မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Thursday, May 18

♪ “Asus Zenfone မှာထည့်သွင်းပေးထားတဲ့ ကင်မရာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ” ♫

No automatic alt text available.

Pixel Master Low-Light mode ဟာ တစ်ညလုံးရှင်းလင်းပြတ်သားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုများကို ရိုက်ကူးနိုင်ပါတယ်။ အင်ဂျင်နီယာများက အလင်းရောင်ထိတွေ့မှုကို အလိုအလျောက်ပိုမိုကောင်းမွန်စေပြီး အမှောင်ထဲတွင်အသေးစိတ်ကိုခွဲခြားနိုင်ဖို့ အထူးကောင်းမွန်တဲ့ algorithms များကိုဖန်တီးထားပါတယ်။ အနားရှိ pixel လေးခုကို pixel တစ်ခုအဖြစ် ဖွဲ့စည်းပေးတဲ့ pixel-merging နည်းပညာနဲ့ advanced image-processing algorithms များကို ပေါင်းစည်းလျက် ဓာတ်ပုံ အလင်းရောင်ထိတွေ့မှုကို ၄၀၀ ရာခိုင်နှုန်းအထိ တိုးတက်စေကာ noise reduction နဲ့ color contrast ကိုလည်း ၄၀၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန် စေပါတယ်။ သင့်အနေဖြင့် flash သုံးစရာမလိုဘဲ ကြည်လင်ပြတ်သား တောက်ပတဲ့ low-light shots များကို ရိုက်ကူးနိုင်ပါတယ်။ Digital Image Stabili-zation (DIS) က ပြတ်သားပြီးမ၀ါးတဲ့ ဓာတ်ပုံတွေရရှိစေဖို့ low-light စွမ်းဆောင်မှုကို တိုးတက်စေပါ တယ်။ PixelMaster 3.0 သည် Zenfone 3 မျိုးဆက်တွင် ပြည့်ပြည့်စုံစုံဖြင့် ပါဝင်သောအမျိုးအစား တစ်ခုဖြစ်သည်။ ထိုခေတ်ရှေ့ပြေးသော Hardware နည်းပညာတို့ကို ပေါင်းစပ်ထားပြီး အတွေ့အကြုံ ပြည့်ဝကောင်းမွန်သောစက်မှုလုပ်ငန်း များမှ ထုတ်နုတ်ထားပြီးလျှင် ASUS software tuning နှင့် tweaks နှစ်မျိုးလုံးကိုလည်း ပေါင်းစပ်ထားပါသည်။ Deep Trench Isolation သို့မဟုတ် “DTI” ဖြင့်ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ထို “DTI” မှ ကြည်လင်ပြတ်သားပြီး အကောင်းမွန်ဆုံးနှင့် အနုစိတ် လှသော ပုံရိပ် ကောင်းတို့ကို ထုတ်လွင့်ကာအခြားတစ်ဖက်သို့ အလင်းရောင် စိမ့်ထွက်မှုနှင့် အလင်းဝင်ရောက်မှုကို အကောင်းမွန်ဆုံးကာကွယ်ပေးထား ပါသည်။

<32 second slow shutter mode>

ZenFone ၏ ကိုယ်တိုင်ထိန်းချုပ်နိုင်သော Manual Creative Controls များထဲမှဖွံဖြိုးတိုးတက်မှုတစ်ခုဖြစ်သည့် slow shutter mode သည် ဓာတ်ပုံများကို ၃၂ စက္ကန့်အတွင်း exposure time ကို ခွင့်ပြုပေးပါသည်။ ပုံမှန်အားဖြင့် အလင်းရောင် ရရှိမှုအားနည်းသော အချိန်နှင့်ညဘက်တွင် အသုံးပြုပါကလည်း ယခု Mode သည် ညဘက်ရှုခင်းများ ရိုက်ကူးရာတွင် သို့ မဟုတ် ကြယ်တာရာအလင်းတန်းများရိုက်ကူးခြင်း ရိုက်ကူးနေစဉ် အတွင်း ယာဉ်ဖြတ်သန်းသွားလာခြင်း သို့မဟုတ် ရွေ့လျားမှု မရှိသော အရာများကို အလင်းရောင်မှု အားနည်းသောအချိန်တွင် ရိုက်ကူးခြင်း တို့တွင် ကိုက်ညီမှုရှိလှပါသည်။ ထို Mode သည်လည်း လိုအပ်ပါသည် တည်တည်ငြိမ်ငြိမ်ဖြင့်ရိုက်ကူး ယူရန်လှုပ်ရှားမှုမရှိရန်အတွက် self-timer ဖြင့် ရိုက်ကူးခြင်းမှာလည်း အကောင်းဆုံးနည်းတစ်ခုဖြစ်သောကြောင့် ပုံရိပ်များတုန်ခါမှုကိုမှကင်းဝေးကာ ရလဒ်အဖြစ်မှုန်ဝါးခြင်းမှ ကင်းဝေး စေပါသည်။

