မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Saturday, May 6

♪ " Acer မှ 2in 1 နှင့် all-in-one devicer အသစ်များကို ပြသ " ♫

Image may contain: laptop and screen

Acer သည် liquid loop passive cooling နည်းပညာကို ယခင်ကတည်းက ပြသထားပြီး ယမန်နှစ်က ထုတ်လုပ်ခဲ့သော Switch Alpha 12 တွင် ပါဝင်ခဲ့သည်။ ယခုအခါ Acer Switch G နှင့် Aspire U27 တို့ကို အဆိုပါ နည်းပညာဖြင့် အသစ်ထပ်မံထုတ်လုပ်ခဲ့သည်။

Switch 5 မှာ Surface ကို ယှဉ်ပြိုင်နိုင်မည့် ပုံစံမျိုးဖြစ်ပြီး Acer ၏ ပထမဆုံး 2 in 1 ဖြစ်လာခဲ့ကာ နောက်ဆုံးမျိုးဆက် Core i7 နှင့် i5 processor များ ပါဝင်ခဲ့ပြီး Acer ၏ မူပိုင်ခွင့်ရယူထားသော auto-retracting kickstand ပါဝင်ကာ full HD+ display နှင့် RAM 8GB ပါဝင်ခဲ့သည်။

စွမ်းအင်နည်းပါးသော Switch 3 ကိုလဲ ထုတ်လုပ်ပေးခဲ့ပြီး Full HD Screen နှင့် Intel Pentium (သို့) Celeron processor များကို သုံးစွဲထားသည်။ Switch 5 တွင် Acer Active Pen ကိုသုံးကာ ပုံဆွဲချင်း၊ မှတ်စုရေးမှတ်ခြင်း တို့ကို ပြုနိုင်မည်ဖြစ်သည်။

27” Aspire U 27 မှာမူ all-in-one ပုံစံဖြစ်ပြီး အထူးပါးလွှာသော ကိုယ်ထည်ရှိကာ အထူးဒီဇိုင်းထုတ်ထားသည့် subwoofer ပါဝင်ပြီး ရုပ်ရှင်နှင့် သီချင်းများအတွက် ကောင်းမွန်သော Dolby certified subwoofer ဖြစ်သည်။ Aspire U 27 ကိုယ်တိုင်လဲ 2017IF Design Award ကို ရထားပြီး Full HD resolution ကိုမူ အားမရသူများရှိနေနိုင်သည်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...