Xiaomi ကMi Note 2 အတွက် အနက်၊ ငွေနဲ့ ရွှေရောင်များကို လက်ရှိမှာထုတ်လုပ်ရောင်းချပေးထားပါတယ်။ အခုတော့ ပန်းရောင်မော်ဒယ် ကို ထုတ်လုပ်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို Xiaomi က တရားဝင်ကြေညာခြင်း မရှိသေးပေမယ့် တရုတ်နိုင်ငံ မှာသတင်းပေါက်ကြား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Cherry Pink အရောင် ဖြစ်ပြီးရောင်းချမယ့် အချိန်ကိုတော့ မသိရသေး ပါဘူး။ တရုတ်နိုင်ငံ ပြင်ပမှာ ရောင်းချမယ့် သတင်းကိုလည်းမသိရသေးပါဘူး။

Mi Note 2 Model အသစ်ဟာယခင်မော်ဒယ်များနဲ့ Specification များတူညီမှာ ဖြစ်ပြီး 4GB RAM, 64GB Internal Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ယခင်မော်ဒယ်များလိုပဲတရုတ်ယွမ် ၂၇၉၉ ( ၄၀၄ ဒေါ်လာ ) ဖြင့် ရောင်းချ မယ်လို့ မျှော်လင့်ရပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...