<၆ စင်တီမီတာအထိအနုစိတ်ရိုက်နိုင်ပြီ>

Zenfone ရဲ့ macro focus (အနီးကပ်ရိုက်ကူးခြင်း)က သင့်ကိုအနီးကပ် သွားလေ အရာဝတ္ထုတွေကိုအသေးစိတ်မြင်နိုင် လေဖြစ်ပါတယ်။ တစ်မူ ထူးခြားတဲ့ five-prismlargan မှန်ဘီလူးတွေရဲ့ အလင်းဆုံမျက်နှာပြင်ကို အလွန်တိကျတဲ့ motor တွေက တိုးမြှင့်ပေးပြီး အနီးကပ်ဆွဲခြင်း ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ ASUS ရဲ့ software လုပ်နည်းတွေနဲ့ ပူးပေါင်းလိုက်တဲ့အခါမှာတော့ Zenfone က အနီးကပ် 6cm (၂.၃လက်မအတွင်း) လုံးဝကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ပေးပြီး မမြင်ဘူးသေးတဲ့အသစ်တွေကို အသေးစိတ်ဖော်ဆောင်ပေး ပါတယ်။

<Simply Collage Everything>

ဓာတ်ပုံဖြတ်ညှပ်ကပ်နည်းပညာ Photo-Collage က Zenfone ရဲ့ ထူးကဲကောင်းမွန်တဲ့ဓာတ်ပုံတွေကို အသင့်လုပ်ပြီးသား ပုံစံလေးတွေရယ်၊ ရိုးရှင်းတဲ့အဆင့်တွေရယ်နဲ့ လှပတဲ့ပုံဖော်ပေးပါတယ်။ အနည်းငယ် ထိတွေ့ရုံနဲ့သင်က သင့်ဓာတ်ပုံကို ဆွဲဆောင်မှုကောင်းတဲ့ မဂ္ဂဇင်းစတိုင် မှာ ထည့်ရန် ဓာတ်ပုံအထူးပြု အသင့်သုံးပုံများဖြစ်တဲ့ PhotoEffects templates ကိုသုံး၍ ဒါမှမဟုတ် ကိုယ်ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကို သုံးပြီးပုံပြင်လေးတွေဖန်တီးနိုင်ပါပြီ။ သင် photo-collage sticker shop ကို သွားပြီး တခြားပုံစံလေးတွေ ဟာသပုံ လေးတွေယူပြီး ဓာတ်ပုံတိုင်းကို ရယ်စရာဖန်တီးယူလို့ရပါတယ်။ သင့်ဖန်တီးမှုလေးနဲ့ ပျော်ရွှင်တဲ့အခါ သင့်ရဲ့ အမှတ်တရတွေကို သင့်အကြိုက်ဆုံးလူမှုကွန်ရက် social network မှာတင်ဖို့ photo collage's easy one touch tools ကိုသုံးလို့ရပါသေး တယ်။

