မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Sunday, May 21

♪ တန်ဖိုးသင့်တင့်ပြီးစွမ်းဆောင်ရည်ကောင်းသော - “KENBO Fly One” Price - 119,800 Ks ♫

Image may contain: phone

ဆန်းသစ်တဲ့ 3D အသံနည်းပညာတွေနဲ့ဖန်တီးထားသော ဂီတသံစဉ်တွေ ကို နားထောင်မိတဲ့အခါမှာ ပုံမှန် နားထောင်နေကြအတိုင်းပဲဖြစ်နေ၍ ထူးခြားမှုမရှိဘူးဟု ခံစားရတာမျိုးကိုကြုံတွေ့ဖူးကြမှာပါ။ ထိုသို့ ဖြစ်ရခြင်း မှာ ပုံမှန် 2D Audio စနစ်ဖုန်းတွေဟာ စစ်မှန်တဲ့ 3D Audio ဂီတသံစဉ် များကို အပြည့်အ၀ထုတ်ဖော်ပေးနိုင်ခြင်း မရှိလို့ဘဲဖြစ်ပါတယ်။

KENBO စမတ်ဖုန်းကထုတ်လုပ်ထားသော Fly One ကတော့ Auro 3D Audio စနစ်ပါဝင်တဲ့အတွက် စစ်မှန်သော 3D ဂီတ သံစဉ်များကို အပြည့်အ၀ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ဂီတ၊ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဗီဒီယို ဂိမ်းများ အတွက် ပိုပြီးအသက်ဝင်စေသော Auro 3D ကို Surround, Height နှင့် Overhead Ceiling ဆိုသော အသံ ၃ လွှာအတိုင်း ပုံစံထုတ်ခဲ့ပြီး လမ်းကြောင်းတစ်ခုတည်းအပေါ်မှာ သွားနိုင်တဲ့အလျားလိုက်အလွှာ တစ်ခုအဖြစ် တည်ဆောက်ပေးထားပါတယ်။

ဖုန်းနဲ့သီချင်းနားထောင်လို သူများအတွက် အရည်အသွေးကောင်းမွန်သော စပီကာနှစ်လုံးတပ်ဆင် ပေးထားလို့ အသံပိုမိုကြည်လင်ပြတ်သားပြီး ပတ်ဝန်းကျင်ကိုပါ အသံ ဖြန့်ကြက် ပေးနိုင်သော Fly One ဖုန်းဖြစ်ပါတယ်။ စတိုင်အသစ်အဆန်းနဲ့ ဖုန်းပြောလိုသူများအတွက် Dual Sensor, Dual Side, Operation စနစ်များ ပါဝင်တာကြောင့် ပုံမှန်အတိုင်းဖုန်းပြောနိုင်သလို ပြောင်းပြန် စတိုင်နဲ့လည်း ဖုန်းပြောနိုင်ပါတယ်။

Fly One ရဲ့ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ဖြစ်ပြီး ရုပ်ထွက်ကြည်လင်ကောင်းမွန်စေရန်အတွက် 720x1280 HD Resolution နဲ့ ထောက်ပံ့ပေးထားပါတယ်။ Quad Core 1.3 GHz CPU နှင့် RAM 2GB ပါဝင်ခြင်းကြောင့် ဖုန်းသုံးတဲ့အခါမှာသွက်လက်မြန်ဆန်တဲ့ ထိတွေ့မှုကိုခံစားရမှာဖြစ်ပြီး အချက်အလက်သိမ်းဆည်းနိုင်မှု အပိုင်းမှာ တော့ 16GB ထောက်ပံ့ပေးထားပါတယ်။ အဓိက,ကင်မရာဟာ 8MP စွမ်းရည်ဖြစ်ပြီး ရှေ့ဘက်ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါ တယ်။ အားသွင်းရမယ့် ဘက်ထရီအမျိုးအစားမှာ 2500mAh ပါ။



<Specifications>

Network - 2G/3G
Memory - 16GB
CPU - Quad Core 1.3GHz
Camera - 8MP
Screen - 5.5inches
OS - Android OS, v6.0
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...