မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Mogok

Thursday, May 18

♪ " Huawei Enjoy 7 Plus VS Xiaomi Redmi Note 4X " နှစ်မျိုးရဲ့နှိုင်းယှဉ်ချက်များ ♫

Image may contain: phone

၂ဝ၁၇ ခုနှစ်မှာ ထွက်ရှိထားတဲ့ဖုန်းတွေထဲက အတန်းအစားတူတဲ့ အဆင့်မြင့်စမတ်ဖုန်း 2 လုံးဖြစ်တဲ့ Huawei Enjoy 7 Plus နဲ့ Xiaomi Redmi Note 4X တို့ကို နှိုင်းယှဉ်ပေးချင်ပါတယ်။ ၄င်းဖုန်း 2 လုံးမှာ တူညီတာတွေရှိလို ကွဲပြားတာတွေလည်း ရှိပါတယ်။ ဖုန်း 2 ခုလုံးက 2017 မော်ဒယ်တွေဖြစ်တဲ့အတွက် သူ့ဈေးနှုန်းတွေနဲ့သူထိုက်တန်တဲ့ နောက်ဆုံးပေါ်အဆင့်မြင့် features တွေပါရှိပြီး သုံးစွဲလို့ကောင်းတဲ့ specs တွေကို ထည့်သွင်းထားပါတယ်။ မျက်နှာပြင်စွမ်းအား၊ ကင်မရာစွမ်းရည်၊ ဘက်ထရီအမျိုးအစား၊ Processor စွမ်းအားနဲ့ အထဲမှာ run ထားတဲ့ OS အမျိုးအစားတွေမှာ အဓိကကွာခြားနေပြီး ကျန်တဲ့အပိုင်းတွေမှာတော့ အားလုံးနီးပါး တူညီမှုရှိတာကို တွေ့ရပါတယ်။၊ ၄င်းဖုန်းတွေကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Dual SIM စနစ်တွေ ပါရှိပါတယ်။ ဖုန်း 2 လုံးစလုံးရဲ့ စွမ်းဆောင် ရည်တွေက သိပ်မကွာခြားဘဲ Huawei Enjoy 7 Plus မှာ Non-removable Li-Ion 4000mAh battery ကို Xiaomi Redmi Note 4X မှာ Non-removable Li-Po 4100mAh battery ကို ထည့်သွင်းပေးထားပါတယ်။

** Design **

1. Huawei Enjoy 7 Plus

Huawei Enjoy 7 Plus ရဲ့ အရွယ်အစားက 153.6 x 76.4 x 8.4 mm ရှိပြီး အလေးချိန်က 165g လေးပါတယ်။ ဒီဇိုင်းပုံစံက ရိုးရိုးရှင်းရှင်းလေး တည်ဆောက်ထားပြီး နောက်ကျောဘက်မှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ fingerprint Sensor လည်း ပါရှိပါတယ်။

2. Xiaomi Redmi Note 4X

Xiaomi Redmi Note 4X ရဲ့ အရွယ်အစားကတော့ 151 x 76 x 8.5 mm ရှိပြီး 165g လေးပါတယ်။ ဒါကြောင့် Huawei Enjoy 7 Plus နဲ့ အရွယ် အစားရော အလေးချိန်ပါ သိပ်မကွာခြားသလို နောက်ကျောဘက်မှာ fingerprint Sensor ကို တပ်ဆင်ထားပုံချင်းလည်း အတူတူပါပဲ။

**Processor**

1. Huawei Enjoy 7 Plus

စက်စွမ်းဆောင်ရည်ပိုင်းအတွက် RAM 3GB, 4GB ပါရှိတဲ့ Qual-comm MSM8940 Snapdragon 435 Octa-core 1.4GHz Cortex-A53 processor နဲ့ Adreno 505 GPU တို့ကို ပေါင်းစပ်ဖန်တီးပေးထားတာကြောင့် လုပ်ဆောင်ချက်တွေ တိကျမှန်ကန်မှု ရှိပါတယ်။

2. Xiaomi Redmi Note 4X

Note 4X မှာ Qualcomm MSM8953 Snapdragon 625 Octa-core 2.0GHz Cortex-A53 processor ကို ထည့်သွင်းပေးထားပြီး RAM က 3GB, 4GB ပါရှိပါတယ်။ ဒါကြောင့် စက်စွမ်းဆောင်ရည်ပိုင်းမှာ အနည်းငယ် ပိုမိုကောင်းမွန်ပါတယ်။

**Display**

1. Huawei Enjoy 7 Plus

မျက်နှာပြင်အကျယ် 5.5-inch ရှိပြီး IPS LCD capacitive touch screen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 720 x 1280 pixels ရှိပြီး 1 လက်မ သိပ်သည်းဆ က ~267 ppi pixels ပမာဏ ရှိပါတယ်။

2. Xiaomi Redmi Note 4X

၎င်းက Enjoy 7 Plus နဲ့ display အမျိုးအစားချင်းရော အကျယ်ရော အတူတူပဲ ဖြစ်ပေမယ့် 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအား တွေကို ပြသနိုင်လို့ ရုပ်ထွက်ပိုကောင်းပါတယ်။ ဖုန်း 2 ခုစလုံးမှာတော့ multitouch စနစ်ကို ထောက်ပံ့ပေးထားပါတယ်။

**Verdict**

1. Huawei Enjoy 7 Plus

Huawei Enjoy 7 Plus က သူ့ဈေးနှုန်းနဲ့သူ သုံးစွဲလို့ကောင်းတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ဈေးကွက်ထဲကိုလည်း ပြီးခဲ့တဲ့ ဧပြီလကမှ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ၄င်းကို ရရှိနိုင်တဲ့အရောင် တွေကတော့ ရွှေရောင် 2 မျိုး၊ ငွေရောင်၊ မီးခိုးရောင်၊ အပြာရောင်နဲ့ အမည်းရောင်တို့ပဲ ဖြစ်ပါတယ်။

2. Xiaomi Redmi Note 4X

Xiaomi Redmi Note 4X ကတော့ ဈေးကွက်ထဲကို ပိုမိုစောရောက်ခဲ့ပြီး ဒီဇိုင်းပုံစံဆွဲဆောင်မှုရှိတဲ့ ဖုန်းတစ်လုံးပါပဲ။ Software ပိုင်းရော Hardware ပိုင်းရော အထူးကောင်းမွန်လို့ အသုံးပြုရတာလည်း အလွန် အဆင်ပြေပါတယ်။ ၄င်းကို အမည်းရောင်၊ ရွှေရောင်၊ မီးခိုးရောင်နဲ့ ပန်းရောင်ဆိုပြီး အရောင် 4 မျိုး ထုတ်လုပ်ပေးထားပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...