<Selfie Panorama>

Zenfone Selfie က ဓာတ်ပုံကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရိုက်စေနိုင်မှာပါ။ မြင်ကွင်းကျယ် selfie mode အတွက် အလင်းဝင်ပေါက် f/2,2 ရှိတဲ့ အရှေ့ကင်မရာမှန်ဘီလူးကိုအသုံးပြုပြီး ၈၈ ဒီဂရီ ကနေ ၁၄၀ဒီဂရီအထိ မြင်ကွင်းကျယ် Selfie တွေကိုဖန်တီးလို့ရပါတယ်။ နောက်ထပ် f/2.0 ရှိတဲ့နောက်ကင်မရာကိုအသုံးပြုပြီး ၂၇၀ ဒီဂရီအထိ ရှုခင်းတွေကို မှတ်တမ်းတင်လို့ ရပါတယ်။ Zenfone က ရိုးရှင်းစွာနဲ့ တစ်ချက်ဖိနှိပ်ရုံနှင့် professional ဆန်ဆန်ကူးပြောင်းရိုက်နိုင်ပါတယ်။ ဥပမာ shutter အပိတ်အဖွင့်ကို ထိန်းညှိနိုင်ခြင်း၊ exposure value ညှိနှိုင်းခြင်း၊ အရောင် တွေကိုမျှတစေခြင်း၊ ISO နှင့် တခြားသော professional setting တွေထည့်သွင်းထားပါတယ်။ Zenfone ရဲ့ manual mode နဲ့ professional ဆန်တဲ့ setting 13 မျိုး ပြောင်းလဲနိုင်ပါတယ်။ အလျားလိုက် ရိုက်နိုင်ခြင်း၊ Histrogam ဇယားတွေနှင့် Shutter ရဲ့လျင်မြန်နှုန်း အရောင်ထိန်းညှိခြင်း၊ ISO EV ၊ အကွာအဝေးစူးစိုက်နိုင်စွမ်း၊ တည်နေရာ တိုင်းတာနိုင်ခြင်း၊ ပြတ်သားသောပုံ၊ AE/AF ဆုံမှတ်ခွဲခြားနိုင်ခြင်းတို့ ဖြစ်ပါတယ်။

<Color Correction Sensor>

ပုံရိပ်များကို ဖမ်းယူရိုက်ကူးရာတွင် အ၀ါရောင်သမ်းမှုကို အလွန်အမင်း အားကောင်းစေခြင်း သို့မဟုတ် ပြာလဲ့လဲ့ဖြစ်သော အေးအေးချမ်းချမ်း အရောင်များ သို့မဟုတ် ဘေးပတ်ဝန်းကျင်မှ အရောင်များနှင့်ရောထွေး ကာ မှန်ကန်မှုမရှိသော အရောင်များကို မကြာခဏဖြစ်ပေါ်စေပါသည်။ Zenfone 3 ၏ Color Correction ဆင်ဆာမှ အလင်းအမှောင်မြင်ကွင်း များကို ပထမဦးဆုံးအနေဖြင့် ဖြေရှင်းပေးနိုင်ပြီးလျှင် ရိုက်ကူးလိုက်သော ပုံရိပ်များကိုလည်း အလိုအလျောက် ချိန်ညှိပေးခြင်းကြောင့် ပုံရိပ်များမှာ သဘာဝအရောင်အတိုင်းနှင့် ဆီလျော်မှုရှိသောရလဒ်များကို ထွက်ပေါ် လာစေနိုင်ပါသည်။

