မင်္ဂလာပါခင်ဗျာ :::: ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ::::

Yllix

Saturday, May 20

♪ ဈေးသက်သက်သာသာနဲ့ “Lenovo Phab 1” - Price 139,000 Ks ♫

Image may contain: 1 person, text

နည်းပညာပစ္စည်းသုံးစွဲသူများဟာ အရွယ်အစားသေးငယ်သော ပစ္စည်း များကိုနဂိုတုန်းက နှစ်သက်ခဲ့ကြပေမယ့် အခု အခါမှာတော့ ကြီးမား ကျယ်ပြန့်သော နည်းပညာပစ္စည်းများကို ရွေးချယ်သုံးစွဲလာကြပါတယ်။ သက်ဆိုင်ရာနည်းပညာကုမ္ပဏီ များဟာလည်း သုံးစွဲသူတွေ စိတ်ကြိုက် ဖြစ်စေဖို့အတွက် မျက်နှာပြင်အရွယ်အစားကြီးမားသော စမတ်ဖုန်းများ၊ Phablet များကို ထုတ်လုပ်ရောင်းချလာကြပါတယ်။ 

ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်သူများဟာ နာမည်ကျော်ဖုန်းများကို ထုတ်လုပ်တဲ့အခါတွင် သာမန်အရွယ်အစားဖုန်းတစ်မျိုးနှင့် Plus အမျိုးအစားဖုန်းတို့ကိုပါ ယှဉ်တွဲရောင်းချကြပါတယ်။ ထိုသို့ရောင်းချပေးခြင်းကြောင့် သုံးစွဲသူများ အနေဖြင့် မိမိစိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အချို့သော သူများ ကတော့ အရွယ်အစားကြီးမားသော နည်းပညာပစ္စည်းများကို ကိုင်ဆောင် သုံးစွဲသည့်အခါတွင် ထိခိုက်ပျက်စီးမှုများဖြစ်ခြင်းကြောင့် ၅ လက်မ ၀န်းကျင် မျက်နှာပြင် အရွယ်အစားရှိသော ဖုန်းများကိုသာ အသုံးပြုကြပါ တယ်။ ၇ လက်မ၀န်းကျင်ရှိသောဖုန်းများဟာ ဗီဒီယိုကြည့်ရှုခြင်းနှင့် ဂိမ်း ကစားဖို့အတွက်ကတော့ အဆင်ပြေစေပါတယ်။

နာမည်ကြီးအမှတ်တံဆိပ်တစ်ခုဖြစ်သော Lenovo ဟာလည်း မျက်နှာပြင် အရွယ်အစားကြီးမားသော ဖုန်းများကိုထုတ်လုပ်ပေးထားပါတယ်။ Lenovo ရဲ့ Phab ထုတ်ကုန်ဟာ စီးရီးအလိုက်ရှိပါတယ်။ Phab 1 ဟာ မျက်နှာပြင်အရွယ်အစား 6.98 inches ရှိသောကြောင့် အချို့သောအရွယ် အစားကြီးမားသည့်ဖုန်းများထက် ပိုမို ကြီးမားကျယ်ပြန့်ပါတယ်။ မြင်ကွင်း စွမ်းရည်အပိုင်းတွင် 720x1280 pixels ပမာဏထောက်ပံ့ပေးထားပြီး တစ်လက်မမှာ ရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 210ppi ပါ။ Multi Touch စနစ်တွင် လက်ချောင်းများစွာသုံးစွဲနိုင်ပါမယ်။ ဖုန်း မျက်နှာပြင် အတွက် အသုံးပြုပေးထားသော Touchscreen ကတော့ IPS LCD capacitive touchscreen ပါ။ ဖုန်းကိုယ်ထည်အရွယ်အစား ပမာဏ ဟာ 186x97x 8.9 mm ဖြစ်ကာ အလေးချိန်ကတော့ 250g ရှိပါတယ်။ ဖုန်းရဲ့အဓိက,ကင်မရာကို ဖုန်း၏အနောက် ဘက်ဘေးထောင့်တွင် အ၀ိုင်း ပုံစံ တပ်ဆင်ပေးထားပြီး LED Flash နဲ့ အပေါ်အောက်ယှဉ်တွဲပေးထား ပါတယ်။ အချို့သော Phablet များဟာ WiFi အထောက်အပံ့သာရရှိခြင်း၊ ဆင်းကတ်တစ်ကတ်တည်း သုံးနိုင်ခြင်း စသော စွမ်းရည်များသာ ရှိပါ တယ်။ ယခု Lenovo Phab 1 ကတော့ ဆင်းကတ်နှစ်ကတ်အထောက် အပံ့ ပေးနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဆင်းကတ်များစွာ ကိုင်ဆောင်သုံးစွဲ နေသူများအဆင်ပြေစေမှာဖြစ်ပြီး ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အရွယ်အစားကတော့ Micro SIM ပါ။

