မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, April 25

♪ မျက်နှာပြင် အနီရောင် သမ်းတဲ့ Galaxy S8 ဖုန်းများကို လဲလှယ်ပေးမည် ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/17882591_1326871780733493_7998630217973235712_n.jpg?fit=800%2C450&ssl=1

Samsung Galaxy S8 ကို ၀ယ်ယူထားသူများက စကရင် အနီရောင် သမ်းတဲ့ ပြဿနာကို ရင်ဆိုင်နေရ တယ်လို့ လူမှုကွန်ရက်များမှာ မျှဝေထားကြပါတယ်။ Samsung က Settings ကို ပြုပြင်ခြင်းဖြင့် အဲဒီ ပြဿနာကို ဖြေရှင်းနိုင်တယ်လို့ ပြောပေမယ့် အဆင်မပြေခဲ့ပါဘူး။ အခုတော့ Samsung က အဲဒီ ပြဿနာကို ဖြေရှင်းပေးမယ့် Software Update ကို လာမယ့် ရက်သတ္တပတ်ထဲမှာ ဖြန့်ချီပေးမယ်လို့ ကြေညာလိုက် ပါတယ်။

အဲဒီ Software Update ကို အဆင့်မြှင့်ပြီးလို့မှ အဆင်မပြေသေးရင်တော့ ဖုန်းအသစ်တစ်လုံး လဲလှယ်ပေးမယ်လို့ ကုမ္ပဏီက တောင်ကိုရီးယား မီဒီယာ The Investor ကို ပြောပါတယ်။ The Investor က စကရင် အနီရောင် သမ်းခြင်းနဲ့ ပတ်သက်၍ ပညာရှင်များနဲ့ အင်တာဗျူးတဲ့ အခါမှာ အများစုက Hardware နဲ့ သက်ဆိုင်တဲ့ ပြဿနာလို့ ပြောပါတယ်။ အချို့ကတော့ ပြဿနာကို ဖြေရှင်းဖို့အတွက် Software Update က လုံလောက်တယ်လို့ ပြောပါတယ်။ “ Samsung Galaxy S နဲ့ Notes စမတ်ဖုန်းများ ၊ Apple ရဲ့ iPhones များမှာ ထုတ်လုပ်မှု ဖြစ်စဉ် အားနည်းချက်များကြောင့် စကရင်များမှာ အနီရောင်၊ အ၀ါရောင် သမ်းနေတတ်ကြပါတယ်။ “ လို့ ပညာရှင် တစ်ဦးက သုံးသပ်ပါတယ်။

ကုမ္ပဏီက အရောင် ချိန်ညှိဖို့အတွက် Software Update ကို ဖြန့်ချီမယ့် အကြောင်းကို တောင်ကိုရီးယားရှိ Customer Service Centers များအား အသိပေးထားပါတယ်။ Samsung က Galaxy S8 ကို ကမ္ဘာအ၀န်းမှာ ရောင်းချပေးလိုက်ပြီ ဖြစ်တဲ့အတွက် Software Update က အဆင်ပြေမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ အဆင်မပြေရင်တော့ Note 7 လို အဖြစ်ဆိုးမျိုးကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...