မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Tuesday, April 11

♪ Huawei အား ဒေါ်လာ ၁၁ သန်း အလျော်ပေးရမယ့် Samsung ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/04/Huawei-P10-EMUI-840x560.jpg?fit=800%2C450&ssl=1

တရုတ်နိုင်ငံ Quanzhou Intermediary တရားရုံးက နည်းပညာ ပုံတူကူးမှုဖြင့် Huawei အား ယွမ် သန်း ၈၀ ပေးဆောင်ရန် Samsung အား အမိန့်ထုတ်လိုက်ပါတယ်။ အဲဒီ ငွေ ပမာဏဟာ ဒေါ်လာ ၁၁.၆ သန်းနဲ့ ညီမျှပါတယ်။ Samsung က Huawei ရဲ့ 4G နည်းပညာကို Galaxy S7 အပါအ၀င် Device ပေါင်း ၂၀ ကျော်မှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Huawei က တိုင်ကြားမှုကို အမေရိကန်နဲ့ တရုတ်မှာ ယခင်နှစ် မေလက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Samsung ကလည်း IP Certification Patents များကို ကူးယူမှုဖြင့် Huawei အား ပြန်လည် တရားစွဲဆိုထားပါတယ်။ ၂၀၁၆ ခုနှစ်မှာ ရောင်းချခဲ့တဲ့ Samsung ရဲ့ ထုတ်ကုန်ပေါင်း သန်း ၃၀ ကျော်မှာ သူ့ရဲ့ နည်းပညာများကို အသုံးပြုထားပြီး Samsung ဟာ အဲဒီ ထုတ်ကုန်များကနေ ဒေါ်လာ ၁၂.၇ သန်း ရရှိခဲ့တယ်လို့ Huawei က ပြောပါတယ်။

တရုတ် တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ Samsung ရဲ့ ဌာန ၃ ခုဟာ အလျော်ပေးရမှာ ဖြစ်ပြီး အခြား အဖွဲ့အစည်း ၅ ခုက Huawei ရဲ့ Patents များကို အသုံးပြုနေခြင်းအား ရပ်တန့်ရမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Samsung ရဲ့ မိုဘိုင်းဌာနဟာ အမြတ်ငွေ ဒေါ်လာ ၂ ဘီလီယမ် ရရှိခဲ့တဲ့အတွက် ဒေါ်လာ ၁၁ သန်း လျော်ကြေးဟာ မပြောပလောက်ဘူးလို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

စမတ်ဖုန်း ကုမ္ပဏီများအကြားမှာ Patent အငြင်းပွားမှုများဟာ ဖြစ်နေကျဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်များအတွင်းမှာ Samsung , Apple , Huawei တို့ဟာ အပြန်အလှန် တရားစွဲခဲ့ကြပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...