ကင်မရာနှစ်မျိုးနှစ်စားတပ်ဆင်ပေးထားပြီး အဓိက,ကင်မရာဟာ 13MP, f/2.2 စွမ်းရည်ရှိပါတယ်။ Dual LED, Dual Tone Flash စနစ်လည်း ထောက်ပံ့ပေးထားပါတယ်။ ရှေ့ကင်မရာငယ်ရဲ့စွမ်းရည်မှာ 5MP ဖြစ်ပါ တယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည် ကတော့ 1080p ဖြစ်ပြီး၊ နှုန်းမှာ တစ်စက္ကန့်ကို 30frames ပါ။ Face Detection, HDR, Panorama စသော ကင်မရာဆက်စပ် ပတ်သက်စနစ်များလည်း ပါရှိပါတယ်။ အသံပိုင်းစနစ် တွင် Dolby Atmos Audio Enhancement နှင့် Active noise cancellation with dedicated mic စနစ်တို့ပါရှိပါတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM မှာ 1GB ပါရှိမှာဖြစ်ပြီး ROM ကတော့ 16GB ပါရှိပါ တယ်။ ထိုပမာဏဟာ အချက်အလက်အများအပြားသိမ်းဆည်းနိုင်ပေမယ့် မှတ်ဥာဏ်ပမာဏတိုးချဲ့ ချင်သူများအနေဖြင့် Card Slot စနစ်ကို သုံးစွဲနိုင် ပါသေးတယ်။ အများဆုံး တိုးချဲ့နိုင်မယ့် မှတ်ဥာဏ်ပမာဏမှာ 64GB ထိဖြစ်ပါ တယ်။


သုံးစွဲနိုင်မယ့် OS အမျိုးအစားကတော့ Lollipop ပါ။ ထည့်သွင်းပေးထားသော Chipset ကတော့ Qualcomm Snapdragon 410 အမျိုးအစားဖြစ်ပြီး GPU မှာ Adreno 306 ဖြစ်ပါတယ်။ CPU စွမ်းရည်မှာ Quad core 1.2GHz Cortex A53 ဖြစ်ခြင်းကြောင့် အသုံးပြု သည့်အခါတွင် လျင်မြန်သော တုံ့ပြန်မှုမျိုးရရှိပါလိမ့်မယ်။ Bluetooth Version မှာ 4.0 ပါ။ Sensor စနစ်များစွာလည်း ပါရှိပြီး အားသွင်း အသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ Li-Po 4250mAh ဖြစ်ပါ တယ်။ ထိုဘက်ထရီ ဟာ 3G Network တွင် အသင့်အနေအထား၌ ၄၈၀ နာရီနီးပါးနှင့် စကားပြောဆိုဖို့ ၂၄ နာရီနီးပါး ခံနိုင်စွမ်းရှိပါမယ်။ Lenovo ဟာ Phab 1 ကို အရောင် အမျိုးအစားများစွာလည်း ထုတ်လုပ်ရောင်းချ ပေးထားပါတယ်။ Phab 1 ရဲ့ ဈေးနှုန်းတန်ဖိုးကတော့ ၁၃၉,၀၀၀/- ကျပ် ၀န်းကျင်ရှိပါတယ်။

Phab 2 ကို ၂၀၁၆ ခုနှစ်၊ ဇွန်လက ထုတ်လုပ်မိတ်ဆက်ပေးထားခြင်း ဖြစ်ပြီး မျက်နှာပြင် အရွယ်အစားကတော့ 6.4 inches သာရှိပါမယ်။ ကင်မရာပိုင်းတွင်လည်း 13MP နှင့် 5MP စွမ်းရည်ရှိသော ကင်မရာ နှစ်မျိုးနှစ်စား ပါရှိပါမယ်။ မှတ်ဥာဏ်ပမာဏအပိုင်းကတော့ မြင့်မားလာပါ တယ်။ RAM ဟာ 3GB ဖြစ်လာပြီး Internal Storage ကတော့ 32GB ၀င်ဆံ့ပါတယ်။ ဒ့ါအပြင် Card Slot စနစ်ထောက်ပံ့ပေးထားခြင်းကြောင့် SD Card ဖြင့် မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲနိုင်ပါသေးတယ်။ သုံးစွဲနိုင်မယ့် OS Version ကတော့ Marshmallow ပါ။ Chipset ကတော့ MediaTek MT8735 ဖြစ်ပြီး CPU စွမ်းရည်မှာ Quad Core 1.3GHz ဖြစ်ပါ တယ်။ ဘက်ထရီအမျိုးအစားကတော့ Li-Ion 4050mAh ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...