<4-axis OIS ဖြင့် ဓာတ်ပုံရိုက်ကူးခြင်း>

ဓာတ်ပုံများကိုလက်ကိုင်ဖုန်းများဖြင့် ကိုင်တွယ်ရိုက်ကူးရာတွင် ဖုန်း၏ shutter speeds နှေးကွေးသောကြောင့် မကြာ ခဏဆိုသလိုပင် ပုံရိပ်များမထင်မရှားမှုန်ဝါးစေပါသည်။ Zenfone 3 ၏ optical image stabilization (OIS) စနစ်သည် ၀င်ရိုး (၄)ခုပါသောကြောင့် လက်လှုပ်ရှား ခြင်းနှင့်အရပ် (၈)မျက်နှာသို့ ရွေ့လျားခြင်းကို ကူညီပေးနိုင်ပါသည်။ OIS စနစ်ပါဝင်သော ကြောင့် ရိုက်ကူးရာတွင် လက်လှုပ်သွားခဲ့လျှင်ပင် သိသာထင်ရှားစွာဖြင့် ပုံရိပ်များ မထင်မရှားမှုန်ဝါးခြင်းကို အလွန်နည်းပါး စေပါသည်။ ထို့ အပြင် OIS ကင်မရာနည်းပညာသည်လည်း Zenfone 3 ၏ ဈေးနှုန်းတန်းတူဝန်းကျင်တွင်ရှိသော ဖုန်းများအထဲ တွင် အလွန်မှ ရှားပါးစွာပါဝင်သော ကင်မရာ Feature တစ်ခုဖြစ်သည်။ OIS ကင်မရာ နည်းပညာသည်ပင်လျှင် သာမန်ကင်မရာ များထက် ၃ ဆ Shutter အဖွင့်အပိတ်လျင်မြန်စွာဖြင့် ရိုက်ကူးနိုင်ပါသည်။

<4K အရည်အသွေးဗီဒီယိုရိုက်ကူးခြင်း>

Zenfone 3 သည်အမြင့်ဆုံးအရည်အသွေး 4K (3840 × 2160) ဖြင့် ဗီဒီယိုမှတ်တမ်းများကို ရိုက်ကူးနိုင်ပါသည်။ 4K ဗီဒီယိုသည် ရိုးရိုး Full HD (1920 x 1080) ထက် မယုံနိုင်ဖွယ်ရာပင် ၄ ဆလောက် အရည်အသွေး ပိုမိုကောင်းမွန်ပြီးလျှင် လက်ရှိဈေးကွက်အတွင်းတွင် ရေပန်းစားကာ အကောင်းမွန်ဆုံးသော TVs အရည်အသွေးများနှင့် အရည်အသွေးတူညီ နေခြင်းကိုလည်း ဖုန်း၏အရည်အသွေးအမြင့်ဆုံးဆင်ဆာတစ်ခုအဖြစ် ဖန်တီးပေးပါလိမ့်မည်။

<HDR Pro & Real Time HDR>

HDR Pro Mode တွင် ကင်မရာသည်ဓာတ်ပုံများကို စိစစ်ခွဲခြားနိုင်ပြီးလျှင် အလင်းရောင်ရရှိမှု အားအနည်းဆုံးဖြစ်သော over exposed အပိုင်းတွင် ပင်ပြီးပြည့်စုံသော ပုံရိပ်များကိုဖန်တီးနိုင်ခြင်းနှင့် အလင်းရောင်ကို သာမန်အခြေအနေထက် အဆ ပေါင်း ၄၀၀ တိုးမြှင့်ပေးနိုင်ပါသည်။ ထိုအရာသည် ဓာတ်ပုံများရိုက်ကူးရန်အတွက် အလင်းရောင်ရရှိမှု အကောင်းမွန်ဆုံးနှင့် ပုံရိပ်များကိုရိုက်ကူးသည့်အခါ အလင်းရောင် နောက်ခံထားသောကြောင့် အရိပ်များဖြစ်ပေါ် ခြင်းနှင့်ဆန့်ကျင်ဘက် ဖြစ်ပါသည်။ power graphic processor ၏အကူအညီနှင့်အတူ ဓာတ်ပုံပေါင်းများကို HDR effect ဖြင့် အတူတကွ တစ်ပေါင်းတစ်စည်းဖြင့် တစ်ပြိုက်နည်းတည်း ရိုက်ကူးနိုင်ခြင်းမှာလည်း အခြားစမတ်ဖုန်းများတွင် ပါဝင်သော HDR modes များနှင့်မတူကွဲပြားကာ ZenFone ၏ HDR ဓာတ်ပုံများ၏ ရလဒ်သည် ပြန်လည်ကြည့်သည့်အခါတွင် အပြင်လောက ရှိမြင်ကွင်းကိုဘောင်ခတ်ပြီး ကြည့်နေရသကဲ့ သို့သော ရလဒ်အကျိုး ကျေးဇူးခံစားမှုများကို ရရှိစေပါသည်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...