မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Saturday, May 20

♪ “HTC က စွမ်းဆောင်ရည်မြင့် U11 ကိုမိတ်ဆက်” ♫

Image may contain: phone

HTC က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းအသစ်တစ်လုံးကိုမိတ်ဆက် လိုက်ပါတယ်။ U11 လို့ အမည်ပေးထားပြီးသူ့ရဲ့ ထူးခြားချက်က ဖိအား ကိုအာရုံခံနိုင်တဲ့ ကိုယ်ထည် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ကိုယ်ထည်ကိုညှစ်လိုက်ရင် ဓါတ်ပုံရိုက်ကူးပေးမှာ ဖြစ်ပါတယ်။ ညှစ်ရမယ့် ဖိအားပမာဏကို User က သတ်မှတ်နိုင်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို Edge Sense လို့ အမည်ပေးထားပါတယ်။

HTC U11 ကိုမော်ဒယ်များစွာထုတ်လုပ်ပေးထားပါတယ်။ Snapdragon 835 Chipset , 4GB RAM, 64GB Storage ထည့်ထားတဲ့ မော်ဒယ်ကို အမေရိကန်တွင်ရောင်းချမှာပါ။ အချို့နိုင်ငံများမှာ 6GB/128GB Model ကိုရောင်းချပေးမှာပါ။ U11 မှာ 5.5” QHD Super LCD 5 Display တပ်ဆင်ထားပြီး Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ အနောက်ဘက်မှာ OIS နည်းပညာပါတဲ့ 12MP UltraPixel Camera တပ်ဆင်ထားပြီး 4K Video , Slow Motion Video များကိုရိုက်ကူးနိုင်ပါ တယ်။ အရှေ့ဘက်မှ 16MP Camera က Full HD Video များကိုရိုက်ကူး နိုင်ပါတယ်။ လူများစွာ Selfie Photo ရိုက်နိုင်တဲ့ Selfie Panorama Mode ပါပါတယ်။

Sense Companion App ကိုထည့်သွင်းပေးထားပြီးUser နှစ်သက်တဲ့ အရာများကိုအကြံပြုပေးနိုင်ပါတယ်။ နိုင်ငံအပေါ် မူတည်၍ Google Assistant နဲ့ Amazon Alexa ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များ ထည့်သွင်းပေးထားပါတယ်။ 3D Audio Recording ပြုလုပ်ပေးနိုင်တဲ့ စပီကာ ၄ လုံးတပ်ဆင်ထားပါတယ်။ Hi-Res Audio လက်မှတ်ရထားပြီး BoomSound Hi-Fi Edition အသံစနစ် ထည့်ပေးထားပါတယ်။

ယူရို ၇၄၉ သတ်မှတ်ထားပြီးဒီလထဲမှာရောင်းချမှာ ဖြစ်ပါတယ်။ Amazing Silver, Sapphire Blue, Brilliant Black, Ice White, Solar Red အရောင် များထုတ်လုပ်ပေးထားပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...